NEWS

လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနေတာနဲ့ အလုပ်သမားအခွင့်ရေးဆုံးရှုံးနေတဲ့အပေါ် ဖြေရှင်းပေးဖို့တောင်းဆို

CoverLogo
272 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၃ လမ်း၊ အမှတ် (_)မှာရှိတဲ့ SDI MANUFACTURING အထည်ချုပ်စက်ရုံက လုပ်သားတွေအနေနဲ့ အလုပ်သမားအခွင့်ရေးအချို့ ဆုံးရှုံးတာနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်တွေကြုံတွေ့နိုင်ဖွယ် ဖြစ်နေတဲ့အပေါ် ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
SDI MANUFACTURING အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်ပြီး Fieldcore အမှတ်တံဆိပ်ကိုချုပ်လုပ်ကာ အလုပ်သမားအရေအတွက် ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ဆိုပါတယ်။
 
" စက်ရုံမှာအပေါ်ထပ်မှာ စက်ချုပ်လိုင်းဖြစ်ပြီး အောက်ထပ်က အခြားစက်ရှင်တွေ ထားပါတယ်။ အပေါ်အောက်လှေကားနေရာဟာ မိုးမလုံလို့အမြဲ ချော်နေပါတယ်။လျှပ်စစ်အန္တရာယ်ကို ကြောက်ရတဲ့အပြင် အပေါ်ကနေ အောက်ဆင်းရာမှာဖြစ်စေ၊ အောက်ကနေ အပေါ်တက်ရာမှာ ဖြစ်စေ ချော်လဲ နိုင်ပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ်မကင်းရှင်းဘူးဖြစ်နေတာပါ ။အလုပ်ရှင်က ဖွဲ့ပေးထားတဲ့လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC ရှိပါတယ်။WCC ကိုယ်စားလှယ် တွေကအချိန်ပို (OT) ခေါ်ဖို့လောက်ပဲ လက်မှတ်ထိုးပေးကြတာ အလုပ်သမားတွေ အခြေအနေနဲ့ပတ်သက်ပြီးဖြေရှင်းဆောင်ရွက်ပေးတာမရှိနေတဲ့ အတွက် အလုပ်သမားအခွင့်အရေးဆုံးရှုံးနေတဲ့အပေါ်‌ ဖြေရှင်းပေးဖို့ပါ" လို့အလုပ်သမားတွေကပြောပါတယ်။
 
SDI MANUFACTURING အထည်ချုပ်စက်ရုံရဲ့ အလုပ်ချိန်မှာ မနက် ၇ နာရီ ၃၀ မှ ညနေ ၆ နာရီထိ ဖြစ်ပြီးအချိန်ပို ၂ နာရီ ပါပြီး လစာအနေနဲ့ဒေကြေး ၄၈၀၀ ကျပ်+ ထောက်ပံ့ကြေး ၄၂၀၀ ကျပ်၊ စုပေါင်း ၉,၀၀၀၊ ရက်မှန်ကြေး ၃,၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေးA+ ၄,၅၀၀၀ ကျပ်၊ A ၄,၀၀၀၀ ကျပ်၊ B+ ၃,၅၀၀၀ ကျပ်၊ B ၃,၀၀၀၀ ကျပ်၊ C+ ၂,၀၀၀၀ ကျပ်၊ C ၂,၀၀၀၀ ကျပ် တို့ဖြစ်ပါတယ်။
 
ရက်မှန်ကြေးကို ၁၀ ရက်အတွင်း ဘယ်ခွင့်နဲ့ မဆို အလုပ်ပျက်ပါက ၁,၀၀၀၀ ကျပ်ဖြတ်ပြီး တစ်လကို ၁၀ ရက်နဲ့ သုံးခါခွဲပေးထားသလို ကျွမ်းကျင်ကြေး အဆင့်လိုက်က တော့ ရက်ပျက်တာနဲ့ ဥပမာ ယခု A ၄,၀၀၀၀ ကျပ်ပေးထားရင် အလုပ်ပျက်ပါက B+ ၃,၅၀၀၀ ကျပ်ပဲပေးကာ ကျွမ်းကျင်အဆင့်ကို ချလိုက်တယ်လို့သိရပါတယ်။
 
" အလုပ်သမားတွေရရမယ့်ခွင့်တွေဆိုလည်း အသာတကြည်ပေးလေ့မရှိဘူး။လုပ်ငန်းခွင်အတွင်း ဆူပူဆဲဆိုတာတွေလည်းရှိတယ်။ စက်ရုံထဲမှာ ဆေးခန်းထားပေး၊ နက်စ်ထားပေးထားပေမယ့် ဗိုက်အောင့်၊ ခေါင်းမူး၊ အော့အန်လို့ ဆေးသွားတောင်းရင်တောင် ဆေးခန်းမှာ ဆေးမရှိပါဘူး။ နားလို့လည်း မရပါဘူး။စက်ရုံမှာ ရေသန့်ဝယ်တိုက်တာမဟုတ်ပါဘူး။ စက်ရုံကရေကို ရေသန့်စက်တပ်ပြီးတိုက်တာဆိုပြီး တိုက်တယ်။ ရေ‌ တွေက အနံ့တွေထွက်နေလို့ မသောက်နိုင်ဖြစ်ရပါတယ်။အိမ်သာတွေက ရှိတဲ့လူဦးရေနဲ့ မမျှတဲ့အပြင် ပျက်ဆီးနေတာ၊ ဂျလတ်မရှိတာတွေများနေသလို သန့်ရှင်းမှုမရှိပဲ နံဆော်နေတယ်။မိုးမလုံဘဲ မိုးယိုနေတာတွေဖြစ်ပေါ်နေပါတယ်။ " လို့ SDI MANUFACTURING COL,LDT အထည်ချုပ်စက်ရုံရဲ့အခြေအနေတွေကို အလုပ်သမားတွေကပြောပြပါတယ်။
 
ဒါကြောင့် SDI MANUFACTURING အထည်ချုပ်စက်ရုံပိုင်ရှင်‌ကို ပြုပြင်ပေးစေလိုတဲ့တောင်းဆိုချက်တွေ ကို
 
အလုပ်သမား‌ တွေက အနေနဲ့အောက်ပါအတိုင်း တောင်းဆိုထားပါတယ်။
 
၁။ အထည်စံချိန်များကို ဖိအားပေးတောင်းဆိုခြင်းနှင့် ဆဲဆို အော်ဟစ်တောင်းဆိုခြင်းများ မပြုလုပ်ရန်။
၂။ ကျွမ်းကျင်မှုသည် ရက်ပျက်တာနှင့် ကျွမ်းကျင်မှု လျော့ချသွားသည် မဟုတ်သည်အတွက် ရက်ပျက်ပါက ပေးထားသည့် ကျွမ်းကျင်အဆင့်ကို မချရန်။
၃။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်ဘေအန္တရာယ်များရှိပါသည်။ မိုးယိုနေသည့် နေရာများကို ပြုပြင်ပေးရန်၊ အိမ်သာများပြုပြင်ပေးရန်တို့ဖြစ်ပါသည်။
၃။ ခွင့်ရက်များကို တင်ပြပါက ပေးရန်၊ ဂိတ်ပတ်တင်ပြပါက အလွယ်တကူပေးရန်။
၄။ ဆေးပေးခန်းတွင် နက်စ်ရှိသည်အတွက် ထားသင့်သည် ဆေးများ ထားပေးရန်။
၅။ စက်ရုံမှ ရေသန့်ဆိုပြီ တိုက်နေသည်ရေသည် အမြဲ နံနေခြင်း၊ သံချေးအရောင်များပါနေခြင်းကြောင့် သောက်ရေသန့် တိုက်ပေးရန်
၆။ စက်ရုံးစည်းကမ်းများကို တပြေညီသတ်မှတ်ရန်။ စတဲ့ အချက်တွေကို ‌လုပ်ပေးစေလိုကြောင်းသိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026