NEWS

လုပ်ငန်းခွင်အတွင်း အချိန်ပို အလွန်အကျွံခေါ်ပြီး ကာအိန္ဒြေပျက်ပြားစွာ ဆဲဆို၊ ကိုယ်ထိလက်ရောက် ပြုမူနေမူများရှိနေ

CoverLogo
2.2K Views

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ၊ သာဓုကန်စက်မူဇုန် (၃)ရှိ ခမ်းဆမ်း(မြန်မာ) အထည်ချုပ်စက်ရုံမှာ နားရက်မရှိဘဲ (OT) အချိန်ပို အတင်းကျပ်ခေါ်ယူနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

 

" စက်ရုံမှာ ၇ လပိုင်းကနေ ည ၉ နာရီထိ OT ခေါ်တယ် အလုပ်သမားဆန္ဒမကောက်ဘူး လိုင်းကြီးကြပ်ရေးမှူး စူပါတွေက အတင်းကျပ်ဆင်းခိုင်းတယ် ၊ ညီမတို့စက်ရုံမှာ ၁၁ခွဲကနေ ၁၂နာရီထိနေ့လည် ထမင်းစားချိန်ပြီးတာနဲ့ နေ့လည်၁၂နာရီကနေ ည ၉နာရီထိ ဆက်တိုက်ဆင်းရတယ် နားချိန်မပေးဘူး ၊ အဆာပြေစားချိန်တောင်မရဘူး။" လို့ အလုပ်သမားကပြောပါတယ်။

 

အခုလို အချိန်ပိုခေါ်ယူတာအပြင် အများပြည်သူရုံးပိတ်ရက် တနင်္ဂနွေ နေ့မှာပါ အချိန်ပို ဆင်းနေရတာဖြစ်ပြီး ညလုံးပေါက်ဆင်းရတာတွေ မဖြစ်မနေ ပြန်ဆင်းပေးနေရတာတွေကြောင့် နားချိန်မရဘဲအခက်တွေ့နေရတယ်လို့ အလုပ်သမား ကပြောဆိုပါတယ်။

 

"OTကြေးကိုတော့ ဒီနေ့ဆင်း မနက်ဖြန်ပေးတယ်၊တနဂ်နွေဆိုလဲမပိတ်ဘူး ၊ Allလင်းထိဆင်းရတာတွေလဲရှိတယ်၊ Allလင်းဆင်းရတဲ့နေ့ဆိုရင် ညနေ၆နာရီပြန်လွှတ်တယ် ည ၈နာရီအလုပ်ပြန်ဝင်ရတယ် ည၁၁ခွဲကနေ ည၁၂နာရီထိထမင်စားဆင်းတယ် မနက်၅နာရီထိဆင်းရတယ် ၊ တစ်ချို့ဆို အထည်မပြီးလို့ဆိုပြီး နောက်နေ့ ညနေ ၃နာရီထိဆက်ဆင်းရတယ် မဆင်းနိုင်ဘူးပြောရင်ဘောနပ်ပြုတ်မှာ အလုပ်ထုတ်မှာ ဘာညာ လုပ်မှာခြိမ်းခြောက်တယ်"လို့ အခက်တွေ့နေတဲ့အလုပ်သမားကပြောပါတယ်။

 

စက်ရုံမှာ အော်ဒါကြောင့် အချိန်ပိုအလုပ်လုပ်ကိုင်ရတာ နားလည်ပေးနိုင်ပေမဲ့ ရေရှည် နားချိန်မရှိ အချိန်ပို လုပ်ကိုင်ရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာတဲ့အပြင် လူမှုရေး ပြတ်တောက်တာတွေအထိပါ ဖြစ်ပျက်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

 

"ခုလို နားချိန်မရှိလောက်အောင်အလုပ်လုပ်နေရတဲ့အခါ ကျန်းမာရေးထိခိုက်လာတယ် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အများကြီးထိခိုက်လာတယ်

တနဂ်နွေတွေဆိုလဲ OT အတင်းကြပ်ဆင်းခိုင်းလို့ သာရေး၊ နာရေး ဘာတစ်ခုမှမရှိဘူး" လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။ 

 

"စူပါတွေဆိုလဲ အောက်ခြေဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် ခေါင်းခေါက်တာတွေ၊ ရိုက်တာတွေ ပစ္စည်းတွေနဲ့ပြစ်ပေါက်တာတွေလုပ်တယ်။ တိုင်တာတို့ ၊ သတင်းပေးတာလုပ်တဲ့သူတွေကိုလည်း ချက်ချင်းအလုပ်ထုတ်ပြစ်တယ်"လို့ အထည်ချုပ်ဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။

 

အဆိုပါစက်ရုံကဟာ တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်သမားဦးရေ ၁၅၀၀ ဝန်းကျင်နဲ့ John Baner, RECYCLED brand တွေကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026