NEWS

လုပ်သက်ခံစားခွင့် ရက်ပုံသေသတ်မှတ်လို့ Dooriga Global Garment အလုပ်သမားများနစ်နာရ၊ လုံခြုံရေးများ ခန္ဓာကိုယ်စမ်းပြီး ဖုန်းစစ်

CoverLogo
110 Views
 
Dooriga Global Garment (မိဘဂုဏ်ရည်) စက်ရုံက လုပ်သက်ခံစားခွင့်ပေးတာကို ပုံသေရက် သတ်မှတ်ထားလို့ အလုပ်သမားတွေ နစ်နာနေရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ရှင်က သကြင်္န်ပိတ်ရက်မှာ လုပ်သက်ခွင့် ၁၀ရက်စာ ပေးတယ်။ ၅ လပိုင်း၊ ၆လ ပိုင်းမှာ လုပ်သက်ပြည့်မဲ့ အလုပ်သမားတွေကတွေ နောက်နှစ် ၄ လ ပိုင်းမှာမှ ခံစားခွင့်ပေးမယ်လို့ ပြောတယ်။ ဒါက အလုပ်သမားတွေက လုပ်သက် နှစ်နှစ်နီးပါးရောက်မှ ခံစားခွင့်ရမလို ဖြစ်နေပြီ” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
သင်္ကြန်ကာလမှာ တစ်နှစ်ပြည့် လုပ်သက်ခံစားခွင့် ပေးတဲ့အစီအစဉ်ကို စက်ရုံဘက်က ပုံသေ သတ်မှတ်‌ ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ဝင်တဲ့ ခုနစ်၊လ မှတ်ပြီး တစ်နှစ်ပြည့်ရင် လုပ်သက်အတွက် ခံစားခွင့်ပေးတာကို တခြား စက်ရုံတွေမှာ လုပ်တာလည်း တွေ့ရပါတယ်” လို့ Dooriga Global Garment စက်ရုံ အမျိုးသမီး စက်ရုံလုပ်သားတဦးက ပြောပါတယ်။
ဒီအချက်က အလုပ်သမားတွေအနေနဲ့ လုပ်သက်ခံစားခွင် ၂ နှစ်စောင့်ရသလို ဖြစ်နေပြီး ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ပါ ပြဋ္ဌာန်းချက်တွေနဲ့ လွဲချော်နေတယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
 
“ဥပဒေအရ အလုပ်သမားတစ်ဦးဟာ လုပ်သက် ၁၂ လ ပြည့်တာနဲ့ လုပ်သက်ခွင့် ၁၀ ရက်ကို ချက်ချင်း ခံစားခွင့်ရှိပါတယ်။ ကုမ္ပဏီက သတ်မှတ်တဲ့ Fixed Date ၊ဥပမာ- နှစ်ကုန်မှ၊ ဘဏ္ဍာရေးနှစ်ကုန် အထိ စောင့်ခိုင်း ပိုင်ခွင့် မရှိပါဘူး။ ဥပမာ - ၂၀၂၃ ဇွန်လမှာ အလုပ်ဝင်ရင် ၂၀၂၄ ဇွန်လမှာ ရရပါမယ်။ ကုမ္ပဏီက ၂၀၂၅ ဇန်နဝါရီကျ မှ ပေးမယ်ဆိုရင် အလုပ်သမားက (၁) နှစ်ခွဲကျော် စောင့်လိုက်ရသလို ဖြစ်သွားပါတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ဖုန်းယူဆောင်ခွင့်မပေးဘဲ ဂိတ်ဝက လုံခြုံရေးဝန်ထမ်းတွေ ခန္ဓာကိုယ်ကို စမ်းပြီး ဖုန်းကို စစ်ဆေးတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ လုပ်ငန်းခွင်ထဲ ဖုန်းယူလို့မရဘူး၊ စက်ရုံဂိတ်ဝကနေပြီး ဖုန်းပါမပါကို လုံခြုံရေးက ရင်ဘက်တွေကအစ နှိုက်ပြီး စစ်တယ်။ ဖုန်းစစ်တာတကြိမ်တည်း မဟုတ်ဘူး။ နေ့လည် ထမင်းစားပြီးရင်လည်း တစ်ခါစစ်သေးတယ်။” လို့ ပြောပါတယ်။
အလုပ်သမားတွေနေနဲ့ ဖုန်းကိုင်ဆောင်တာက အရေးပေါ်ကိစ္စတွေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ မိသားစု ဝင်တွေနဲ့ ဆက်သွယ်ဖို့ ဖြစ်ပြီး ဒီစစ်ဆေးမှုတွေက အခွင့်အရေးချိုးဖောက်ခံရတာလို့ ပြောပါတယ်။ စက်ရုံ ဘက်က အထည်စံချိန် အလွန်အကျွံတောင်းပြီး မရပါ ဆဲဆိုပြီး အရေအတွက် ပြည့်ဖို့ ဖို့ ဖိအားပေး ချုပ်ခိုင်းတယ်လို့လည်း သိရပါတယ်။
“တောင်းတဲ့ အထည်စံချိန်မရတာနဲ့ အောစူပါ၊စူပါတွေက ဆဲတော့တာ၊ အော်ဟစ်တာတောင် နားမခံသာဘူး။ မပြည့် ပြည့်အောင်ချုပ်ရတော့တယ်။” လို့ ပြောပါတယ်။
 
အလုပ်အရေးကြီးတယ်ဆိုပြီး အချိန်ပို မိုးလင်းပေါက် လုပ်ကိုင်ရပြီး နောက်နေ့မှာ အနားမပေးဘဲ ပုံမှန် အလုပ် ဆက်ဆင်းရတဲ့ အပြင် လိုအပ်ပါက ညအချိန်ပိုပါ ဆင်းရလို့ အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်ရ ရတယ်လို့လည်း ပြောဆိုထားပါတယ်။
 
Dooriga Global Garment စက်ရုံမှာ, အလုပ်သမား ၈၀၀ ကျော်လုပ်ကိုင်နေပြီး ကိုရီးယားနိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန် လွမ်းဆွတ် ကျေးရွာမှာ ဖွင့်လှစ်ထားပြီး Glacier, SPAO, Giordano တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026