NEWS

လုပ်ငန်းခွင်အတွင်း ဦးခေါင်းအရေပြား အပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအမျိုးသမီး တနှစ်အကြာမှာ နစ်နာကြေးဘတ် ၇ သိန်းကျော်ရရှိ

CoverLogo
40 Views
 
ထိုင်းနိုင်ငံ ရှိ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် စက်ညှပ်သွားရာမှ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာနဲ့ ဦးခေါင်းရေပြား အပြင်းထန်ထိခိုက်ဆုံးရှူံးသွားတဲ့ မြန်မာလုပ်သားအမျိုးသမီး ကို ပကန်စခွန်နှင့် ထိခိုက်နစ်နာကြေးအတွက် ဘတ်ငွေ ၇သိန်းကျော် ရရှိအောင်ကူညီပေးခဲ့တယ်လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ မှ သတင်းထုတ်ပြန်ထားပါတယ်။
 
၂၀၂၄ ခုနှစ် ဇူလိုင်လ၂၁ရက်နေ့က စမှုစခွန်ခရိုင် မဟာချိုင် ကထူးပင်ရှိ သံစက်ရုံ တစ်ခု မှာ လုပ်ကိုင်နေတဲ့ အသက်၂၆နှစ်အရွယ် မြန်မာလုပ်သားအမျိုးသမီးငယ်တစ်ဦးဟာ အလုပ်ချိန်အတွင်း စက်ညပ်သွားတာကြောင့် ဦးခေါင်းအရေပြားတစ်ခြမ်း ဆုံးရှုံးကာ ပွန်းပဲ့ဒဏ်ရာ များ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီးရဲ့ နစ်နာမှုအတွက် ကူညီပေး ဖို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထံ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို အကူညီတောင်းခံမှုအပေါ် MHAC မဟာမိတ်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ရာ နစ်နာသူ မြန်မာအလုပ်သမားမှာ နေထိုင်ရေး အခက်ခဲရှိတာကြောင့် ရုံးမှာ ဘဲ တစ်နှစ်ကျော်ကြာ နေထိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
 
၂၀၂၅ခုနှစ် အောက်တိုဘာလ၂၈ရက်မှာတော့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ရဲ့ ကူညီဆောင်ရွက်ပေးမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီး အတွက် ပကန်စခွန်နှင့် ထိခိုက်နစ်နာကြေးအတွက် ဘတ်ငွေ ၇၄၅၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၅၀ ကျော်ကို နေရပ်ပြန်ပို့
Oct 31, 2025
Cover
စက်ရုံတွင်အလုပ်ရမည်ဆိုကာ ခေါ်ဆောင်လာပြီး ပွဲစားမှ တောထဲတွင်စွန့်ပစ်ခဲ့သဖြင့် မြန်မာလုပ်သား ၁၅ ဦး အဖမ်းခံရ
Oct 31, 2025
Cover
CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် အတွက် ဒီဇင်ဘာ ၂၁ ရက်အထိ ရက်တိုးလုပ်ဆောင်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 31, 2025
Cover
JLPT စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြား နိုဝင်ဘာ ၁ ရက်မှ စတင်ထုတ်ယူနိုင်
Oct 31, 2025
Cover
လုပ်ငန်းခွင်မတော်တဆကြောင့် လက်ပြတ်သွားသည့်မြန်မာအမျိုးသမီးအလုပ်သမားကို နစ်နာကြေးပေးရန်သူဌေးမှကတိပြု
Oct 30, 2025
Cover
ဖူးခက်တွင် အမှိုက်ကားပေါ်မှ ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံး
Oct 30, 2025
Cover
လုပ်အားခပုံမှန်မရသည့် လုပ်သား၂၀ဦး တိုင်ကြားပြီးနောက် လုပ်အားခနှင့်နစ်နာကြေး ဘတ်ငါးသိန်းခန့်ပြန်လည်ရရှိ
Oct 29, 2025
Cover
လစာမရှင်းပေးသဖြင်ဆန္ဒပြရာမှအလုပ်ထုတ်ခံခဲ့ရသည့်အလုပ်သမား၆၂ဦး ကိစ္စ ညှိနှိုင်းနေ
Oct 29, 2025