NEWS

လုပ်ငန်းခွင်မဝင်ဘဲဆန္ဒပြနေတဲ့ Asian Just အထည်ချုပ်လုပ်သားများအလုပ်ထုတ်ခံရမယ်လို့ခြိမ်းခြောက်ခံနေရ

CoverLogo
2K Views

ရန်ကုန်မြို့ ရွှေပြည်သာစက်မှု့ဇုန်ထဲမှာ လုပ်ကိုင်နေတဲ့ Asia Just Co.,Ltd ရဲ့မန်နေဂျာမှာအလုပ်သမားတွေအပေါ်လုပ်ခလစာခေါင်းပုံဖြတ်နေတဲ့အပြင် စက်ရုံစည်းကမ်းများကိုပါဖောက်ဖျက်ပြီးဝန်ထမ်းများအပေါ်နိုင့်ထက်စီးနင်းပြုမူနေတာတွေရှိနေတဲ့အပြင် ရက်မှန်ကြေးဖြတ်တောက်တာတွေရှိနေတဲ့
အတွက်ဒီကနေ့မှာပဲစက်ရုံလုပ်သားတွေ မန်နေဂျာကိုတာဝန်ကရပ်ဆိုင်းပေးဖို့ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

ဒီကိစ္စကိုစက်ရုံတာဝန်ရှိသူတွေနဲ့နိုဝင်ဘာလထဲကပြောဆိုဆွေးနွေးခဲ့ပြီးဖြေရှင်းပေးခဲ့တာမျိုးမရှိတဲ့အတွက်ယခုဒီဇင်ဘာလ ၄ ရက်နေ့ကနေယနေ့အထိလုပ်ငန်းခွင်မဝင်တော့ပဲဆန္ဒပြခဲ့တာဖြစ်တယ်လို့သိရပါတယ်။

"ခုကတော့အလုပ်ပြန်မဆင်းဘူးဆိုအလုပ်ထုတ်မယ်ဆိုပြီးပြောလာတယ် ရက်မှန်ကြေးကတော့မပေးတော့တာကြာပြီ ကျတော်တို့တောင်းဆိုတဲ့အထဲမှာ အဲ့ဒါတွေလဲပါတယ်၊ သူဌေးသုံးယောက်ထဲကတယောက်ဆေးရုံတက်နေရတယ် ဆိုပြီးသူတို့ကအကြောင်းပြနေတာ ခုချိန်ထိကိုလုံးဝမညှိနှိုင်းဘူးမဖြေရှင်းပေးဘူး"လို့စက်ရုံဝန်ထမ်းတဦးကMLNကိုပြောပါတယ်။

မန်နေဂျာဦးစိုင်းလင်းထွန်းဆိုသူမှသူစိုက်ပျိုးထားတဲ့ပန်းတွေပျောက်တဲ့ကိစ္စနဲ့စက်ရုံအလုပ်သမတွေကိုရိုင်းစိုင်းစွာပြောဆိုတာတွေရှိခဲ့တဲ့အပြင်အရက်သေစာသောက်စားပြီးခိုက်ရန်ဖြစ်ပွားတာတွေပြုလုပ်ပြီးအလုပ်သမားတွေအပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေရှိလာတဲ့အတွက်အခုလိုထုတ်ပယ်ပေးဖို့အထိဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။

"ကျတော်တို့ကမန်နေဂျာကိုမထုတ်ပေးရင်တောင်ကျတော်တို့ကိုလာမအုပ်ချုပ်ဖို့ပြောထားတယ်ဗျာပြီးတော့ ရက်မှန်ကြေးပြန်ပေးဖို့ပြောထားတယ်ကျတော်တို့ဆိုခုမနက်ကနေစက်ရုံဆင်းချိန်အထိစက်ရုံးနားကနေရာလေးတွေမှာနေပြီးဆန္ဒပြနေကြရတာအခက်အခဲရှိတယ်"လို့ AJ စက်ရုံဝန်ထမ်းတဦးကဆိုပါတယ်။


အဆိုပါစက်ရံမှာ ဥ​ရောပနိုင်ငံတွေနဲ့အီတလီနိုင်ငံကိုတံဆိပ်များစွာဖြင့်ကုတ်အကျီများတင်ပို့   ထုတ်လုပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာလာရောက်လုပ်ကိုင်နေတာနှစ်​ပေါင်း၂၀ ခန့် ရှိနေပြီလို့လဲသိရပါတယ်။

ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းစက်ရုံအလုပ်ရုံတွေနဲ့စက်ရုံရဲ့လက်ဝေခံတွေကအလုပ်သမားတွေအပေါ်နိုင့်ထက်စီးနင်းပြုမူပြီးလုပ်သားအခွင့်အရေးပြောင်ပြောင်တင်းတင်းချိုးဖောက်လာတာတွေရှိသလို NUG အစိုးရဖက်ကလဲ 
လုပ်သားခွင့်ရေးချိုးဖောက်သူတွေကိုအရေးယူမယ်လို့ပြတ်ပြတ်သားသားကြေညာထားပါတယ်။


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026