NEWS

လုယက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရွှေလုပ်ငန်းရှင်များ ကိုသတိပေး

CoverLogo
242 Views
 
ရွှေလုပ်ငန်းရှင်တွေလုယက်ခံရတဲ့အန္တရာယ်ကနေကာကွယ်နိုင်ဖို့ကြိုတင်ပြင်ဆင်တာတွေလုပ်ဆောင်ကြဖို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကအောက်တိုဘာလ(၂၂)မှာသတိပေးစာထုတ်ပြန်ပါတယ်။
 
အောက်တိုဘာလ(၂၁)ရက်မှာရန်ကုန်တိုင်းတွင် ရွှေ ၅ ပိဿာခန့် လုယက်ခံရပြီးနောက်မှာဒီလိုသတိပေးစာထုတ်ပြန်လာတာပဲဖြစ်ပါတယ်။
 
ထုတ်ပြန်ချက်မှာတော့ရန်ကုန်တိုင်းတွင်းကရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ဆိုင်တွင်CCTVတွေတပ်ဆင်ထားတဲ့အတိုင်းနေထိုင်တဲ့အိမ်နေရာပတိဝန်းကျင်နဲ့ကားပါကင်တွေမှာလည်းCCTVနဲ့ အရေးပေါ် Alarm Bellတပ်ဆင်တာတွေ လုပ်ဆောင်ဖို့ပါရှိပါတယ်။
ဒါ့အပြင်ရွှေ၊ ငွေသယ်ဆောင်တဲ့ကားတွေမှာလည်း camera တပ်ဆင်တာ၊ GPS စနစ်တွေ ထားရှိတာတွေကိုလည်း စနစ်တကျ ကြိုတင်ပြင်ဆင်ဖို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 
"လုံခြုံရေးက စက်ပိုင်းရော၊ လူအင်အားကော မျှသုံးတယ်။ နောက်အမြင်ပိုင်းတော့အဆင်မပြေပေမယ့်အပြင်တံခါး(သံတံခါး‌)ကိုအမြဲ‌စေ့ထားတယ်။ဝယ်သူ၊ ရောင်းသူလာရင်ထဖွင့်ပေးတယ်။အခုခေတ်ကလုံခြုံရေးကပေါ့လို့တော့မရဘူး။‌တစ်ဖက်ကလည်းကာစတန်မာကိုလည်း ကိုယ်ကဆိုင်မပိတ်ထားတာကိုအသိပေးဖို့လည်းလိုတယ်"လို့ရွှေပြည်သာမြို့နယ်တွင်းကရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလူတစ်ဦးချင်းလုယက်ခံရတာတွေအပြင်နေအိမ်တွေအနုကြမ်းစီးခံရတာ၊ ဘဏ်၊ ရွှေဆိုင်စတာတွေပါလုယက်ခံရတာတွေမကြာခဏဖြစ်ပေါ်နေပါတယ်။

Related posts

Cover
Myanto စက်ရုံမှာ သိန်း ၂ ထောင် ပျောက်ဆုံးတယ်ဟုဆိုကာ စစ်တပ်ခေါ် စစ်ဆေးပြီး အလုပ်သမားအချို့ကို တရားစွဲဆို
Oct 17, 2025
Cover
စက်ရုံဖယ်ရီ အရှိန်လွန်ဝင်တိုက်ပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သား ၁ ဦးနှင့်ဒဏ်ရာရ ၃ ဦးအတွက်နစ်နာကြေးရရှိရေးဆောင်ရွက်နေ
Oct 17, 2025
Cover
LC Waikiki ချုပ် Sheng Jie စက်ရုံ အလုပ်သမားများ ဖိနှိပ်ခံရ
Oct 17, 2025
Cover
ဒီပါဝလီပွဲတော်နေ့ ကို တရားဝင်အလုပ်ပိတ်ရက် ဖြစ်ကြောင်း အသိပေးကြေညာထား
Oct 16, 2025
Cover
GTIG HUBO စက်ရုံတွင် အထည်စံချိန်မပြည့်ပါက ညလုံးပေါက် အချိန်ပို ဆင်းခိုင်း
Oct 16, 2025
Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ် (ရုပ်သံသတင်း)
Oct 15, 2025
Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ်
Oct 15, 2025
Cover
ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ
Oct 14, 2025