NEWS

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု အားနည်းသော်လည်း လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၂၀၀၀) ကျော် ဖွဲ့စည်းထားဟု ဒုဝန်ကြီးဆိုပြန်

CoverLogo
632 Views

စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ဆောင်မှုအားနည်းနေပြီး အသေးစား ထိခိုက်တာတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၂၀၀၀) ကျော် ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းမှာ အများဆုံး ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းက လုပ်ငန်းရှင်တွေဟာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ပေးထားတာမရှိသလို စက်ရုံတွေမှာ လေဝင်လေထွက်ကောင်းဖို့၊ သောက်ရေ သန့်ရှင်းဖို့၊ သန့်စင် ခန်းတွေ သန့်ရှင်းဖို့နဲ့ လုပ်ငန်းခွင်ကို ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အခြေအနေရှိဖို့ ၊ လုပ်ငန်းခွင်အဆောက်အအုံနဲ့ အလုပ်သမား အရေအတွက် မျှတဖို့ ၊ စွန့်ပစ်ပစ္စည်းအတွက် အမှိုက်ပုံးတွေကို လုံလောက်အောင် ထားပေးဖို့ စတာတွေ စနစ်တကျလုပ်ဆောင်ပေးမှု အားနည်းနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။

“အမှန်ပြောရရင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုတာ သိပ်မသိပါဘူး။ အိမ်သာအနံ့တို့၊ မသန့်တာတို့၊  ရေသောက်ရတာ အဆင်မပြေတာတို့၊ အလုပ်ထဲမှာ ပူအိုက်နေတာတို့က ပြောမယ်ဆို ပုံမှန်လိုပဲ ဖြစ်နေတယ်။ ပြဿာနာရှိတယ်လို့တောင် မမြင်ပါဘူး။ နောက်လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ဖို့လည်း ပြောတာ မရှိပါဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉) အရ အလုပ်သမား (၅၀) ဦးနဲ့ အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဖွဲ့စည်းတာကို စည်းရုံးဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ထိ စက်ရုံ၊အလုပ်ရုံ ၂၁၀၀ ကျော်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးမှာ အများစု  ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဒုတိယဝန်ကြီးက ဒီဇင်ဘာလ (၁၆) ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်ကစတင်ပြီး လက်ရှိအချိန်အထိ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award) ဆုရ စက်ရုံ (၅) ရုံ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ကောင်းမွန်သည့် အလေ့အထ ကျင့်စဉ် စွမ်းဆောင် ဆု (ASEAN-OSHNET Best Practices Award) ဆုရ စက်ရုံ (၅) ရုံ၊ စုစုပေါင်းစက်ရုံ (၁၀) ရုံက ဆုတွေ ရရှိထားတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

“ပုံမှန်ပိတ်ရက်တွေတောင် အချိန်ပိုတွေခေါ်နေလို့ နားခွင့်မရတဲ့အခြေအနေမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဘာညာပြော လည်း သိပ်ထူးမယ်မထင်ပါဘူး။ ဒါပေမယ့် ငွေကြေးသိပ်မကုန်ဘဲ လုပ်ပေးလို့ ရတဲ့ကိစ္စလေးတွေကိုပဲ ဝန်ကြီးဌာနက သေချာကြပ်မတ်ပေးရင်တောင် ကော်မတီတွေ ဘယ်လောက်ရှိပါတယ် ပြောနေတာထက် ပိုအလုပ်ဖြစ်မယ် ထင်ပါတယ်”အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက လုပ်ငန်းရှင်တွေဟာ အလုပ်သမားဥပဒေပါ အချက်အလက်တိုင်းကို ဝန်ကြီးဌာနက စစ်ဆေးရေးဝင်တဲ့ အချိန်ကာလလေးတစ်ခုမှာပဲ ဟန်ပြသာ လုပ်ဆောင်နေသလို ဝန်ကြီးဌာနက လည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးတာမျိုး မဟုတ်ဘဲ ကြိုတင်အသိပေးပြီးမှသာ စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။


ဓာတ်ပုံ-အလုပ်သမားဝန်ကြီးဌာန
#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026