NEWS

လုပ်အားခပုံမှန်မရသည့် လုပ်သား၂၀ဦး တိုင်ကြားပြီးနောက် လုပ်အားခနှင့်နစ်နာကြေး ဘတ်ငါးသိန်းခန့်ပြန်လည်ရရှိ

CoverLogo
217 Views
 
 
ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ် မဟာချိုင်မြို့နယ် ဘန်ဘော် ၃ ရပ်ကွက် ထိုင်းတရုတ်ဆောက်လုပ်ရေးအချောထည်အတွင်းအပြင် အလှဆင်ပေးနေတဲ့ကုမ္ပဏီမှ လုပ်သား(၂၀ )ဦးသည်လုပ်အားခများပုံမှန်မရရှိသည့်အတွက် AAC မဟာမိတ်အဖွဲ့မှ သက်ဆိုင်ရာထိုင်းအစိုးရ အာဏာပိုင်များကိုအမှုဖွင့်တိုင်ကြားခဲ့ရာ လုပ်ငန်းရှင်မှ လုပ်အားခနှင့်နစ်နာကြေး ဘတ်ငါးသိန်းခန့် ပေးအပ်ခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှသိရပါတယ်။
 
AAC မဟာမိတ်အဖွဲ့မှ အလုပ်သမားများလုပ်အားခပုံမှန်မရခြင်းအတွက်ဆောက်လုပ်ရေး ကုမ္ပဏီကိုအမှုဖွင့်တိုင်ကြားခဲ့ရာ ရက်ပေါင်းငါးဆယ်အကြာမှာ အလုပ်ရှင်မှ နယ်မြေခံ အလုပ်သမားအကာအကွယ်ပေးရုံးသို့လုပ်အားခနှင့်နစ်နာကြေးများကိုလာပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"အလုပ်သမားတွေကနှစ်ကြီးသမားတွေဘဲ။မန်နေဂျာပြောင်းသွားချိန်သုံးနှစ်လောက်ရှိပြီ။လုပ်အားခပုံမှန်မပေးဘူး ။စားဖို့သောက်ဖို့ဘဲပေးတယ်။အဲ့ကနေ ဒီလစာကိုနောက်လမှပေးတယ်နောက်လစာကိုနောက်လမှပေးရင်းက ပြီးခဲ့တဲ့သုံးလလောက်ကကျတော့လုံးဝကိုမပေးတော့တာ။ကလေးတွက ကျွန်တော်တို့ AAC အဖွဲ့ကိုအကူအညီတောင်းလာတော့သက်ဆိုင်ရာနယ်မြေခံ ရုံးတွေကို ဒီအလုပ်သမားတွေဒီလိုအခက်အခဲဖြစ်ပါတယ်သွားတိုင်လိုက်တာ။အမှုကိုလက်ခံပြီးတရားစွဲခဲ့တာ ရက်ခြောက်ဆယ်ဆိုသူကတရားရုံးတက်ရတော့မှာလေ။အခုရက်ငါးဆယ်မှာလုပ်အားခကိုသူလာပြီးရှင်းသွားတာပါ" လို့ AACမ ဟာမိတ်အဖွဲ့ဒါရိုက်တာဦးခိုင်ကြီး ကပြောပါတယ်။
 
အလုပ်သမားများအနေဖြင့် အလုပ်လုပ်ခပုံမှန်မရရှိခြင်းများ လုပ်အားခမရရှိခြင်းများအတွက် AAC မဟာမိတ်ရုံဖုန်း 0853415611၊0813066679၊0948879992၊0661593331 ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှသိရပါတယ်။

Related posts

Cover
ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း
Feb 24, 2026
Cover
ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်
Feb 24, 2026
Cover
ထိုင်းရောက် CDM ဝန်ထမ်းများကို CI စာအုပ် ထုတ်မပေး
Feb 24, 2026
Cover
လမ်းလျှောက်နေစဉ် ကားဖြင့် တိုက်ခံရပြီး ဆုံးပါးသွားသည့် မြန်မာလုပ်သား အတွက် နစ်နာကြေး ဘတ်၁သန်းရရှိ
Feb 24, 2026
Cover
ဂျပန်သို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဆိုကာ ငွေလိမ်သွားသူကို ထိုင်းမှာပြန်တွေ့၍ မြန်မာသံရုံးသို့ တိုင်ကြားပြီး ငွေပြန်တောင်း
Feb 23, 2026
Cover
ဘန်ကောက်တွင် ဆေးစစ်ပြီး ပြန်လာသည့် မြန်မာလုပ်သားများစီးလာသည့် ကားမှောက်၊ မြန်မာလုပ်သားများ အပါ ၉ ဦး ဒဏ်ရာရ
Feb 23, 2026
Cover
မလေးရှားသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၂၅ဦး အဖမ်းခံရ
Feb 23, 2026
Cover
ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်အတွက် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးကာလ မတ်လအထိ ရက်တိုးမြှင့်ပေး
Feb 21, 2026