NEWS

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုတွေ ဖြေရှင်းပေးဖို့လိုလားနေ

CoverLogo
466 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် ၊ ငွေပင်လယ် ၄ လမ်းမှာ အလုပ်သမား ၈၀၀ ဝန်းကျင််နဲ့ လုပ်ကိုင်နေတဲ့ Golden Tri-Light Myanmar Co.,ltd အထည်ချုပ်စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေခံစားနေရတာကြောင့် ဖြေရှင်းပေးဖို့လိုလားနေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတာပါ။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာ White Mountain အမှတ်တံအဆိပ် အိတ်ချုပ်လုပ်တာလို့ သိရပါတယ်။
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေအနေနဲ့ အလုပ်သမားတွေခံစားခွင့်ရရှိရမယ့် ဥပဒေပါခွင့်ခံစားခွင့်၊ ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးခံစားခွင့် ၊ ဆေးခွင့် တွေမရရှိတာကြောင့် အလုပ်တရက်ပျက်ပါက ဒေးကြေး ထောက်ပံ့ကြေး နဲ့ ၉၀၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၄၀၀၀၀ကျပ် ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ဒါ့အပြင် လုပ်သက် ၁ နှစ်ပြည့်ပြီးတဲ့အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ လုပ်သက်ခွင့် ၁၀ ရက်စာကို အလုပ်ဆင်းခိုင်းပြီး ၄၀၀၀၀ ကျပ်ဖြင့်သာရှင်းပေးလို့ နစ်နာရတယ်လို့ ပြောပါတယ်။
 
"လုပ်သက်ခွင့်ကို ငွေသားနဲ့ပဲရှင်းပေးတာ မှန်မှန်ကန်ကန်မပေးတာတွေကို ဘယ်ကိုမှ သွားမပြောရဲဘူး အလုပ်ရှင်ကသိသွားရင်လည်း အလုပ်ထုတ်ခံရမှာ ကြောက်လို့ ငြိမ်နေရတယ်။ WCC ကော်မတီကို သွားပြောဖို့ကလည်း အလုပ်ရှင်ဘက်ကရွေးပြီးခန့်ထားတာဆိုတော့ ဘာမှမထူးဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
ချိုးဖောက်မှုတွေအနေနဲ့ အထည်စံချိန်ကို ချုပ်လုပ််နိုင်တာထက်ပိုမိုတောင်းခံထားပြီး ၃၅ ဦးရှိတဲ့ စက်လိုင်းမှာ တနာရီကို ၄၅ အိတ်ထိချုပ်လုပ်ဖို့ သတ်မှတ်ထားတာကြောင့် စံချိန်မပြည့်ပါက ဆဲဆိုခိုင်းစေမှုတွေပြုလုပ်တယ်လို့ ဆိုပါတယ်။
"တခုခုဆို ‌ေ-ာက်လုပ်ထုတ်မယ်ဆိုပြီးခြိမ်းခြောက်တော့ လုပ်ခတရက်ကို ၉၀၀၀ အချိန်ပို တနာရီ ၂၀၀၀ က စားဝတ်နေရေးအတွက် မလောက်ငှတာကိုတောင်မပြောရဲဘူး ထပ်တိုးပေးဖို့ပြောရင်လည်း အလုပ်ထုတ်ခံရမှာစိုးနေရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေအသုံးပြုတဲ့သန့်စင်ခန်းတွေ သန့်ရှင်းမှုမရှိတာကို ပြုပြင်မပေးတာ၊ နံနက် ၇ နာရီ ၃၀ မှာ အလုပ်စလုပ်ရပြီး ည ၉ နာရီအထိ အချိန်ပိုမဖြစ်မနေဆင်းရတာ ၊ အသက် မပြည့်သေးတဲ့ လူငယ်လုပ်သားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံစာ မတောင်းဘဲ လူကြီးအလုပ်သမားတွေနဲ့တန်းတူခိုင်းစေတာ ၊ တနင်္ဂနွေနေ့ပါ နားခွင့်မရဘဲ အချိန်ပိုဆင်းခိုင်းတာတွေပါ ပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက် အသက်၁၅၊၁၆အရွယ်ရှိသော လူငယ်၊လူရွယ် လူကြီးအလုပ်သမားများနှင့် တန်းတူစေ ခိုင်းနေခြင်းမပြုလုပ်ရန်။
၂။ အလုပ်သမားများအသုံးပြုသော အိမ်သာများကို သန့်ရှင်းမှုမရှိခြင်းကို အလုပ်ရှင်ဘက်မှစီစဥ်ဆောင်ရွက် ပေးရန်။
၃။ အလုပ်ရှင်ခန့်ထားသော တရုတ်စကားပြန်ရဲမင်းဦးမှ အလုပ်သမားများကို ဆဲဆိုခြင်းမပြုလုပ်ရန်နှင့် အလုပ်ရှင်ဘက်မှကြီးကြပ်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ မချုပ်လုပ်နိုင်သောအထည် စံချိန်များကိုတောင်းခံခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ တနင်္ဂနွေအပတ်တိုင်း ပိတ်ရက်မရရှိဘဲ အလုပ်သမားများဆန္ဒမပါဘဲ အချိန်ပိုအိုတီများ ကိုဖိအားပေးဆင်းခိုင်းနေခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ တောင်းခံသောစံချိန်မရလျင် စက်လိုင်းထဲမှာ စူပါ၊ အောစူပါများက နားမခံနိုင်အောင် ရစရာမရှိအောင် ဆဲဆိုခြင်းများမပြုလုပ်ရန်။
၇။ အလုပ်သမားများ လုပ်သက်တစ်နှစ်ပြည့် လုပ်သက်ခွင့်၁၀ရက်စာကို အလုပ်ရှင်ဘက်မှဒေးကြေး အပြည့်အဝရှင်းပေးရန်။
၈။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန် စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026