NEWS

လုပ်ငန်းခွင်မတော်တဆကြောင့် လက်ပြတ်သွားသည့်မြန်မာအမျိုးသမီးအလုပ်သမားကို နစ်နာကြေးပေးရန်သူဌေးမှကတိပြု

CoverLogo
316 Views
 
ထိုင်းနိုင်ငံ လှချ်ဘူလိခရိုင်၊ ဒန်ထက်တကိုမြို့၊ ချောင်ဘိန်ကျေးရွာ တွင်ရှိသော ထိုင်းလုပ်ငန်းရှင်ပိုင် သစ်လုပ်ငန်းတွင်အလုပ်လုပ်နေသော မမိုးသန္တာလွင်သည် သစ်လုံးအမှုန့်ကြိတ်စက်တွင် စက်ညှပ်မိပြီး ညာဘက်လက်ပြတ်သွားကာ နစ်နာခဲ့ရမှုအပေါ် သက်ဆိုင်ရာ ဌာနကို တိုင်ကြားပြီးနောက် အလုပ်ရှင်မှပကန်စခွန်ရုံးတာဝန်ရှိသူများရှေ့တွင် နစ်နာကြေးအားတာဝန်ယူဖြေရှင်းပေးမည်ဟုဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
မြန်မာ (CI)အလုပ်သမား မမိုးသန္တာလွင်သည်အဆိုပါအလုပ်တွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ဇူလိုင်၂၂ရက် နံနက် ၈:၃၀ ခန့်တွင် သစ်လုံးကြီးများကို အမှုန့်ကြိတ်နေရာ သစ်လုံးငယ်တစ်ခုရောပါသွားသဖြင့် သံချောင်းနှင့် လှမ်းထုတ်လိုက်ရာ အင်္ကျီစဖြင့် ချိတ်မိကာ ညာဘက်လက်ကြိတ်မိသွားပြီး အခင်းဖြစ်သည့်နေရာတွင် ပြတ်ထွတ်သွားခဲ့ခြင်းဖြစ်ပါတယ်။
 
အခင်းဖြစ်ပွားပြီးနောက် လှချ်ပူလိဆေးရုံကြီးသို့ပို့ဆောင် ဆေးကုသမှုခံယူ​ပြီးလက်ကိုပြန်ချုပ်ထားပေးခဲ့ပြီး ဇူလိုင် ၂၇ရက်တွင် ဆေးရုံဆင်းပြီး ဆေးကုသမှုစရိတ်ကို ပကန်စခွန်မရှိသောကြောင့် စက်ရုံမှသူဌေးမှရှင်းပေးခဲ့ပြီး ဆေးရုံမှဆင်းပြီးဆေးခွင့်ဖြင့်နားနေသည့်ကာလတွင် စက်ရုံဘက်မှ မည်သည့်ထောက်ပံ့ကြေးမှမပေးသည့်အပြင် ဆေးရုံမှပေးသည့်စာရွက်စာတမ်းများကိုလည်းသိမ်းဆည်းထားကြောင်းသိရပါတယ်။
 
"သူဌေးကပထမတုန်းကတော့လုံးဝတာဝန်ခံမှုမရှိဘူး။ ပကန်စခွန်ရုံးကိုခေါ်ပြီးတော့ သူဌေးကိုဝန်ခံကတိလက်မှတ်ထိုးခိုင်းရတာပါ။စာရွက်စာတမ်းတွေ အပေါ်မှာသူကတာဝန်ခံရမှာပေါ့။ရုံးမှာသူဌေးနဲ့တောင်ကျွန်တော်တို့ WAG အဖွဲ့စကားပြန်တွေနဲ့ပေါ့စကားအတိုက်အခံဖြစ်တယ်။အခုဆိုသူဌေးဒဏ်ငွေဆောင်ရမယ်။ဒီအလုပ်သမားကို လည်းတာဝန်အပြည့်အဝယူရမယ်ဆိုပြီး ပကန်စခွန်က နှစ်ဦးသဘောတူလက်မှတ်ထိုးခိုင်းတယ်ပေါ့။
 
အလုပ်သမားအနေနဲ့ဆေးကုသမှုတွေခံယူပြီး သူ့လက်ဆုံးရှုံးမှုဘယ်လောက်လဲဆိုတာတိုင်းထွာပြီးမှပကန်စခွန်နဲ့ဆရာဝန်ကနစ်နာကြေးသတ်မှတ်ပေးမှာပါ"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
WAG အဖွဲ့သားများမှ အလုပ်သမားနှင့်အတူ အောက်တိုဘာ၂၉ရက်တွင် နယ်မြေခံပကန်စခွန်ရုံးသို့သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရာ ပကန်စခွန်ရုံးတာဝန်ရှိသူမှသူဌေးအားဖုန်းဆက်ခေါ်ပြီးညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ သူဌေးမှနစ်နာကြေးအားတာဝန်ယူဖြေရှင်းပေးမည် ဟုခံဝန်ကတိကို ပကန်စခွန်ရုံးတာဝန်ရှိသူများရှေ့တွင် နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့မှသိရပါတယ်။
 

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026