NEWS

လုပ်အားခမပေးဘဲ အလုပ်ထုတ်ခံရသည့် ကားအပို ပစ္စည်းစက်ရုံ မှ မြန်မာအလုပ်သမားများ လုပ်အားခ ပြန်ရ

CoverLogo
553 Views
 
ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ကားအပိုပစ္စည်းထုတ်စက်ရုံမှလုပ်အားခတစ်လစာ မရရှိဘဲ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၈ ဦး ရသင့်တဲ့ လုပ်ခလစာ ပြန်လည်ရရှိပြီ ဖြစ်တယ်လို့ M.H.A.Cအလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
အခုလို လုပ်ခလစာပြန်လည်ရရှိဖို့ အတွက် 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန) နဲ့ 𝐌.𝐇.𝐀.𝐂(အလုပ်သမားမဟာမိတ်အဖွဲ့) မှ ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ကားအပိုပစ္စည်း စက်ရုံ မှ မြန်မာလုပ်သား ၁၈ ဦး ကို ပြီးခဲ့တဲ့ မေလ၂၀ရက်နေ့ မှာ လုပ်ခလစာ တစ်လစာ မပေးတဲ့ အပြင် အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေ ဟာ ၎င်းစက်ရုံ မှာ လုပ်သက် တစ်နှစ်ကျော် ရှိသူတွေဖြစ်ကာ လုပ်ခ တစ်လစာကိုပါ စက်ရုံပိုင်ရှင် ဖြစ်သူက မပေးတဲ့ အတွက် 𝐌.𝐇.𝐀.𝐂(အလုပ်သမားမဟာမိတ်အဖွဲ့)ထံအကူညီတောင်းခံခဲ့ပြီး နစ်နာသူအလုပ်သမားတွေနဲ့ အတူ နယ်မြေခံအလုပ်သမားရုံး မှာ မေလ ၂၆ရက်က တိုင်ကြားခဲ့ပါတယ်။
 
အခုလို တိုင်ကြားလိုက်တဲ့ အတွက် ဇွန်လ ၁၀ ရက်နေ့မှာ စက်ရုံဘက်မှ လုပ်သား ၁၈ ဦး ရရှိမယ့် လုပ်ခတစ်လစာ စုစုပေါင်း ဘတ်၃သိန်း ကို နယ်မြေခံ ဆဝါဒီကန် ရုံးမှာပြန် ပေးခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ လုပ်သက်အလိုက် ခံစားခွင့်ကိုတော့ ဆဝါဒီကန်ရုံးမှ တစ်လအတွင်းပြန်လည်အကြောင်းကြားမယ်လို့ အာမခံပြောကြားခဲ့ကြောင်း သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်းရှိ စက်ရုံ အလုပ်ရုံ တွေ မှာ မြန်မာရွှေ့ပြောင်းလုပ်သား တွေကို လုပ်ခလစာမပေးဘဲ ဥပဒေမဲ့ အလုပ်ထုတ်ပယ်မှု တွေ မကြာခဏ ဖြစ်နေ တဲ့ အတွက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အနေနဲ့ လုပ်သားအခွင့်အရေးချိုးဖောက်ခံရပါက 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန)အပါအဝင် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားရေးကူညီသူတွေထံ အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026