NEWS

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေ

CoverLogo
862 Views
 
လှိုင်သာယာမြိုနယ် ရွှေလင်ဗန်းစက်မှုဇုန် ဦးတရုတ်လမ်း မှာဖွင့်လှစ်ထားတဲ့ Heng Run Garment Co.,ltd အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်တာခံနေရတယ်လို့အလုပ်သမားတွေထံက သိရပါတယ်။
တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၂၀၀ ဝန်းကျင်နဲ့ prenatal အမှတ်တံဆိပ် ဝယ်လွန်သား အင်္ကျီအထည်တွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ သိထားပေမယ့် မည်သူမည်ဝါဖြစ်ကြောင်း သိရှိရခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၁၂၀၀ နဲ့ လည်ပတ်နေပေမဲ့ သုံးပုံတပုံဖြစ်တဲ့ အလုပ်သမား ၄၀၀ ကျော်က နေ့စားအလုပ်သမား‌ တွေ ဖြစ်ပြီး လုပ်သက် ၈ လကနေ တနှစ်ကျော်ကြာမြင့်ပေမဲ့ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ နေ့စားအဖြစ်သာလုပ်ကိုင်နေရတာကြောင့် ခွင့်ခံစားခွင့်တွေ လူမှုဖူလုံရေးခံစားခွင့်တွေမရဘဲ နစ်နာမှုတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
 
"အလုပ်သမား ၁၂၀၀ ကျော်မှာ နေ့စားတွေက ၄၀၀ လောက်ရှိတယ် လစားအဖြစ် အတည်ပြုခန့်တာမရှိတဲ့အတွက် အတည်ပြုဝန်ထမ်းနဲ့ ဒေးကြေးအတူတူပဲ အများပြည်သူအလုပ်ပိတ်ရက်တွေကျရင် ဒေးကြေးမရတော့ ဘူး လူမှုဖူလုံရေးကြေး လည်းထည့်ရတာမရှိဘူး ခံစားခွင့်လည်းမရှိသလို ဆေးခွင့်လည်းမရဘူး အလုပ်လုပ်တဲ့ ရက်ပိုက်ဆံရတယ် ပိတ်ရက်ဆို မရဘူး သင်္ကြန်ပိတ်ရက်တွေအတွက် လည်း ဒေးကြေးမရတော့ တအားနစ်နာတာပေါ့"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။
 
အလုပ်ဝင်ချိန်က နံနက် ၈ နာရီကနေ ည ၇ နာီအထိဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ ချုပ်လုပ်ရတဲ့ အထည်စံချိန်မှာ လူဦးရေ ၆၀ ကျော်ရှိတဲ့ စက်လိုင်းတလိုင်းလျင် တနာရီအထည် ၈၀ အထိ သတ်မှတ်တောင်းခံပြီး အထည်စံချိန်မပြည့်ပါက စူပါ အောစူပါများမှ ရိုင်းစိုင်းစွာဆဲဆိုခိုင်းစေနေလို့ အခက်ကြုံနေရတယ်လို့ အလုပ်သမားက ပြောပါတယ်။
 
"technician တရုတ်မတွေကလဲ လိုင်းထဲလိုက်ကြည့်လို့ သူအမြင်မကြည်တဲ့လူတွေဆို နောက်နေ့အလုပ်မလာခိုင်းနဲ့လို့ ပြောပြီးအလုပ်ကနေ ထုတ်ပစ်တယ် နိုင်ငံခြားသားတရုတ်မတွေကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်ပြီး ခိုင်းစေနေတဲ့ အတွက်အလုပ်သမားတွေက အိမ်သာသွားချိန်တောင်မရဘူး အောစူပါ၊ စူပါတွေကို အလုပ်သမားများကို ဖိနှိပ်ပြီးခိုင်းဖို့ အတွက် အလုပ်ရှင်ဘက်ကနေ ဘောနပ်ပေးရတာနဲ့ မုန့်ကျွေးရတာနဲ့လုပ်နေတော့ စူပါတွေက ပိုဆဲတာမိုးမွှန်နေပြီး အလုပ်ရှင်အားရအောင် အလုပ်သမားတွေအပေါ် ဆိုးရွာစွာဆက်ဆံတာတွေခံစားနေရပါတယ် စားဝတ်နေရေးအတွက် သည်းခံနေရတာ"လို့ အလုပ်သမားကဆက်လက်ပြောဆိုပါတယ်။
 
လုပ်ငန်းခွင်အတွင်း ဆေးဝယ်ဖို့ဆိုကာ အလုပ်သမားတွေထံက ၂၀၀၀ ကျပ်က နေ ၃၀၀၀ ကျပ်အထိ ကောက်ခံတာ လုပ်ငန်းခွင်သုံး တံမြတ်စည်း ဂေါ်ပြားဝယ်ရန် ဟုဆိုကာ ငွေကြေး ကောက်ခံနေခြင်းများ ပြုလုပ်နေတာဟာ အလုပ်သမားတွေထံက ခေါင်းပုံဖြတ်နေတာ ဖြစ်ကြောင်း အလုပ်သမားတွေကပြောဆိုပါတယ်။
 
"အလုပ်ထဲမှာ wcc ရှိတယ်လို့တော့ပြောတယ် wcc တွေကဘယ်သူဆိုတာတောင် အလုပ်သမား တွေ မသိရဘူး ဖြေရှင်းပေးဖို့ ကို ပြောမနေနဲ့တော့"လို့ အလုပ်သမားက မှတ်ချက်ပြုပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ဆေးခွင့် ရှောင်တခင်ခွင့်တွေလည်း ခံစားခွင့်မပေးခြင်း အရေးပေါ် ခွင့်တရက်ယူပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ်ဖြတ်တောက်ခံရခြင်း လုပ်ငန်းခွင်ထဲရောက်မှ အရမ်းဖျားနာနေလျှင် လည်း Gate pass ယူလို့မရခြင်း၊ Gate pass သွားတောင်းပါက မလာချင်ရင်အစထဲက မလာနဲ့လို့ပြောလွှတ် ခြင်း၊ အလုပ်မလာပါကလဲ အဆင်မပြေတဲ့သူဆိုပါက အလုပ်က ချက်ချင်းထုတ်ပစ်ခြင်း စတဲ့ နစ်နာမှုတွေ ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။
 
အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ လုပ်သက်၈လကျော် တစ်နှစ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှဆေးဝယ်ရန်အတွက် ပိုက်ဆံကိုအလုပ်သမားများဆီက မကောက်ခံရန်။
၃။ လုပ်ငန်းခွင်ထဲ အသုံးပြုသော တံမြက်စီး ဂေါ်ပြားဝယ်ရန် အလုပ်သမားမျာဆီက ပိုက်ဆံမကောက်ခံရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ခံစားခွင့်ရှိသော ဆေးခွင့်၊ ရှောင်တခင်ခွင့်ကို ခံစားခွင့်ပေးရန်။
၅။ နိုင်ငံခြားသားတရုတ်လူမျိုးမှ တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုလုပ်ရန်နှင့် အပြစ်မရှိအပြစ်ရှာပြီး အလုပ်ထုတ်ခြင်း မပြုလုပ်ရန်။
၆။ အလုပ်သမားများကို စူပါ၊အောစူပါတွေက ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း မပြုလုပ်ရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026