NEWS

လုပ်ငန်းခွင်အတွင်း ကိုယ်လက်အဂ်ါထိခိုက်ခဲ့တဲ့အမျိုးသမီးငယ်ကိုငွေ ၂ သောင်း ပေးပြီး အလုပ်ထုတ်

CoverLogo
1.8K Views

ပြီးခဲ့တဲ့၂၀၂၁ခု နှစ်ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (ဝါးတစ်ရာ စက်မှုဇုန်) (RONG DA GARMENTS)MYANMAR CO.LTD(ရုံးသာ)အထည်ချုပ်စက်ရုံမှာလုပ်ငန်းခွင်အတွင်းကိုယ်အင်္ဂါထိခိုက်မှုတခုဖြစ်ပွားခဲ့တဲ့အမျိုးသမီးငယ်ကိုစက်ရုံကငွေ(၂၀၀၀၀)သာပေးပြီးအလုပ်ထုတ်ပစ်ခဲ့တယ်လို့ Federation of General Worker-Myanmar ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဖြစ်စဥ်မှာ အလုပ်သမားအမျိုးသမီးငယ်တစ်ဦးသည် အထည်ကိုစက်ထဲသို့ ထည့်နေစဥ် လေပေါင်ကျပြီး စက်ကလည်း အော်တိုပြန်ကျလာတဲ့အတွက် အထည်ထည့်နေသည့် လက်(၃)ချောင်းကို စက်ရိုက်မိတဲ့ အခြေနေလို့သိရပြီး စက်ရုံဘက်မှ အဆိုပါဝန်ထမ်းကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အလုပ်သမား၏ပေါ့ဆမှုကြောင့်ဟု အကြောင်းပြကာ ထိခိုက်မှုဖြစ်သောဝန်ထမ်းကို ဆေးဖိုးအနေဖြင့် မြန်မာငွေကျပ်(၂၀၀၀၀)ပေးပြီး အလုပ်မှထုတ်ပယ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ထမ်းသည် သက်ဆိုင်ရာ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးရုံးကို သွားရောက်တိုင်ကြားခဲ့သော်လည်း ရုံးဘက်မှ မလုပ်ပေးနိုင်ဘူးဟုငြင်းဆိုလိုက်တယ်လို့ FGWM ကတဆင့်သိရပါတယ်။

ယခုလက်ရှိအဆိုပါ ထိခိုက်ဒဏ်ရာရသူဝန်ထမ်းအမျိုးသမီးငယ် ၏လက်မှာအရိုးထိသွားပြီးအနာကမကျက်တဲ့အခြေအနေရှိနေပြီးတော့၎င်း၏မိသားစုအခက်ခဲများကြောင့် လုံလောက်တဲ့ဆေးကုသမှုမရရှိနိုင်ဘဲ ရှိနေတဲ့အတွက်FGWM မှတဆင့်အကူအညီပေးထားတယ်လို့လဲသိရပါတယ်။

အဆိုပါကိစ္စရပ်အား အလုပ်ရှင်အနေဖြင့် လုပ်ငန်းခွင်အတွင်းထိခိုက်မှုခံစားရသူ ဝန်ထမ်းတစ်ဦးအား လူမဆန်စွာပြုမူ‌နေခြင်းအပေါ် တာဝန်ရှိသူများအနေဖြင့် ကူညီဖြေရှင်းပေးကြပါလို့ FGWM ကနေတဆင့်အကူအညီတောင်းခံထားတယ်လို့လဲသိရပါတယ်။

 


Related posts

Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026