NEWS

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
392 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြစပယ် ၁ လမ်းမှာဖွင့်လှစ်ထားတဲ့ Sky Fashion Myanmar Co.,ltd အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၆၀၀ ကျော်နဲ့ Roly အမှတ်တံဆိပ် အထည်တွေချုပ်လုပ်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။
 
ချိုးဖောက်မှုအနေနဲ့ အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက် ပိုမိုတောင်းခံပြီး တောင်းခံသော စံချိန်မပြည့်ပါက အချိန်ပို အောလင်း၊ အောနိုက််ဆင်းပေးရတာ၊ တနင်္ဂနွေနေ့ကို ပါ အနားမရဘဲ အချိန်ပိုအတင်းအကျပ် ဆင်းခိုင်းတာ ၊ အချိန်ပိုကို ဖိအားပေးလက်မှတ်ထိုးခိုင်းပြီး မဖြစ်မနေဆင်းခိုင်းတာ ၊ လုပ်အားခတန်းတူမပေးတာ၊ ၊ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ခိုင်းစေတာ၊ အသက်မပြည့်တဲ့ ကလေးလုပ်သားတွေခိုင်းစေပြီး အသက်မပြည့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ၃ လသာခိုင်းစေပြီးအလုပ်ထုတ််တာ၊ ခွင့်ခံစားခွင့်မရတာ ၊ လုပ်ငန်းခွင်အတွင်းသောက်သုံးရေ သန့်ရှင်းမှုမရှိတာ စတဲ့ အခြေအနေတွေဖြစ်ပေါ်နေတာကို တိုင်ကြားပေမယ့် ဖြေရှင်းပေးတာမရှိလို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
"ဒေးကြေး ထောက်ပံ့ကြေး ၁၁၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပေမယ့် လစာထုတ်ရင် ၈၀၀၀ ၊ ၉၀၀၀၀၊ ၁၀၀၀၀ ဆိုပြီးပေးတယ် အလုပ်လုပ်ရတာချင်းအတူတူကို ဘာလို့ခွဲခြားပေးတာလဲမေးတော့ အလုပ်လုပ်တာမကြိုက်တဲ့လူဆို လစာအပြည့်မပေးဘူးလို့ အောစူပါတွေက ပြောပါတယ်၊ တောင်းတဲ့အထည်စံချိန်မပြည့်ရင်လည်း အလုပ်ထုတ်မယ်ဆိုပြီး နေ့တိုင်းအပြောခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေကို အလုပ်လုပ်ရန်သင့်တော်ကြောင်းဆရာဝန်ထောက်ခံချက် မပါဘဲ ခိုင်းစေသလို လုပ်သက် ၃ လပြည့်ပါက အသက်မပြည့်တဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေ ဥပဒေမဲ့ထုတ်ပစ်တာတွေကြောင့် နစ်နာမှုတွေရှိနေတယ််လို့ အလုပ်သမားတွေရဲ့ တိုင်ကြားချက်မှာတွေ့ရပါတယ်။
 
ဒါ့အပြင် အလုပ်သမားဥပဒေပါ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေခံစားခွင့်မရသလို လူမှုဖူလုံရေး ကြေးထည့်ဝင်ရပေမယ့် အလုပ်တရက်ပျက်ပါက ကျပ် ၄၀၀၀၀ ထိ ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုရှိနေတယ်လို့ ပြောပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင်အတွင်း သောက်သုံးရေ မသန့်ရှင်းတာကိုလည်းဖြေရှင်းပေးစေလိုတယ်လို့ ဆိုထားပါတယ်။
အလုပ်ရှင်ဘက်က အလုပ်သမားဥပဒေတွေ လိုက်နာပေးဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါ
 
အချက်တွေကို အလုပ်သမားတွေကတောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေက
၁။ အလုပ်ရှင်ဘက်က အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်တောင်းခံနေခြင်းမပြုလုပ်ရန်၊
၂။ အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်နှင့် ဥပဒေမဲ့ အလုပ်ထုတ်ခြင်းမပြုလုပ်ရန်။
၃။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှခံစားခွင့်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီဆင်းရန် ဖိအားပေးလက်မှတ်ထိုးခိုင်းခြင်းများ မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အောစူပါ၊ စူပါတွေတောင်းတဲ့စံချိန်မပြည့်ရင် အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆို နေခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အောလင်း၊အောနိုက်၊ တနင်္ဂနွေနေ့တိုင်းလဲ အချိန်ပိုအိုတီဆင်းပေးရခြင်းမပြုလုပ်ရန် စတဲ့အချက်တွေကို Sky Fashion Myanmar Co.,ltd အလုပ်သမားတွေကတောင်းဆိုထားတာပါ။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026