NEWS

လုပ်အားခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ MYANMAR LUXURY အလုပ်သမားတွေ ဒေးကြေး ၅၃၀၀ ကျပ်ပေးရန် သဘောတူညီမှုရ

CoverLogo
2.4K Views

ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အပေါ် လက်ရှိ အလုပ်လုပ်လို့ ရနေတဲ့ ဝင်ငွေနဲ့ လောက်ငှမှုမရှိတော့လို့ ခေတ်နဲ့အညီသင့်တော်တဲ့ လုပ်အားခ တိုးမြှင့်ပေးဖို့ အထည်ချုပ်အလုပ်သမား ၈၀၀ ကျော်ဟာ ဩဂုတ် ၂၉ ရက်နေ့ ကစပြီး လုပ်ငန်းခွင်အတွင်း အလုပ်ရပ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် ၁ စက်မှုပဒေသာလမ်းမှာ ဖွင့်လှစ်ထားတဲ့  Myanmar Luxury Group Company အထည်ချုပ်လုပ်ငန်း က လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။ အဆိုပါ စက်ရုံမှာ STRAUSS, STRADIVARIUS, earth  အစရှိတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

"နောက်ဆုံးအခြေအနေက သူတို့ပေးတဲ့ ၁ သောင်းခွဲကိုလက်ခံတယ် ဒါပေမယ့် ဒေးကြေးထဲကိုထည့်ခိုင်းထားတာပေါ့နော်။ဒေးကြေးထဲကိုထည့်လိုက်တော့ အိုတီထဲတော့တိုးသွားတာပေါ့ အစက ဒေးကြေးက ၄၈၀၀ လေ သူတို့ပေးနိုင်တဲ့ ၁၅၀၀၀ ကို ၁ ရက် ၅၀၀ နှုန်းပေါင်းဖို့ တောင်းဆိုလိုက်တော့  ဒေးကြေးက ၄၈၀၀ + ၅၀၀ =၅၃၀၀ ဖြစ်သွားတာပေါ့။၅၃၀၀ ဖြစ်သွားတဲ့အတွက် အိုတီကြေးက ၁၃၂၅ ကျပ်ဖြစ်သွားတာပေါ့။ဒေးကြေးတက်ရင် အိုတီကြေးက အော်တိုတက်သွားတာပေါ့။ အလုပ်သမားတွေက ၂၀၀၀၀ တောင်းတာ မရတဲ့အတွက် နည်းနည်းတော့ အဆင်မပြေဘူးပေါ့ အလုပ်သမားက လည်းများတဲ့အတွက် ရေရှည်ကိုကြည့်ပြီးတော့ လက်ခံလိုက်တာပေါ့နော် ဒါပေမယ့်စိတ်ထဲမှာတော့ ကျေနပ်မှု မရှိဘူး" လို့ အဆိုပါစက်ရုံမှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်သမားဦးရေ ၈၀၀ ကျော်ရှိတဲ့ လုပ်ငန်းခွင်ထဲမှာ နေ့စားသမာတွေလည်း ရှိတာကြောင့် နေ့စားသမားတွေအတွက်ပါ ညှိနှိုင်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"၈၀၀ ကျော်ထဲမှာနေ့စားရော လစားရောပါတယ်။ ၁ ရက်နေ့လောက်ထဲက နေ့စားတွေကို အလုပ်ရပ်ခိုင်းထားတာ ညှိပြီးတော့ မှ သူတို့ကိုပြန်ခေါ်လိုက်တာ နေ့စားတွေကိုကျ ၃၆၀၀ နဲ့ရှင်းပေးတာလေ အလုပ်သမားတွေက ၄၈၀၀ ရှင်းပေးဖို့ ပြောတာဆိုတော့ နေ့စားတွေ ၃ လပြည့်ရင် ၅၃၀၀ ထဲထည့်ပေးဖို့ လက်ခံတယ်တော့ပြောတယ်။အလုပ်သမားနဲ့အလုပ်ရှင် သဘောတူညီမှုတော့ယူထားတယ် နေ့စားမှာ လနည်းတဲ့ များတဲ့သူရှိတယ် လများတဲ့သူတွေကို ဦးစားပေးပြီးတော့ လစားထဲပြောင်းပေးဖို့ နားလည်မှုယူထားတယ်။ " လို့ အလုပ်သမားတစ်ဦး ကပြောဆိုပါတယ်။

လက်ရှိမှာတော့ အခြေခံလုပ်အားခဖြစ်တဲ့ ဒေးကြေးကို ၅၃၀၀ ကျပ်အထိ တိုးမြှင့်ပေးသွားဖို့ရှိပြီး အစိုးရမှ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးပါက သတ်မှတ်ချက်အတိုင်းပေးချေသွားဖို့လည်း သဘောတူညီထားတယ်လို့ သိရပါတယ်။

"စာချုပ်တော့ချုပ်ပြီးသွားပြီ။ ဒေးကြေး ၄၈၀၀ ကနေ တောင်းဆိုတဲ့အတွက်ကြောင့် ၅၃၀၀ ဖြစ်သွားတယ်ဆိုတာပေါ့ တကယ်လို့ အစိုးရက ပြောင်းပေးတာမျိုးရှိတယ်ဆိုရင် တောင်းဆိုထားတဲ့ ၅၃၀၀ ကို ထပ်ပေါင်းပေးတာမျိုးလုပ်ပေးမယ် ပေါ့ အဲ့လိုမျိုးတော့ စကားခံထားတာပေါ့။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ညနေ ၄ နာရီကနေ စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီထိ လုပ်ငန်းခွင်ထဲမှာ အလုပ်ရပ်နားကာ တောင်းဆိုခဲ့တာဖြစ်ပြီး ၇ ရက်တာ လုပ်ငန်းရပ်နားခဲ့စဉ်က အလုပ်မလုပ်ခဲ့တဲ့အတွက် ဩဂုတ်  ၃၀ နဲ့ ၃၁ ရက်နေ့မှာ ဒေးကြေးနဲ့ ရက်မှန်ကြေးတွေ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

"ဒေးကြေး ကျွမ်းကျင်ကြေး( အထည်ကြေး) ဖြတ်ထားတယ်။ စက်ရုံမှာလည်းစာကပ်ထားတယ် အလုပ်လုပ်ရင် ပိုက်ဆံရမယ် အလုပ်မလုပ်ရင် ပိုက်ဆံမရဘူးဆိုပြီးတော့  အလုပ်မလုပ်တဲ့အတွက် မပေးဘူးပေါ့ ။ အဲ့ဒါတွေလည်း တရုံလုံးကို ဖြတ်တောက်ထားပါတယ်။ "အခုထိတော့ ဖြတ်တောက်ခံထားရတဲ့ ပိုက်ဆံတွေကို ပြန်မရသေးပါဘူး။ ဘောဖြုတ်ထားတယ် ( ဒေးကြေး ၊ရက်မှန်ကြေး) ကိုတွေက လုပ်ငန်းခွင်ဝင်ထားတဲ့လူတွေကို ရက်မှန်ကြေးထည့်ပေးဖို့တောင်းဆိုထားတာကို သူတို့ဘက်က ပေးမယ်လို့တော့ ပြောတယ်။လို့ လုပ်သက် ၅ နှစ်ရှိ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယခုလို လုပ်အားခ တိုးမြှင့်ပေးခြင်းဟာ အလုပ်သမားများ၏ လူနေ့မှူစရိတ်ကြီးမြင့်ခြင်းအပေါ်အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းကာ အလုပ်သမားများဘဝ ဖူလုံလောက်ငှရေးအတွက် စက်ရုံဘက်မှ ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ အလုပ်ရှင် အလုပ်သမားသဘောတူညီချက်မှာထည့်သွင်းဖော်ပြထားပါတယ်။

ကျွမ်းကျင် လုပ်သား တစ်ယောက်အနေနဲ့ လက်ရှိမှာ ဒေးကြေး ၄၈၀၀ အပါအဝင် ကျွမ်းကျင်ကြေး အချိန်ပို ကြေးများရရှိပြီး တစ်လလျှင် စုစုပေါင်း ၂၅၀၀၀၀ ခန့်ရရှိတာဖြစ်ပြီး လက်ရှိ ကုန်ဈေးနှုန်းက ၃ ဆနီးပါးတက်သွားလို့ အခြေခံအလုပ်သမားတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်လာတာကြောင့် အခြေခံလုပ်အားခ တိုးမြှင့်ပေးဖို့အတွက် ပထမဆုံး လုပ်ငန်းခွင်ရပ်နားပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

 

 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026