NEWS

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမားကို  GTIG Guohua Glory စက်ရုံက ဆေးကုသပေးမှု မရှိဘဲ နစ်နာကြေး သိန်း ၅၀ ကျပ်သာ​ပေးမည်ဟု​ပြော

CoverLogo
778 Views

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန် ဝန်ဆောင်မှုလမ်းရှိ  GTIG Guohua Glory အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာရပြီး  အောက်ပိုင်းသေသည်အထိ ဖြစ်သွားနိုင်သော စက်ရုံအလုပ်  သမားတစ်ဦးကို စက်ရုံဘက်မှ ဆေးကုသပေးတာမရှိဘဲ နစ်နာကြေးအနေနဲ့ ငွေကျပ် သိန်း ၅၀ သာပေးရန် ပြောဆိုခဲ့တယ်လို့  စုံစမ်းသိရှိရ ပါတယ်။ 

ထိခိုက်ဒဏ်ရာရရှိခဲ့သော အလုပ်သမားဟာ ၂၀၁၇ ဒီဇင်ဘာမှာ အလုပ်စတင်ကာ ​Opreator ရာထူးဖြင့် လုပ်ကိုင်​နေသူဖြစ်ပြီး  ၂၀၂၃ ဇူလိုင် ၂၂ရက် ညနေပိုင်း အလုပ်ဆင်းချိန်မှာ ဖယ်ရီကားပေါ် တက်စဉ် အနောက်သို့ လန်ကာ ပြုတ်ကျပြီး ဦးခေါင်းထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ထိခိုက်မှုကြောင့် အလုပ်သမားဟာ နှာခေါင်းသွေးလျှံခြင်း၊ ခေါင်းမူးဝေခြင်းတွေ ဖြစ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် CT scan ရိုက်ကူးခဲ့ရာ ဦးနှောက်သို့ပို့လွှတ်သည့် သွေးကြောမျှင်ပေါက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးကု သမှု ခံယူခဲ့ရပါတယ်။ 

စက်ရုံဘက်က ဆေးခွင့်မပေးတော့တဲ့အတွက် ၂၀၂၃ ဩဂုတ်လတွင် အလုပ်ပြန်ဆင်းခဲ့ရတယ်လို့ သိရပါတယ်။ 

ကျန်းမာရေးအခြေအနေကြောင့် သတ်မှတ်အလုပ်စံချိန်တွေ မပြည့်မီတာတွေ ရှိခဲ့ရာ စက်ရုံ Line All Super က   မိုက်ဖြင့် အရှက်ခွဲ ပြောဆိုတာ ခံခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။  

ရရှိထားသော ထိခိုက်ဒဏ်ရာကို ၂၀၂၄ မတ်လတွင် ကြည့်မြင်တိုင်ပြည်သူ့ဆေးရုံကြီးမှာ ထပ်မံ  ခွဲစိတ်ကုသမှုခံယူခဲ့ရာ စက်ရုံဘက်က ဆေးဝါးကုသမှုအတွက် ငွေကြေးထောက်ပံ့ကူညီပေးတာ မရှိဘူးလို့ ဆိုပါတယ်။ 

စက်ရုံလုပ်ငန်းရှင်က ၂၀၂၃  ဇူလိုင် ၂၂ရက်မှ ၂၀၂၄ ဇူလိုင် ၈ရက်အထိ လုပ်ငန်းခွင့်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ သော အလုပ်သမားနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ လည်း STUM ကထုတ်ပြန်ထားပါတယ်။ 

၂၀၂၄ ခုနှစ် ၊အောက်တိုဘာလ ၂၅ရက်နေ့မှာ စက်ရုံမန်နေဂျာရုံးခန်း၌ မန်နေဂျာ၊ လုပ်ငန်းရှင်၏ COC ၊အလုပ်ရှင်၏ WCCအဖွဲ့ဝင်များ၊ စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူများနှင့်  ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်ဘက်မှ ယခုဆေးဝါးကုသမှုအား တာဝန်မယူနိုင်တော့ကြောင်း ပြောပြီး လျော်ကြေးငွေ သိန်းငါးဆယ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ထိုသို့ လုပ်ငန်းရှင်ဘက်မှ ပြောဆိုဆက်ဆံခြင်း၊ ပျက်ကွက်ခြင်းများနှင့်ပတ်သက်ပြီး  ကူညီဖြေရှင်းပေးပါရန် ထိခိုက်ခံရသည့် အလုပ်သမားမှ STUM သို့ အကူညီတောင်းခံခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး "ယခုဖြစ်ရပ်သည် လုပ်ငန်းရှင်အနေဖြင့် မိမိလုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာသွားရသည့် အလုပ်သမားအပေါ် တာဝန်ယူလိုစိတ်ကင်းမဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း STUMအနေဖြင့်ရှုမြင်ပြီး လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာခဲ့ရသောတောင်းဆိုမှုများရရှိရေးအတွက် STUMအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမယ်"လို့ ထုတ်ပြန်ထားပါတယ်။ 

ထိခိုက်မှု စတင်ဖြစ်ပွား သည့်အချိန်မှ စတင် ပြီးစက်ရုံဘက်မှ လိမ်ခိုင်းခဲ့သလို ချော်လဲ သည်ဟုသာပြောသဖြင့် ဖူလုံရေးခွင့်မရခြင်း၊ လုပ်ခ လစာ မရခြင်း စသည့် အလုပ်သမားတဦးရသင့်ရထိုက်သည့်အခွင့်အရေးများဆုံးရှုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဆေးဝါးကုသမှု ခံယူနေတဲ့ အလုပ်သမားကို တာဝန်မယူသော စက်ရုံမှာ UNITED COLORS OF BENETTON နဲ့ ONLY အမှတ်တံဆိပ် Bestseller brand ချုပ်နေသော စက်ရုံဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026