NEWS

လုပ်ငန်းခွင်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတဲ့ SEN YU အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။

CoverLogo
540 Views

လှိုင်သာယာမြို့ အလယ်ရွာ ဗန်းမော်အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသာပိုင်ဖြစ်တဲ့ SEN YU အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်ဟာ အလုပ်တွေ ရပ်တန့်ထားပြီး တောင်းဆိုမှုပြုလုပ်နေတာပါ။ 


Sinsay၊ TERRANOVA ,P&VV စတဲ့နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့အလုပ်သမားတွေအနေနဲ့ အခုအောက်တိုဘာလကစပြီး  စံချိန်မပြည့်ပါက ဂရိတ်ကြေး တွေ မပေးတော့ဘူးလို့ သတ်မှတ်လိုက်တဲ့အပေါ် ကျေနပ်မှုမရှိတာကြောင့် လုပ်ငန်းခွင်မှာ အလုပ်မလုပ်ဘဲ ရပ်တန့်လိုက်တာလို့ သိရပါတယ်။


အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ကို အဓိက တာဝန်ယူထားတဲ့ HR Manager ကို အလုပ်မှ ထုတ်ပယ်ပေးဖို့နဲ့ ဂရိတ်ကြေးတွေအရင်အတိုင်းပေးဖို့ တောင်းဆိုနေတာပါ။


လက်ရှိမှာတော့အလုပ်ရှင် အလုပ်သမား ညှိနှိုင်းတာမျိုးမရှိသေးဘဲ လုပ်ငန်းခွင်ကိုရပ်တန့်ထားပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်ထဲက အလုပ်သမားတွေကို မေးမြန်းထားပါတယ်။


(၁) လက်ရှိအခြေအနေကို ရှင်းပြပေးပါအုံး။


လက်ရှိက ဘယ်လိုဖြစ်နေလဲဆိုတော့ စက်ရုံထဲမှာဘယ်သူမှ အလုပ်မလုပ်ကြဘူး မနေ့က အောက်တိုဘာ ၁၈ ရက်နေ့ကတည်းကပါ  အလုပ်ရှင်ဘက်က  အလုပ်သမားတွေကို ပြန်တိုင်ထားတာ စူပါတွေ လီတာတွေ အောစူပါတွေ ကို ရုံးကိုလာပြီး ဖြေရှင်းဖို့ခေါ်မယ်လို့တော့ပြောတယ် အစကတော့ ၂ ယောက်လာခိုင်းတာ အဲ့လိုကျတော့ မလွှတ်နိုင်ဘူး အဲ့ဒါဆို ခေါင်းဆောင်ပိုင်းတွေလာခဲ့လို့တော့ ခေါ်ထားတယ် ၂ နာရီထိုးလာခဲ့လို့ ပြောထားတယ် ခုထိတော့ ဘာမှအကြောင်းမပြန်သေးဘူး

(၂) လက်ရှိ လုပ်ငန်းခွင်ထဲကို အာဏာပိုင်တွေလာတာမျိုးရောရှိလား။


အခုက စက်ရုံထဲမှာအလုပ်သမားတွေအကုန်လုံးရှိနေပါတယ်။အလုပ်မလုပ်ဘဲနေတာ ၂ ရက်မြောက်နေ့ပါ ၊ အလုပ်သမားတွေကိုလာပြီးတော့  မေးတာမြန်းတာတော့မရှိဘူး မနေ့ကတော့ ဂိတ်ကနေပြန်ထွက်သွားတယ် ကား ၂ စီးနဲ့ပါ လူမိုက်တွေလို့တော့ပြောတာပဲ ရုံးပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ပေါ့နော် အရပ်ဝတ်တွေနဲ့ပါ သေနတ်တွေဘာတွေ တော့ကိုင်ထားတာမတွေ့ဘူး တက်တူးတွေနဲ့လူမိုက်ပုံစံတွေပေါ့ အစကတော့ အလုပ်သမားရုံးကလာတယ်လို့ သတင်းလွှင့်ပေမယ့် မြင်လိုက်တာမျိုးတော့မရှိဘူး။

(၃) လုပ်ငန်းခွင် ရပ်နားတာ ၂ ရက်ရှိပြီဆိုတော့ ရှေ့ဆက်ပြီး ဘာဆက်လုပ်ဖို့ရှိလဲ။


အလုပ်သမားတွေရဲ့တောင်းဆိုချက် ၁၀ ချက်ကို မနေ့တုန်းကတော့လိုက်လုပ်ပေးမယ်လို့ ပြောထားတာ ပြန်ခါနီးမှာ HR manager အမျိုးသမီးကို ထုတ်ပေးမယ်လို့လည်း အသံလွှင့်တယ် သူက မနေ့က ၆ နာရီကျော်မှ ပြန်သွားတာ ပြီးတော့ ညှိပေးမယ်ပြောတယ် ဒီနေ့မနက်တော့ အလုပ်သမားတွေကို ပြန်တိုင်တဲ့စာထွက်လာတယ် အလုပ်သမားတွေကိုလုံးဝညှိလို့မရတော့လို့ ညှိပေးပါဆိုပြီး သူတို့ဘက်က အလုပ်သမားရုံးကို တိုင်ထားတာ ပထမတုန်းကတော့ ကလေး ၂ ယောက်လောက်ကို လာခဲ့ဖို့ ခေါ်တယ် စူပါ လီတာတွေက ကလေးတွေကို မလွှတ်ဘူး ကိုယ်တိုင်သွားမယ်ပြောထားတယ် ဒီနေ့မနက်ကျတော့ ၂ နာရီမှလို့ပြောတယ် ခုထိတော့အကုန်လုံးအထဲမှာရှိတယ် ညီမတို့တွေအလုပ်မလုပ်ဘူး ညှိနှိုင်းလို့လည်းမရဘူး ဆိုပြီး အလုပ်သမားရုံးကို ညှိနှိုင်းပေးဖို့ အလုပ်ရှင်ဘက်က တိုင်ထားတာပါ။

(၄) အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေက ဘာတွေလဲ။


လောလောဆယ် ၁၀ ချက်တောင်းဆိုထားတာကိုတောင် ဘာကိုမှ လုပ်ပေးမယ်လို့ အကြောင်းမပြန်တော့တာ တကယ်လို့ အချက် ၁၀ ချက်တောင်းထားတာကို အလုပ်ရှင်ဘက်က ၅ ချက်လောက်ပဲ ငါတို့လုပ်ပေးမယ်ဆိုလဲ အကြောင်းပြန်ပေါ့နော် အခုက အကြောင်းလုံးဝမပြန်ဘူး ကြားတာတော့ သူတို့ဘက်က သွားတိုင်ထားတာဆိုတာပဲ ။ အခု ဖြစ်နေတာက စက်ရုံတရုံမှာ ကျွမ်းကျင်တဲ့အလုပ်သမားတွေကိုခေါ်ထားပြီးပြီဆို ကျွမ်းကျင်ကြေးပေးရမှာပဲ အဲဒါကိုမပေးဘဲနဲ့ သူတို့တောင်းတဲ့ တားဂတ် အာဝါလီပေါ့ တစ်နာရီကို ၅၀ ဆို ၅၀ ၊ ၁၀၀ ဆို ၁၀၀ ပေါ့ အဲ့တာကို ပြည့်မှ ပေးမယ် ကျွမ်းကျင်ကြေးကို  အဲ့လိုတောင်းတယ်ဆိုတော့ ညီမတို့ကို ၅၀ တောင်းတယ်ပေါ့ ပေးလိုက်တယ် နောက်နေ့ကျရင်ပိုတောင်းရော မပေးနိုင်တဲ့နှုန်းထားကို ပိုတောင်းတာ လျော့တာမဟုတ်ဘူး မပေးတော့တာ A B C သတ်မှတ်ထားပြီးသားကို လုံးဝမပေးတော့ဘူးလို့ပြောတာ သူတို့တောင်းတဲ့ တားဂတ်ပြည့်မှ ပေးမယ်လို့ ပြောတာ။

(၅)လက်ရှိမှာဘယ်လိုနှုန်းထားတွေနဲ့ပေးချေနေတာပါလဲ။


ပေးတာတော့ ၄၈၀၀ ယာယီ ထောက်ပံ့ကြေး ၈၀၀ ပေးထားတယ် ခုနောက်ပိုင်း ကြေညာတဲ့ အပိုထောက်ပံ့ကြေး  ၁၀၀၀ ကိစ္စပြောတာတော့မရှိဘူး ရတာက ဒေးကြေးနဲ့ ရက်မှန်ကြေးပဲရှိတယ် အရင်က ကျွမ်းကျင်ကြေးရတာရှိတယ် အခုက ကျွမ်းကျင်ကြေးကို ဖြုတ်ချပြီး ဒေးကြေးနဲ့ ရက်မှန်ကြေးပဲရှိတော့တယ်  ရက်မှန်ကြေး က ၃၀၀၀၀ ပေးမယ် စုစုပေါင်း ၁၆၈၀၀၀ ရယ် ရက်မှန်ကြေး ၃၀၀၀၀ ရယ်ဒါပဲရတာ စက်ရုံဖွင့်တာက ၆ လရှိပြီ သူတို့အလုပ်စခန့်ထဲက ကျွမ်းကျင်လုပ်သားတွေချည်းပဲခန့်ထားတာ အကုန်လုံးက သူ့အတတ်ပညာကို ကျွမ်းကျင်တဲ့သူတွေချည်းပဲ။

အလုပ်ထဲမှာ နေ့စားသမားတွေရှိပါတယ် အခုကတော့ နေ့စားတွေကို ရပ်ထားတာ ၁ လလောက်ရှိပြီ သူတို့ဒါမျိုးလုပ်မှာကို ကြိုတင်စီစဉ်းထားလို့လားတော့မသိဘူး နေ့စားသမားတွေကိုဆိုင်းလင့်လုပ်ထားတာ တလလောက်တော့ရှိပြီ အီးစီ စာချုပ်ကတော့ချုပ်ထားတယ် စာအုပ်ကိုလည်း မပေးဘူး ရုံးမှာပဲသိမ်းထားတာ အမှန်ဆိုပေးရမှာလေ အလုပ်ရှင် ၁ အုပ် အလုပ်သမား ၁ အုပ် လေဘာရုံး ၁ အုပ်ပေးရမှာလေ လူမှုဖူလုံရေး ကတ်ကတော့ မရှိသေးဘူး အရင်ရုံးကတည်းကရှိခဲ့တယ်ဆိုရင်တော့ ရှိတယ် အလုပ်သမားတွေ တောင်းဆိုတာကို လက်မခံဘူးဆိုရင် စက်ရုံကို ပိတ်မယ်ဆိုရင် တန်ရာတန်ကြေး လျော်ကြေးပေးပြီးပိတ်၊ လုပ်ငန်းခွင်ထဲမှာက အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးကော်မတီမရှိဘူး ဇူလိုင်လကုန်လောက်ကတော့ WCC  ဖွဲ့ဖို့ ပြောထားတယ် ခုတော့ အသံမကြားရတော့ဘူး သူပြောသလို သူဖြစ်စေချင်သလို လုပ်ရမယ်ဆိုတာပဲ ကြားရတယ်။

(၆) စံချိန်တောင်းဆိုတာက ဘယ်လိုပုံစံမျိုးတောင်းတာပါလဲ။


လိုင်းတလိုင်းမှာ လူဦးရေ ၅၀ ရှိတယ်ဆို အထည်တစ်ထည်မှာ ချုပ်ရတဲ့ဟာ များနေရင် အာဝါတီကို လျှော့တောင်းတယ် ချုပ်ရတာနည်းတယ် ဆိုရင် လူဦးရေအလိုက် များပြီးတောင်းတယ် အခုက ညှိနှိုင်းလို့မရဖြစ်နေတာက ကိုယ်တတ်ထားတဲ့ပညာအတွက်ကိုက ကျွမ်းကျင်ကြေး ဆိုတာမရှိဘူးဖြစ်နေတာ ပထမတုန်းကတော့ ဂရိတ်ကြေးပေးတယ် အခုက မပေးတော့ဘူးဆိုတော့ ၂ သိန်းမကျော်တော့ဘူးလေ ပြီးခဲ့တဲ့ လက စက်လိုင်းမှာရသေးတယ် ကပ်တင် cutting မှာကျတော့ လုံးဝမပေးတော့ဘူး လိုင်းမှာကတော့ ကျွမ်းကျင်သလို စူပါတွေက ညှိပေးတယ်။


ကိုယ့်ရဲ့ ကျွမ်းကျင်မှု အလိုက် ဂရိတ်ကြေးပေးတာ ဒီအလုပ်သမားသည် ဘယ်လောက်လုပ်နိုင်လဲ သူ့ရဲ့ လုပ်နိုင်စွမ်းရည်က ဘယ်လိုမျိုးလဲ နှစ်အလိုက်ကျွမ်းကျင်မှု စူပါတွေတောင်းထားတဲ့ တားဂတ်ပြည့်မီရမယ် ပြောစကားနားထောင်မယ်ဆိုရင် အေဂရိတ်ပေးမယ် လုံးဝ စက်ပေါ်ကိုတက်ခါစဆိုရင် လုပ်ငန်းခွင်ဝင်ကာစဆိုရင် စီဂရိတ်ပေးတာပါ။

အေ ဘီ စီ မှာ အေရတဲ့အလုပ်သမားကတော်တယ်  အေ အလုံး ၂၀ ရတယ်ဆိုရင် ၂၀ လုံးပေးလို့မရဘူး ၁၀ လုံးပဲပေးပြီးတော့  နောက်ထပ် အဆင်ပြေနိုင်တဲ့ စီ ဂရိတ်ကို  စီနဲ့တန်တာပေးပိုင်ခွင့်မရှိတော့ဘူး  တစ်ရက် ၃၀၀ ရမဲ့ကလေးကို တစ်လကို ၃၀၀၀၀ ဖြစ်မယ် ၅၀၀ ဆို ၅၀၀၀၀တစ်နေ့ကို ၁၂၀၀ လောက်ပေးသင့်တဲ့ကလေးဆို တစ်လကို ၄၀၀၀၀ လောက်ပေးကိုပေးရမယ် အဲ့တာကိုပေးသင့်တာပေါ့ အလုပ်သမားတွေမှာဘာမှ ရပိုင်ခွင့်မရှိဘူး တရက်အလုပ်မလာရင်  ၄ သောင်း ၅ သောင်းအဖြတ်ခံရတယ် အဲ့လိုမျိုး တရက်အလုပ်မလာရင် ဒေးကြေးက ၅၆၀၀ ရက်မှန်ကြေး ၂၀၀၀၀ ကျွမ်းကျင်ကြေး အေဆိုရင် ၄၀၀၀၀ ဘီ ၃၀၀၀၀ စီ ၂၀၀၀၀ အဖြတ်ခံရတယ်။

(၇) လုပ်ငန်းခွင်ကိုဘာကြောင့်ရပ်တန့်ခဲ့တာလဲ။

လိုင်းတလိုင်းမှာ အထည်ပြတ်တောက်သွားလို့ အလုပ်သမားက မတ်တပ်ရပ်ပြီး အထည်သွားယူတာပဲဖြစ်ဖြစ် ရေသွားသောက်တာ အိမ်သာသွားတာပဲဖြစ်ဖြစ် ဒါဆိုရင် သူတို့က ဘယ်လိုင်းက ဘယ်သူက မတ်တပ်ရပ်ပြီးတော့ လမ်းလျှောက်နေပါတယ် ၁ ခါ ၂ ခါ ကနေ အကြိမ်ကြိမ် ပြောတာ မရဘူးဆိုရင် ဝမ်တိမ်ထိုးခိုင်းမယ်ဆိုပြီး မိုက်နဲ့အော်ပြောတာပါ စဖြစ်တာ အင်္ဂါနေ့ ၁ နာရီလောက် ( အောက်တိုဘာ ၁၇) က  ကလေးတွေကို အေ ဘီ စီ ဂရိတ်ကို အလုံးရေနဲ့ပေးမယ်ပြောတယ် အဲ့ဒါကို အဆင်ပြေတယ်ဆိုရင် ကြိုးစားပြီးလုပ် အားလုံးရဲ့ လစာကို အဆင်ပြေအောင်လုပ်ဆိုပြီး ပြော‌တော့ ဒီလောက်လုပ်ပေးတာမှ သူတို့ဘက်က အဆင်မပြေဘူး မကြည်ဖြုဘူး နည်းတယ်ထင်နေရင် အဆင်ပြေတဲ့ ဝန်ထမ်းကို ခေါ်ခိုင်းဆိုပြီးတော့ ချုပ်နေတဲ့ ကလေးတွေက အလုပ်ကို ရပ်တန့်ပစ်လိုက်တယ် အဲ့တော့ အလုပ်ရှင်ဘက်က မိုက်နဲ့ပြန်အော်တယ် အလုပ်က မိနစ်ပိုင်းရပ်စဲထားတဲ့ ကလေးတွေကို စီစီတီဗွီနဲ့မှတ်တမ်းတင်ထားပါတယ် အဲ့ကလေးတွေကို လုပ်ခလစာလျှော့ချမယ်လို့ မိုက်နဲ့အော်ပါတယ်။

(၈) အဲ့လို စံချိန်မပြည့်ရင် ဂရိတ်ကြေးမပေးဘူးဆိုတော့ အလုပ်သမားတွေအနေနဲ့ ဘယ်လိုအခက်အခဲဖြစ်သွားလဲ။

အခုက စားဝတ်နေရေးထိခိုက်တာပေါ့ ကိုယ်တွေမှာဆန်ဈေး ဆီဈေးနဲ့ ဆီတဘူးဆိုရင် ၁ သောင်းဆို သူတို့ဖြတ်ချလိုက်တာက‌ ဆီ ၂ ဘူးစာတော့သွားပြီ မိသားစုနည်းတဲ့ လူကျမသိသာပေမဲ့များတဲ့ လူကျသိသာသွားတယ် 

အခုအနေအထားဆို အလုပ်သမားတွေအများစုက အဆောင်နေတဲ့လူများတယ် အဆောင်လစာ တစ်လစာက အနိမ့်ဆုံး ၅ သောင်းကနေ ၆ သောင်းအထိရှိတယ် သူတို့ဖြတ်ချလိုက်တဲ့ ဟာက ညီမတို့အတွက် အဆောင်လစာ ၁ ဝက်စာလောက် ပြုတ်သွားတယ်  အေသမားဆိုရင် ၄ သောင်းဆိုရင်  ၂ သောင်းစိုက်ပြီး အဆောင်ခပေးလို့ရတယ် အခုက လုံးဝမပေးတော့ဘူးဆိုရင် အဆောင်ခ ၆ သောင်းလုံးကို ကိုယ့်ရဲ့ လစာထဲက ပေးရမယ်ဆိုရင်တော့ အိမ်ကိုလည်း ပြန်မပို့နိုင် အစားအသောက်လဲ မစားရ အိမ်ကိုလည်း ပြန်မပို့နိုင်တော့ဘူးပေါ့ တော်တော်လေးခက်ခဲသွားပါတယ်။

( ၉) အဓိကတောင်းဆိုချက်တွေက ဘာတွေဖြစ်မလဲ။


ပြောမယ်ဆိုရင် မနေ့ကတောင်းဆိုတာက HR Manager ဒေါ်စီစီမေကို ထုတ်ပေးဖို့ နဲ့ ကိုယ်ရသင့်ရထိုက်တဲ့ ဂရိတ်ကြေးတွေ ရဖို့အတွက်ပဲ အလုပ်ဖြုတ်စေချင်တာကတော့ သူကကလေးတွေဘက်မှာ လုံးဝမရှိဘူး ဖြစ်စေချင်တာက အလုပ်သမားဘက်ကိုလဲ လိုက်စေချင်တာမဟုတ်ဘူး အလုပ်ရှင် သူဌေးဘက်ကိုလည်း ပါစေချင်တာမဟုတ်ဘူး သူဌေးနဲ့ အလုပ်သမားတွေကြားမှာ အဆင်ပြေအောင် ညှိနှိုင်းပေးတဲ့သူဖြစ်စေချင်တာ သူက သူဌေးဘက်ချည်းပဲ လိုက်ပြီး အလုပ်သမားတွေကို မတရားဖိတာ ဒီ မန်နေဂျာမရောက်ခင်ကဆို ဂရိတ်ကြေးတွေရတယ် အလုပ်လုပ်ရတာအဆင်ပြေမယ် အခက်အခဲ ပြဿနာတွေကို တိုင်ပင်ဖြေရှင်းလို့ ရတယ် အခုလူကတော့ ဂရိတ်ကြေးကလည်း မရဘူး အလုပ်သမားတွေဆို ကပ်တင် ဆက်ရှင်မှာဆို ကျွမ်းကျင်တဲ့လူတွေ ထုတ်ပစ်လိုက်တယ် နို့တစ်နဲ့ထုတ်ပစ်တာ လိုင်းထဲမှာဆိုရင်လည်း သူနဲ့အဆင်မပြေဘူးဆို ထုတ်ပစ်မယ့်အနေအထားမှာရှိနေတာ မညှိနှိုင်းပေးဘူး ။


အမှန်တကယ်ဆို Production manager ကလုပ်ရမှာလေ အာဝါတီကိစ္စကို အခုက သူ့တခွန်းပဲ သူလုပ်ချင်တာကို ချယ်လှယ်ပြီးလုပ်နေတာက အခုက အလုပ်ထုတ်နေတာကို တရုတ်တွေနဲ့လက်မှတ်ထိုးစရာမလိုဘူး သူပြီးရင်ပြီးတဲ့ပုံစံနဲ့လုပ်နေတာ လိုင်းမှာ တရုတ် တက်ကနစ်ရှင်တွေရှိတယ်  HR Manager က တရုတ်စကားတတ်တော့ သူကခြယ်လှယ်ချင်သလိုခြယ်လှယ်တာပေါ့ လိုင်းထဲမှာဆို  production နဲ့ ရုံးပိုင်းနဲ့ကမတူဘူးလေ အခုတော့ အလုပ်သမားတွေကို လျင်လျင်မြန်မြန်မလုပ်ဖူးဆိုရင် လုပ်ခလစာမပေးဘူးပေါ့ ဂရိတ်တွေဘာတွေဆိုလည်း ပိုက်ဆံကို အများကြီးမပေးဘူး အလုံးရေနဲ့ ပေးမယ်ဆိုပြီး သူပေးမှာက အများဆုံး ၃၀ ကျန်တဲ့ ၂၀ ကို ဘယ်လိုလုပ်ပြီးပေးရမှာလဲ ညီမတို့ကမေးတော့ မသိဘူးဆိုပြီးပြောတယ် ပထမပိုင်းတုန်းက တော့ ဘယ်လိုမှ မရှင်းပေးဘူး အခုလည်း ရှင်းပေးမယ်ဆိုပြီး ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။


ဖြေကြားပေးတာကျေးဇူးပါ။

 

 


Related posts

Cover
NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ
Apr 27, 2024
Cover
စက်ရုံလုပ်သားများ လုပ်ငန်းခွင်စွန့်ပြီး ပြည်ပထွက်ရန် ကြိုးပမ်းလာ
Apr 27, 2024
Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024