NEWS

လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲများဖြေရှင်းပေးစေလိုဟု  SUNTIME JCK CO,LTD  စက်ရုံအလုပ်သမားတွေပြော

CoverLogo
1.6K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ သံချပ်ဝန်ဦးညွှန့်လမ်းမှာဖွင့်လှစ်ထားတဲ့  SUNTIME JCK CO,LTD  စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့်ကို အလုပ်သမားတိုင်းခံစားခွင့်မရဘဲ  ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့နေရပြီး အချို့အလုပ်သမားတွေအနေနဲ့ ခွင့်ယူပါက ခွင့်ပြုမပေးတာကြောင့် ဒေးကြေးနဲ့ ရက်မှန်ကြေးတွေဖြတ်တောက်ခံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။ 

"အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့်လိုဟာမျိုးကို အလုပ်သမားတိုင်းမရဘူးပေါ့နော် တချို့အလုပ်သမားတွေ အလုပ်လာရင်း အရေးပေါ်ကိစ္စရှိလို့ ခွင့်တိုင်ရင် မပေးတာတွေရှိတယ် ရက်ပျက်ရင် အဲ့ဒီအတွက် ဒေးကြေး ၅၆၀၀ နဲ့ ရက်မှန်ကြေး ၉၀၀၀ ဖြတ်ခံရတယ်။ အခုလိုခွဲခြားဆက်ဆံတဲ့အတွက် နစ်နာပါတယ်။ အလုပ်သမားက လုပ်ငန်းခွင်ထဲရောက်မှ နေမကောင်းလို့ဖြစ်စေ မိသားစုကိစ္စ ဖြစ်စေ ဂိတ်ပတ်ယူရင် ကြားချိန်အလိုက်ပိုက်ဆံဖြတ်ခံရတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားမှ အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်ခိုင်းစေနေတာတွေရှိပြီး အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုမိုတဲ့အထည်စံချိန်တောင်းခံပြီး အောစူပါနဲ့ စူပါတွေကလည်း အလုပ်သမားတွေကို ဆဲဆိုတာ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတာတွေ ပြုလုပ်လျှက်ရှိလို့ ဖြေရှင်းပေးစေလိုခြင်းဖြစ်တယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

လုပ်ငန်းခွင်ထဲမှာအထည်စံချိန်သတ်မှတ်တောင်းခံမှုမှာ စက်လိုင်းတစ်လိုင်းလျင် ( လူဦးရေ ၅၀ မှ ၅၆ ဦးခန့်ရှိပြီး ) တစ်နာရီလျင် လိုင်းပေါက်အထည် အနိမ့်ဆုံး ၄၅ ထည်ပေးရပြီး အလုပ်ချိန် ၁၀ နာရီ ( အိုတီ ၂ နာရီအပါ) အတွက် အထည် ၄၅၀ ချုပ်လုပ်ရန် သတ်မှတ်ထားလို့ အလုပ်သမားတွေအနေနဲ့ ရေသောက်ချိန်ပင်မရဘဲ ချုပ်လုပ်နေရတာဖြစ်လို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"အထည်စံချိန်ကို မတရားသတ်မှတ်ပြီးတောင်းတယ် တောင်းရင်လည်း တချို့စူပါတွေက အလုပ်သမားကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆို ဖိအားပေးပြီးတောင်းတယ် တလိုင်းကို တစ်ရက်ဂျာကင်အထည် ၄၅၀ ချုပ်ရတာဆိုတော့ ရေသောက်ချိန် အပေါ့အပါးသွားချိန်တောင်မရှိဘူး အလုပ်သမား တစ်ယောက်ကို ပွိုင့်က နှစ်ပွိုင့် သုံးပွိုင့်လောက်ကို အသဲအသန်ချုပ်နေရတာ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ သောက်သုံးရေ အခက်အခဲရှိနေပြီး နေ့လည်ခင်းနေပူချိန်မှာ သောက်မရတဲ့အထိ အပူချိန်မြင့်တက်နေပြီး အဆင်ပြေအောင် စီစဉ်ပေးစေလိုတယ်လို့ ဆိုပါတယ်။

အလုပ်သမား ၁၀၀၀ ဝန်းကျင် အလုပ်လုပ်ကိုင်နေတဲ့ အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေးယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားပြီး ယင်းကော်မတီအနေနဲ့ လည်း လက်ရှိလုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးတာမရှိဘဲ အလုပ်ရှင်ဘက်က ညွှန်ကြားချက်တွေကိုသာ အသိပေးတာမျိုးတွေပြုလုပ်နေလို့ အသုံးမဝင်ဘူးလို့ အလုပ်သမားကပြောပါတယ်။

အဆိုပါစက်ရုံမှာ Plexx၊ ENGELBERT STRAUSS တံဆိပ်ဖြင့်ဂျာကင်အထည်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026