NEWS

လုပ်သား ၄၀၀၀ ကျော်အလုပ်အကိုင်ရမည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အသစ် ၁၉ ခုကို စစ်ကော်မရှင်ခွင့်ပြု

CoverLogo
355 Views
 
ပြည်တွင်း လုပ်သား ၄၀၀၀ ကျော် အလုပ်အကိုင်ရရှိမယ့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ် ၁၉ ခု ကို စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က စက်တင်ဘာ၂၆ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။
 
စက်မှုကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၄ ခုနဲ့ စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခုတို့ကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
 
၎င်းလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဟာ အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၆၂၆ သန်း၊ ငွေကျပ် ၄၁၇၅၄၂ ဒသမ ၁၂ သန်းဖြစ်ပြီး လုပ်သား ၄၄၄၆ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။
 
ခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းသစ်တွေထဲမှာ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းတွေအပြင် အထည်ချုပ်လုပ်ငန်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။
 
၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု ထဲမှ စင်္ကာပူ ၊တရုတ်နဲ့ ထိုင်းနိုင်ငံ တို့ဟာ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေ မှာ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၄ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၄ ဒသမ ၅၈ ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။
 

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026