NEWS

လုံခြုံရေးစိုးရိမ်ရသဖြင့် အလုပ်ရှင်ထံ အသနားခံစာတင်ပြီး ခွင့်ယူသည့် မြန်မာလုပ်သား ၂၃ဦး အလုပ်ထုတ်ခံရ

CoverLogo
188 Views
 
ထိုင်းနိုင်ငံ စမွတ်ပရာကန် တွင် ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံသားအချို့နဲ့ မြန်မာနိုင်ငံသားအချို့ ကြား ဖြစ်ပွာခဲ့သည့် ပဋိပက္ခအရှိန်ကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ အတွက် အလုပ်ရှင်သူဌေးထံ အသနားခံကာ ခွင့်ယူခဲ့ကျတဲ့ မြန်မာလုပ်သား ၂၃ဦးကို အလုပ်ရှင်မှ အလုပ်ထုတ်ပယ်လိုက်တယ်လို့ ၎င်းကိစ္စကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်နေ့ မှာ စမွတ်ပရာကန် ရှိ မြန်မာလုပ်သားများ နေထိုင်ရာနေရာ အချို့ကို ထိုင်းနိုင်ငံသား အချို့ လာရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တဲ့ အတွက် ၎င်းနေရာ ရှိ အွန်လိုင်းလုပ်ငန်း တစ်ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား ၂၃ဦးဟာ လုပ်ငန်းရှင်သူဌေးထံ၌ အလုပ်နားရန်အတွက် အကျိုးကြောင်းပြောပြပြီး အသနားခံကာ ခွင့်ယူခဲ့ကြတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် နောက်တနေ့အလုပ်ပြန်ဆင်းတဲ့ အခါတွင် အလုပ်ရှင်က ၎င်း လုပ်သားတွေကို နားလည်မပေးဘဲ အလုပ်မှ ရုတ်တရက် ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။
 
အခုလို မတရား အလုပ်မှ ထုတ်ပယ်လိုက်တဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ အခက်ခဲ တွေ့ကြုံခဲ့ရ ပြီး 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ထံလာရောက်အကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
MHAC မဟာမိတ်အဖွဲ့အနေနဲ့ ဖေဖေါ်ဝါရီ ၄ရက်မှာ နစ်နာသူမြန်မာလုပ်သားများနှင့်တွေ့ဆုံပြီး အလုပ်သမားတွေ အတွက် အလုပ်သမားဥပဒေ အတိုင်း ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေရဖို့ သက်ဆိုင်ရာ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားဆောင်ရွက်ခဲ့တယ်လို့ MHACမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026