NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦး ဖမ်းဆီးခံရပြီးနောက် Sun Apparel Myanmar စက်ရုံ အလုပ်ထွက်မှုများလာ

CoverLogo
966 Views

အလုပ်သမား ခေါင်းဆောင်တစ်ဦးနဲ့ အလုပ်သမား တစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း စက်ရုံအလုပ်သမားတွေ အလုပ်ထွက်မှုများလာတယ်လို့ Sun Apparelစက်ရုံ ဝန််ထမ်းတွေက ပြောပါတယ်။ စက်ရု့အတွင်း ဆန္ဒပြ အလုပ်သမားတွေကို ဦးဆောင်ခဲ့တဲ့ အလုပ်သမားတစ်ဦးကို နေအိမ်မှာပဲ ဖမ်းဆီးခံခဲ့ပြီး နောက်တစ်နေ့မှာပဲ အလုပ်သမားတစ်ဦးကို Sun Apparel စက်ရုံလုပ်ငန်းခွင်အတွင်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွား တာဖြစ်ပါတယ်။

“ လုပ်ငန်းခွင်ထဲအထိ လာဖမ်းတာဆိုတော့ အလုပ်သမားတွေက မလုံခြုံတော့ဘူးဆိုပြီး ထွက်ကုန်ကြတာ” လို့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုချစ်ထွေး (အမည်လွှဲ) ကေ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက စက်ရုံကိုလာရောက်ပြီး အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လာရောက် ယူဆောင်တာတွေလည်း ရှိနေတယ်လို့ ကိုချစ်ထွေးက ပြောပါတယ်။ ထိုင်းနိုင်ငံသားပိုင် Sun Apparel Myanmar အထည်ချုပ် စက်ရုံမှာ ဆန္ဒပြတောင်ဆိုမှုတွေမဖြစ်မီက စက်လိုင်း ၁၄လိုင်းရှိပြီး လုပ်သား ၅၀၀ ကျော် လုပ်ကိုင်ခဲ့ တယ်လို့ လုပ်သက်ရင့် အလုပ်သမား အမျိုးသမီးက ပြောဆိုပါတယ်။

“ဒီကနေ့ဆို လိုင်းတစ်လိုင်းလုံး လုံးဝမလာတော့ဘူး။ မသီတာဝင်းဖမ်းကတည်းဆို အားလုံး ၅၀ ကျော် မလာကြတော့ဘူး။ သူတို့ ဒီလိုကာလကြီး ဘာဆက်လုပ်မလဲ မသိဘူး" လို့ လုပ်သက်ရင့် အလုပ်သမားအမျိုးသမီးက ပြောပါတယ်။

Sun Apparel Myanmar အထည်ချုပ်စက်ရုံမှာ ဇွန်လ ၆ ရက်က ဒေးကြေး ၁၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ကျပ်နှစ်သောင်း တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို ၊ သောက်ရေမသန့်ရှင်းမှု ကို စီစဥ်ပေးဖို့ ၊ လျှောက်လမ်းတွေကို အမိုးလုံအောင်ပြုပြင်ပေးဖို့ ၊ ထမင်းစားဆောင်သီးသန့်ပေးဖို့ အပါအဝင် အခက် ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်ကတောင်းဆိုခဲ့ပြီးနောက် အလုပ်သမား ခေါင်းဆောင် မသီတာဝင်း နှင့် ကိုလှိုင်ဝင်းထက် တိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒီနောက်မှာ ညှိနှိုင်းရေးမှာပါဝင်ခဲ့တဲ့ အလုပ်သမားတချို့၊ စက်ရုံအလုပ်သမားတချို့ပါ အလုပ်လာရောက်လုပ်ကိုင်တာ မတွေ့ရတော့ဘူးလို့  စက်ရုံအလုပ်သမားတွေက ပြောပါတယ်။  

“ စစ်တပ်နဲ့ ရဲပေါင်းပြီး လုပ်တာဆိုတော့ ထွက်ကုန်ကြတာ။ ဖမ်းခံထားရတဲ့ ၂ ယောက်လည်း သတင်းမရသေးဘူး ။ ဆက်စပ်မှုရှိတဲ့သူတွေကို ဖမ်းခိုင်းတယ်လို့ကြားတယ်။ အမြန်ဆုံး ကူညီပေးပါ” လို့ ကိုချစ်တွေးက Myanmar Labour News ကို ပြောပါတယ်။

Sun Apparel Myanmar အထည်ချုပ် စက်ရုံကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)၊ မလိခလမ်းမှာရှိပြီး  JAKO အမှတ်တံဆိပ် ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026