NEWS

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လိုလားနေ

CoverLogo
312 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့ TIANJIN FASHION MILESTONE CO.,Ltd အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေရှိနေပြီး နစ်နာမှုတွေဖြစ်ပေါ်နေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေအနေနဲ့ ဥပဒေပါခွင့်ခံစားခွင့်မရတာ၊ အများပြည်သူအလုပ်ပိတ်ရက်နဲ့ အခါကြီးရက်ကြီးတွေမှာ အချိန်ပိုမဖြစ်မနေဆင်းခိုင်းတာ ၊ လူငယ်လုပ်သားတွေကို မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်မပါဘဲ ခိုင်းစေတာ၊ လူကြီးလုပ်သားတွေနဲ့တန်းတူလုပ်ခိုင်းပြီး အချိန်ပိုအလွန်အကျွံဆင်းခိုင်းတာ ၊ အချိန်ပိုဆင်းရန်ငြင်းဆန်ပါက ဖိအားပေးလက်မှတ်ထိုးပြီးဆင်းခိုင်းတာအပြင် လုပ်ငန်းခွင်အတွင်းဆဲဆိုခိုင်းစေတာတွေ ပြုလုပ်နေတာကြောင့် အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားထားပါတယ်။
 
စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၂၀၀ ကျော်နဲ့ Vero Moda , Lcw Vision, Lc Walkiki, Xside, အမှတ်တံဆိပ် အင်္ကျီအထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
အဆိုပါလုပ်ငန်းခွင်မှာ အလုပ်သမားတွေချုပ်လုပ်နိုင်တာထပ်ပိုတဲ့ အထည်စံချိန်တောင်းခံတာ ၊ တောင်းခံတဲ့စံချိန်မရပါက ကြီးကြပ်သူတွေက ဆဲဆိုခိုင်းစေတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"နေမကောင်းဖြစ်တဲ့အချိန် ဂိတ်ပက် ( gate pass ) တောင်းရင်မပေးလို့ အလုပ်ပဲဆက်လုပ်ရတာရှိတယ်၊ အတော်လေးနေမကောင်းလို့ ပြန်လွှတ်ရင်လည်း လုပ်သက်နည်းတဲ့အလုပ်သမားဆိုရင် အလုပ်က တခါတည်းထုတ်ပစ်တယ်၊ WCC ရှိပေမယ့် အလုပ်ရှင်ဘက်ကလူကို ထည့်ထားပြီး အခက်အခဲတွေကို ဘာမှပြောလို့မရဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အထည်စံချိန်တောင်းခံရာမှာ ဆိုးရွားစွာ ပြောဆိုဆက်ဆံတာ၊ အလုပ်သမားတွေကို စောင့်ကြည့်တာ ၊ ဖယ်ရီအဆင်မပြေတာ ၊ ပြဿနာ တခုခုဖြစ်ပါက ဝမ်တိမ် ( Warning) လက်မှတ်ထိုးခိုင်းပြီး ၃ ကြိမ်ပြည့်တာနဲ့ အလုပ်ကနေထုတ်ပယ်တာ တွေပြုလုပ််တာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
 
အလုပ်ချိန် သတ်မှတ်ချက်အနေနဲ့ နံနက် ၇ နာရီ ၃၀ ကနေ နေ့လည် ထမင်းစာချိန် နာရီဝက်ပေးပြီး ည ၇ နာရီအထိ နားချိန်မပေးဘဲ အချိန်ပိုတောက်လျောက်ဆင်းရတယ်လို့ ပြောပါတယ်။
 
"အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို စူပါတွေ မန်နေဂျာတွေက အငြိုးထားပြီးဆက်ဆံပါတယ်၊ အလုပ်သမားတွေက အိုတီမဆင်းချင်လဲ ဆင်းရတယ် ပြန်မပြောရဲကြဘူး၊ အတင်းအကျပ်လက်မှတ်ထိုးပြီးဆင်းခိုင်းတယ် အော်ဒါအရေးကြီးတဲ့ရက်တွေဆိုရင် အခါကြီးရက်ကြီးနဲ့ တနင်္ဂနွေ နေ့တွေမှာပါ အချိန်ပိုဆင်းခိုင်းပါတယ်၊ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေကိုလဲ လူကြီးလုပ်သားတွေနဲ့တန်းတူ အချိန်ပိုဆင်းခိုင်းတွေရှိနေတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
ခွင့်ခံစားခွင့်ပေးရာမှာလည်း လုပ်သက်များသူတွေသာ ရရှိပြီး လုပ်သက်နည်းသူတွေခွင့်မရတာ၊ ရှောင်တခင်ခွင့် ၊ ဆေးခွင့် တွေမရတာ ကြောင့် ခွင့်တိုင်ပြီး အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး၊ ထောက်ပံ့ကြေး ၊ ရက်မှန်ကြေး စုစုပေါင်း ၃၀၀၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
ပိုမိုကောင်းမွန််တဲ့ လုပ်ငန်းခွင်ဖြစ်ရေးအတွက် အခုလို့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုကို ပြုပြင်ပြောင်းလဲပေးဖို့
 
အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
၁။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ခံစားခွင့်ကို အလုပ်ရှင်ဘက်မှ ခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ စနေနေ့ တနင်္ဂနွေနေ့ အခါကြီးရက်ကြီးများနေ့တွင် အချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြု လုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ လူငယ်၊လူရွယ်အလုပ်သမားများကို မတရားအချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီမဆင်းတဲ့ အလုပ်သမားများကို စူပါတွေ မန်နေဂျာတွေကပြောဆို လုပ်နေခြင်း၊ အငြိုးအတေးထားပြီး ဆက်ဆံနေခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ တရုတ်လူမျိုးများမှာ တိုက်ရိုက်အုပ်ချုပ်နေခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ စူပါများ လီတာများက အထည်စံချိန်မရလျင် အော်ဟစ်ဆဲဆိုနေခြင်းများမပြုလုပ်ရန် TIANJIN FASHION MILESTONE CO.,Ltd အလုပ်သမားတွေကပြောပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026