NEWS

လုပ်ငန်းခွင်ဖိနှိပ်မှုတွေကို တိုင်ကြားရန်ခက်ခဲနေဟု Eslite အထည်ချုပ်စက်ရုံအလုပ်သမားများပြော

CoverLogo
4.2K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု့ဇုန်၊ မောင်ကျန်သီးလမ်းမှာလုပ်ကိုင်နေတဲ့ထိုင်ဝမ်နိုင်ငံသားပိုင် Eslite Garment Co.Ltd အထည်ချုပ်စက် ရုံအတွင်းလုပ်ငန်းခွင်ဖိနှိပ်မှု့ဒဏ်ကိုအလုပ်သမားအများစုခံစားနေကြရတယ်လို့သိရပါတယ်။

အဲ့ဒီ့လိုလုပ်ငန်းခွင်ဖိနှိပ်မှု့တွေလုပ်နေတဲသူတွေဟာပိုင်ရှင်သူဌေးဆိုသူတွေရဲ့လူယုံ တရုတ်မန်နေဂျာတွေဖြစ်တယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"သူဌေးကဒီမှမရှိဘူးသူ့လူယုံတရုတ်တွေနဲ့ HR ကလုပ်နေတာသန့်ရှင်းရေးတွေဆိုလဲ သက်ကြီးပိုင်းတွေများတာကိုအလုပ်ပြီးလို့ခဏလေးတောင်ထိုင်နားလို့မရတဲ့အထိလုပ်နေတာပဲ"လို့အဆိုပါစက်ရုံလုပ်သားတဦးက MLN ကိုပြောပါတယ်။

စက်ရုံတွင်းဖိနှိပ်ခံရမှု့တွေရှိနေတဲ့အပြင်စက်ရုံဖက်ကချုပ်ထည်တွေတိုးတောင်းတာတွေရှိနေပြီးတော့အပေါ့အပါးသွားချိန်မရတဲ့အထိ အလုပ်သမားတွေအပေါ်မတန်တဆခိုင်းစေနေတာတွေလဲရှိနေတယ်လို့သိရပါတယ်။

"အပေါ့သွားချိန်တောင်မရဘူးဒီနေ့၂၀တောင်းရင်နောက်နေ့၄၀တောင်းတာမတရားကိုအာဝါဒီးတွေတိုးတောင်းနေတာ"လို့ Eslite Garment Co.Ltd ရဲ့စက်ရုံဝန်ထမ်းတဦးပြောပါတယ်။

စက်ရုံဖက်ကလူမှု့ဖူလုံရေးကြေးရရှိဖို့အတွက်လဲအလုပ်သမားတွေဖက်ကအခက်တွေ့နေတဲ့အပြင်လူမှု့ဖူလုံရေးကြေးလျောက်ထားရာမှာစက်ရုံဖက်ကန့်သတ်တာတွေရှိနေတဲ့အတွက်ယခင်ကလိုအဆင်မပြေဘူးလို့အလုပ်သမားတွေဖက်ကပြောပါတယ်။

ဒါ့အပြင်စက်ရုံမှာရှိနေတဲ့အလုပ်သမားသမဂ္ဂကိုလဲစက်ရုံဖက်ကထိန်းချုပ်ထားတဲ့အတွက် စက်ရုံတွင်းအလုပ်သမားအခွင့်အရေးတောင်းဆိုရတဲ့နေရာတွေမှာ အလုပ်သမားတွေဖက်ကအခက်ကြုံနေရတယ်လို့ဆိုပါတယ်။

"သမဂ္ဂကတော့အလုပ်သမားတွေကိုယ့်ဘာသာဖွဲ့ထားတာ ဒါပေမယ့်သူတို့လဲပြောမရဆိုမရတဲ့အခြေအနေဆိုတော့ခုဟာကဘယ်သွားတိုင်လို့တိုင်ရမလဲမသိတဲ့အခြေအနေဖြစ်နေကြတယ်"လို့အဆိုပါစက်ရုံအလုပ်သမားတဦးပြောပါတယ်။

ဒီလိုတရုတ်မန်နေဂျာတွေရဲ့လုပ်ငန်းခွင်အတွင်းဖိနှိပ်မှု့တွေကိုစက်ရုံဖက်ကအမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့အလုပ်သမားတွေဖက်ကလိုလားနေကြတယ်လို့လဲ အလုပ်သမားတွေရဲ့ပြောကြားချက်တွေအရ MLN ကသိရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းအလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်နဲ့ယခင်ရှိနှင့်ပြီးသားသမဂ္ဂတွေကိုစက်ရုံနဲ့ပေါင်းပြီးဖိနှိပ်နေတာတွေရှိနေတဲ့အပြင်သမဂ္ဂအဖွဲ့ချုပ်ခေါင်းဆောင်တွေကိုလဲဖမ်းဆီးပြီးထောင်ဒဏ်တွေချမှတ်ထားတာပါ။

EsliteGarmentCo.Ltdအထည်ချုပ်စက်ရုံဟာ Carhartt အမှတ်တံဆိပ် အနွေးထည်၊ ဘောင်းဘီအတိုအရှည်များကိုချုပ်ပြီးဥရောပနိုင်ငံတွေကိုတင်ပို့နေတဲ့စက်ရုံတရုံဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026