NEWS

လုပ်သက်နှစ်၂၀ကြာ အလုပ်သမားကို အလုပ်ထုတ်တဲ့ Pepsi ကို အလုပ်သမားကတရားစွဲရန်ပြင်ဆင်

CoverLogo
780 Views

မှော်ဘီကပက်စီအချိုရည်စက်ရုံမှာ အနှစ် ၂၀ အထိ အလုပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားကိုအသက် အရွယ် ကြီးရင့်မှုကြောင့် အလုပ်ထုတ်ခဲ့လို့ အဆိုပါအလုပ်သမားကစတင်တရားဆွဲဆိုတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“  ဦးသောင်းဟန်အမှုကို  မနက်ဖန်ဆွဲရင်ဆွဲမဆွဲရင် သန်ဘက်ခါဆွဲမှာ။ မှော်ဘီမှာ။ ခရိုင်မှာဆွဲမယ်ပြောတယ် ဘယ်လိုလုပ်ဖြစ်သွားမယ်တော့ မသိသေးဘူး။ အကုန်ပြင်ဆင်ပြီးပြီ။  နိုတြီပြန်တာ  အီးမေးပို့တာတွေအကုန် လုပ်ပြီးသွားပြီ။ ရှေ့နေတွေနဲ့လည်း အဆင့်သင့်ဖြစ်နေပြီ”လို့ အဆိုပါအလုပ်သမားတရားစွဲဆိုမှုကို ကူညီဆောင် ရွက်ပေးနေသူကဆိုပါတယ်။

အလုပ်သမားဦးသောင်းဟန်ဟာ  ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး  ၂၀၂၂ရက် နို၀င်ဘာလက အလညသို့တိုင်ကြားခဲ့ရာ   မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖြန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့်  အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ  ပြေလည်မှုမရှိခဲ့တာကြောင့်  ဦးစီးမှုးကနစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ရမှာကို အချိန်ဆွဲကာနစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“Pepsi ကသူကဦးသောင်းဟန်ကိုအလုပ်ထုတ်တာ။ သူကအသက်ကြီးနေပြီဆိုတော့ အလုပ်ထုတ်ချင်တာ ကို EC နဲ့မငြိတဲ့ဟာတွေကိုပြပြီးထုတ်လိုက်တာ။ အီးစီနဲ့မသက်ဆိုင်ဘဲထုတ်လိုက်တော့ အလညကိုသွား တော့  အလညက အီးစီနဲ့မငြိဘူး ဒါကအကျိုးစီးပွားဆိုင်ရာဆိုပြီး  မြို့နယ်ညှိဖြန်ကိုပြန်လွှဲတယ်။ မြို့နယ်ညှိ ဖြန်ကိုသွားတော့ ခုံသမာဓိမှာလည်း ဒါကအကျိုးစီးပွားဆိုပြီးပြန်ချတယ်။ ခုံကောင်စီရောက်တော့လည်း အကျိုးစီးပွားဆိုပြီး အလညကို ပြန်လွှဲပြန်တယ်။ လွှဲတော့ခုံကောင်စီမှာ ၀န်ကြီးဌာနကိုယ်စားလှယ်က ပက်စီမှတာ၀န်ထမ်းဆောင်ခဲ့ဖူးတော့ ဒါကတရားမျှတမှုမရဘဲ အီးစီနဲ့ပြန်လွှဲတော့ ပုံမှန်ဆို နစ်နာသူက တရားစွဲဆိုစေဆိုပြီး စာထုတ်ရမှာကို မထုတ်ဘဲဥပဒေမှာမပါတဲ့ တိုင်းအဖွဲ့ကိုပေါင်းစပ်ညှိနှိုင်းဆိုပြီး၀န်ကြီး ကပြောတယ်” လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားက လုပ်သက်အနှစ်နှစ်ဆယ်အထိလုပ်ကိုင်ခဲ့တာကြောင့်  အသက်ကြီးလို့အလုပ်ထုတ်မယ် ဆိုပါက နစ်နာကြေးသိန်း၅၀နဲ့လေးသောင်းရရမှာဖြစ်ပြီး  သိန်း ၄၀ ဖြင့် ညှိနှိုင်းသော်လည်း လုပ်ငန်းရှင်ကမပေးဘဲ အချိန်ကြာမြင့်မှ  အလုပ်သမားကတရားစွဲဆိုရန်  အမ်ိန့်စာထုတ်လိုက်တာကြောင့်  ယခုလိုတရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားဟာ  ပက်စီအချိုရည်စက်ရုံမှာ အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ  ၂၀၂၂ခုနှစ် ၁၀လ ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး  လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026