NEWS

လုံခြုံ​ရေးကုမ္ပဏီက အလုပ်သမားအား ဖမ်းချုပ် ငွေညှစ်ရန်ကြိုးပမ်း

CoverLogo
448 Views

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ယာ စကားဝါလမ်း အမှတ်-  တွင် တည်ရှိသော Nyein Hsu Latt Security ကုမ္ပဏီက အလုပ်သမားကိုဖမ်းဆီးငွေညှစ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့အလုပ်သမားနှစ်ဦးဟာ  လုံခြုံရေးရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ Hang Tai Myanmar Co,ltd တွင် လုံခြုံရေးတာဝန်ဖြင့်အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ယခု စက်တင်ဘာလ ၆ရက်နေ့မှာ Hang Tai Myanmar စက်ရုံမှပစ္စည်းများ ပျောက်ဆုံးသွားသဖြင့် စက်ရုံတာဝန်ရှိသူက လုံခြုံရေး ခေါင်းဆောင်အား ပစ္စည်းပျောက်ဆုံးခြင်းများဖြစ်နေခြင်းကြောင့် Nyein Hsu Latt Security Coltd နှင့် ဆက်လက်အလုပ်မလုပ်တော့ကြောင်းပြောဆိုကာ  ပျောက်ရှခဲ့တဲ့ ပစ္စည်းများအား တာဝန်ယူခိုင်းခဲ့ပြီး စက်တင်ဘာ ၈ ရက်နေ့မှာတော့  ထိုစက်ရုံမှ လုံခြုံရေးဝန်ထမ်း နှစ်ဦးအပါအဝင် လုံခြုံရေး ဝန်ထမ်း ၁၈ ဦးခန့် ပစ္စည်းပျောက်သည့်အတွက်  အလုပ်ရပ်နားခဲ့တယ်လို့သိရပါတယ်။ 

အဲ့ဒီနောက် စက်တင်ဘာ ၁၂ရက်နေ့မှာတော့ Nyein Hsu Latt Security ကုမ္ပဏီကဝန်ထမ်းနှစ်ဦးလုံး အဆက်အသွယ်မရဘဲ  ပျောက်သွားခဲ့လို့  မိသားစုဝင်များမှ စုံစမ်းမေးမြန်းရာ Nyein Hsu Latt Security Col,td မှ လုံခြုံရေးခေါင်းဆောင်မှ လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"၁၅သိန်းဆီတောင်းတာ ပေးမှပြန်လွှတ်မယ်ပေါ့။ တရားစွဲဖို့တွေလုပ်မယ်စီစဉ်မယ်တော့မှ ၂၃ရက်နေ့ညက ၁၁နာရီခွဲက ပြန်လွှတ်ပေးတာ။ ၁၅သိန်းစီတော့မပေးခဲ့ရဘူး" လို့ အလုပ်သမားကိုကူညီပေးသူပြောကြားချက်အရမှ သိရပါတယ်။ 

အဆိုပါအလုပ်သမားနှစ်ယောက်ကို မေးမြန်းစရာ အကြောင်းရှိသဖြင့် လုံခြုံရေးအေဂျင်စီရုံးချုပ်တွင် ခေါ်ထားကြောင်းပြောခဲ့ပြီး စက်တင်ဘာ ၁၂ရက်မှ စက်တင်ဘာ၂၃ရက်အထိ ဖမ်းချုပ်ထားပြီး နေအိမ်သို့ ပြန်လွှတ်မပေးဘဲ မိသားစုဝင်များအားက တဦးလျင် ​ငွေကျပ် ၁၅ သိန်းပေးမှ ပြန်လွှတ်ပေးမည်ဟု ပြောဆိုလာတဲ့အတွက် ကာယကံရှင်မိသားစုဝင်များမှ STUM ရုံးသို့ အကူအညီတောင်းခံခဲ့ရတယ်လို့သိရပါတယ်။ 

Nyein Hsu Latt Security Co,ltd က လုံခြုံရေး အလုပ်သမားနှစ်ဦးအား မတရားချုပ်နှောင်ထားပြီး ငွေကြေးတောင်းခံနေတဲ့အတွက် မိသားစုဝင်များမှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန်ဆောင်ရွက်စဥ် စက်တင်ဘာ ၂၃ရက်ညလယ် ၁၁:၃၀ တွင် လုံခြုံရေး ကုမ္ပဏီ မှ ဖမ်းခေါ်ထားသော ဝန်ထမ်း၂ ဦးအား ရွှေပြည်သာ စခန်းတွင် ကာယကံရှင် မိသားစု ထံသို့ စခန်းမှူးရှေ့၌ပင် ပြန်လည်အပ်နှံခဲ့ရတယ်လို့သိရပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026