NEWS

လုပ်ငန်းခွင် အတွင်း စကျင်ကျောက်ပြားပြိုကျရာမှ ကျောက်ပြားပိမိပြီး မြန်မာလုပ်သား တစ်ဦးသေဆုံး

CoverLogo
216 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လက်ကရာဘန်ခရိုင်အတွင်းရှိ စကျင်ကျောက်ရောင်းဝယ်ရေးနှင့် ထုတ်လုပ်ရေးဆိုင်တစ်ခုတွင် စကျင်ကျောက်ပြား ပုံ ပြိုကျရာမှ ကျောက်ပြားပိမိပြီး မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ဇန်နဝါရီ ၁၃ရက် မနက် ၁၁နာရီ ခန့်ကဖြစ်ပွားခဲ့တာ ဖြစ်ပြီး CCTV မှတ်တမ်းများအရ ဖြစ်ရပ်မတိုင်မီက သေဆုံးသူဟာ ကျောက်ပြားပုံများကြားရှိ ကွက်လပ်ထဲသို့ လမ်းလျှောက်ဝင်ရောက်နေစဉ် အခြားအလုပ်သမားနှစ်ဦးက forklift မောင်းနှင် ခြင်းနဲ့ ကျောက်ပြားများ စီ တာတွေ လုပ်ကိုင်နေခဲ့ရာ ကျောက်ပြားပုံမှာ မထင်မှတ်ဘဲ ရုတ်တရက်ပြိုကျခဲ့ပြီးနောက် မြန်မာလုပ်သား အပေါ် ပိမိသွားတယ်လို့ သိရပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သားဟာ အသက်၂၆နှစ်အရွယ် ကိုဝင်းထွန်းနိုင် ဆိုသူဖြစ်ပြီး ကျောက်ပြားပိမိ ချိန်တွင် ဆိုင်ရှိ လုပ်သားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ တွေက လေးလံတဲ့ ကျောက်ပြားတွေ ကို ခက်ခဲစွာ ဖယ်ရှားပေးခဲ့ပေမယ့် ရရှိထားတဲ့ ဒဏ်ရာ ပြင်းထန်တာကြောင့် အခင်းဖြစ်ရာ မှာ ပင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ပို့ဆောင်ထားပြီးစစ်ဆေးမှု ပြီးစီးပါက မိသားစုထံ ပြန်လည်လွှဲပြောင်းပေးကာ ဘာသာရေးအလိုက် အသုဘအခမ်းအနားပြုလုပ်ခွင့် ပြုသွားမယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
 
Ref-Matichon online
 

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026