SURVEY

လုပ်ခ၊ အချိန်ပိုနှင့် ငွေကြေးဆိုင်ရာ ချိုးဖောက်မှုများ (သို့မဟုတ်) အောက်တိုဘာ ချိုးဖောက်မှုများ

CoverLogo
230 Views

အောက်တိုဘာလအတွင်း  မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေမှာ

၁။ လုပ်ခ၊ အချိန်ပိုနှင့် ငွေကြေးဆိုင်ရာ ချိုးဖောက်မှု

၂။ ကြီးကြပ်သူများ၏ အနိုင်ကျင့်မှုနှင့် ဂုဏ်သိက္ခာ ထိခိုက်စေမှု

၃။ လုပ်ငန်းလည်ပတ်မှုနှင့် အလုပ်ချိန်ဆိုင်ရာ ဖိအားပေးမှု

၄။ ကူညီဆောင်ရွက်မှု ယန္တရားများ၏ ပျက်ယွင်းမှုနှင့် ခွဲခြားဆက်ဆံမှု

၅။ လုပ်ငန်းခွင်တွင်း ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ ဖြစ်ပွားတာတွေကို တွေ့ရပါတယ်။

ဒီအချက်တွေကို Myanmar Labour News website နဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းတွေကို မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ Myanmar Labour Society က စောင့်ကြည့် လေ့လာခဲ့ရာကနေ တွေ့ရှိထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှု သတင်းအပုဒ် ၂၇ ဖော်ပြထားပြီး စက်ရုံ ၂၄ ရုံပါဝင် ပါတယ်။ တစ်ကြိမ်နဲ့ အထက် သတင်းဖော်ပြခံရတဲ့ စက်ရုံ ၃ ရုံ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

သတင်းမှာပါဝင်တဲ့ စက်ရုံတွေက အထည်ချုပ်နဲ့ အရုပ်ချုပ် စက်ရုံ တစ်ရုံဖြစ်ပါတယ်။ ဒီစက်ရုံတွေက  CMP အမျိုးအစား ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။ CMP စက်ရုံတွေက မြန်မာ နိုင်ငံရဲ့ GDP မှာ  အဓိက နေရာကပါဝင်နေတဲ့ စက်ရုံအလုပ်ရုံတွေဖြစ်သလို  လူ့အခွင့်အရေးနဲ့ အလုပ်သမား ဥပဒေ ချိုးဖောက်ခံရမှု အများဆုံး လုပ်ငန်းခွင်တွေလည်း ဖြစ်နေတာပါ။

Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမား အရေး အကူအညီပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အလုပ်သမားတွေ ကိုယ်တိုင် ပေးပို့ထားတဲ့ ဖြစ်စဉ်အကြောင်းအရာတွေ ဖြစ်တယ်လို့ သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် အချက်အလက်ပိုင်းခိုင်မာဖို့ ကာယကံရှင် မဟုတ်တဲ့  ပြောကြားမှု၊ အချက်အလက် အတည်မပြုပေးတဲ့ ပေးပို့မှုတွေကို ဖော်ပြမထားဘူးလို့ ဆိုပါတယ်။ ဒီလို အချက်တွေကြောင့် လုပ်ငန်းခွင်ဆိုင်ရာ  ချိုးဖောက်မှုတွေက ပိုများနိုင်တာကိုလည်း Myanmar Labour Society က သတိပြုမိထားပါတယ်။

Myanmar Labour Society အနေနဲ့  သတင်းတွေကို စီစစ်ပြီး မြန်မာ့အလုပ်သမားဥပဒေတွေ ၊ ILO ပြဋ္ဌာန်းချက်၊ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေကို  ချိုးဖောက်မှုနဲ့ လူမှုစံနှုန်း ဖောက်ဖျက်မှု စတဲ့ အချက်တွေကို ခွဲခြား လေ့လာထားပါတယ်။

အောက်တိုဘာလအတွင်း အလုပ်သမားချိုးဖောက်ခံရမှုတွေကို လေ့လာရာမှာ ကဏ္ဍ ၂၇ ခု ခွဲခြားလေ့လာခဲ့ပြီး ကဏ္ဍ ၂၀ မှာ ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ထားပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ် လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ
No စက်ရုံလုပ်ငန်း လုပ်ငန်းအမျိုးအစား ကုန်အမှတ်တံဆိပ် လုပ်ငန်းတည်နေရာ သတင်းဖော်ပြမှု
1 Golden Five Myanmar Co.,Ltd အထည်ချုပ် CLIQU ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြကျွန်းသာလမ်း https://www.myanmarlabournews.com/posts/golden-five-myanmar-coltd-စက်ရုံတွင်-အချိန်ပိုလုပ်ခမပေးဘဲ-ချုပ်ခိုင်း
2 Myanmar Guotai Huasheng Glory Fashion Garment အထည်ချုပ်
Rodeo Crowns, Lcwalklkl Classic
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မူဇုန်(၂)၊ ဦးထွန်ညိုလမ်း၊ https://www.myanmarlabournews.com/posts/အချိန်ပိုဖိအားပေးခိုင်းစေမှုနဲ့-အခွင့်အရေးချိုးဖောက်မှုတွေ-ဖြေရှင်းပေးဖို့-အလုပ်သမားတွေလိုလားနေ
3 Saiform International Garment Myanmar အထည်ချုပ် ZEROCTAGE, Huna, ZERO-STAGE WORKWEAR, TIEORA, SOLOTEX , Aero light, Fieldcore ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း https://www.myanmarlabournews.com/posts/၃-လနီးပါး-ပိတ်ရက်မရှိ-အချိန်ပိုအခမဲ့ဆင်းပေးနေရလို့-ဖြေရှင်းပေးရန်-အလုပ်သမားတွေတောင်းဆို
4 Sky Fashion Myanmar Co.,ltd အထည်ချုပ် Alvaro Moreno ရန်ကုန်တိုင်းဒေသကြီး၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်း https://www.myanmarlabournews.com/posts/ခြိမ်းခြောက်ခိုင်းစေခြင်းမပြုရေး-အလုပ်သမားတွေတောင်းဆို
5 Jian Yi Garment Company Limited အထည်ချုပ် SODA, Zebra
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်
https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ-ဖြေရှင်းပေးဖို့-လိုလားနေ
6 Myanmar Huasheng Kefu Fashion Co.,ltd အထည်ချုပ် Sinsay ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန် မြခေတ္တာလမ်း https://www.myanmarlabournews.com/posts/myanmar-huasheng-kefu-fashion-coltd-အချိန်ပိုဖိအားဆင်းခိုင်းပြီး-ဥပဒေမဲ့-အလုပ်ထုတ်
7 Wan Xin Myanmar Company Limited အထည်ချုပ် COLIN’S ရန်ကုန်တိုင်း ၊ အနော်ရထာလမ်းမ၊ လှိုင်သာယာစက်မှုဇုန် ၅ https://www.myanmarlabournews.com/posts/wan-xin-စက်ရုံပိတ်သိမ်းပါက-ဥပဒေအတိုင်း-လျှော်ကြေးပေးဖို့-အလုပ်သမားတွေတောင်းဆို
8 Xing Yuan အထည်ချုပ် STUDIO ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် https://www.myanmarlabournews.com/posts/xing-yuan-မြန်မာ-အထည်ချုပ်စက်ရုံတွင်-အထည်စံချိန်မပြည့်လို့ဆိုပြီး-ဖယ်ရီစီစဉ်မပေးဘဲ-ပြန်လွှတ်
9 Yuan Hong Garment Co.,Ltd အထည်ချုပ် Closshi, choco raffine, Zero, JP, Reserved, ambianee ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် Closshi, choco raffine, Zero, JP, Reserved, ambianeehttps://www.myanmarlabournews.com/posts/gtig-hubo-စက်ရုံတွင်-အထည်စံချိန်မပြည့်ပါက-ညလုံးပေါက်-အချိန်ပို-ဆင်းခိုင်း
10 GTIG HUBO Industrial Co.,Ltd အထည်ချုပ် Only. Reserved မင်းဗနွုဘုရားလမ်း၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမြိုနယ် https://www.myanmarlabournews.com/posts/gtig-hubo-စက်ရုံတွင်-အထည်စံချိန်မပြည့်ပါက-ညလုံးပေါက်-အချိန်ပို-ဆင်းခိုင်း
11 Asia Just Co.Ltd အထည်ချုပ် B&T Club ရန်ကုန်မြို့ ၊ ရွှေပြည်သာစက်မှုဇုန်၊ စက်မှုဇုန် ၃၊ တွင်းတိုက်ဝန် ဦးထွန်းညိုလမ်း https://www.myanmarlabournews.com/posts/aj-အထည်ချုပ်စက်ရုံ-အချိန်ပို-အလွန်အကျွံခေါ်၊-အလုပ်သမားရုံးသို့-တိုင်စာတင်လည်း-မထူးခြား
12 Myanto Industrial Co.Ltd အထည်ချုပ် Springfield , LC Waikiki ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် https://www.myanmarlabournews.com/posts/myanto-စက်ရုံမှာ-သိန်း-၂-ထောင်-ပျောက်ဆုံးတယ်ဟုဆိုကာ-စစ်တပ်ခေါ်-စစ်ဆေးပြီး-အလုပ်သမားအချို့ကို-တရားစွဲဆို
13 Sheng Jie (Myanmar) Clothing Co.ltd အထည်ချုပ် LC Waikiki ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် https://www.myanmarlabournews.com/posts/lc-waikiki-ချုပ်-sheng-jie-စက်ရုံ-အလုပ်သမားများ-ဖိနှိပ်ခံရ
14 Chi Mei International Co.,Ltd အထည်ချုပ် Rafinat, knox village ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်း https://www.myanmarlabournews.com/posts/chi-mei-အထည်ချုပ်စက်ရုံ-လုပ်ငန်းရပ်ဆိုင်းရန်ပြင်ဆင်မှု-အလုပ်သမားဥပဒေများအား-ချိုးဖောက်
15 Hermite အရုပ်ချုပ်စက်ရုံ   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း https://www.myanmarlabournews.com/posts/hermite-အရုပ်စက်ရုံတွင်-ဝန်ထမ်းများ-လစာဖြတ်တောက်ခံရမှုနှင့်-ခြိမ်းခြောက်မှုများ-ကြုံတွေ့နေရ
16 Mayfair (Myanmar) Industry Co.,Ltd. အထည်ချုပ် DEFACTO ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန် ၂ https://www.myanmarlabournews.com/posts/mayfair-စက်ရုံအလုပ်သမားများ-လုပ်အားခနှင့်-အခွင့်အရေးများ-ချိုးဖောက်ခံနေရ
17 Sun Star အထည်ချုပ်   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၁၆ ရပ်ကွက်၊ ဇေယျာသီရိလမ်း https://www.myanmarlabournews.com/posts/sun-star-အထည်ချုပ်စက်ရုံ-တစ်လ-အချိန်ပိုနာရီ-၂၀၀-ကျော်ပြီး-လုပ်ခ-အပြည့်မရ
18 Myantex အထည်ချုပ်   ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ပုလဲလမ်းမ https://www.myanmarlabournews.com/posts/myantex-စက်ရုံ-အလုပ်သမားခေါင်းဆောင်-တချို့-အနိုင်ကျင့်-လုပ်ခလစာဖြတ်တောက်နေ
19 Sudey အထည်ချုပ် La Vie en Rose ၊ Amisu၊ Finisterrer ၊ Myer ၊Next Plc ပဲခူးမြို့နယ်၊ ကလိကျေးရွာ၊ ကလိအရှေ့မြောက်ကွင်း https://www.myanmarlabournews.com/posts/sudey-စက်ရုံ-အလုပ်သမားများ-လစာဖြတ်တောက်ခံရ
20 Hyun Tex အထည်ချုပ်   ရန်ကုန်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ဇေကမ္ဘာ (၇) လမ်း https://www.myanmarlabournews.com/posts/ရွှေပေါက်ကံစက်မှုဇုန်မှ-hyun-tex-အထည်ချုပ်ရုံသစ်တွင်-ညအချိန်ပို-အတင်းအကျပ်-ခိုင်းစေ
21 Myanmar Handsome အထည်ချုပ်   ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်၊ အင်းဝလမ်း https://www.myanmarlabournews.com/posts/handsome-အထည်ချုပ်စက်ရုံတွင်-အလုပ်သမားများ-ထံမှ-တရားမဝင်-ငွေကောက်ခံမှုများ-ပြုလုပ်နေ
22 Xin Rui အထည်ချုပ်   လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် https://www.myanmarlabournews.com/posts/ဥပဒေမဲ့-စက်ရုံပိတ်သိမ်းမှုအပေါ်-xin-rui-အထည်ချုပ်လုပ်သားများ-စိုးရိမ်တကြီး-တောင်းဆို
23 Jin Kai Hui အထည်ချုပ် Radians ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဦးအောင်သူလမ်း https://www.myanmarlabournews.com/posts/လှိုင်သာယာစက်မှုဇုန်-၂-jin-kai-hui-အထည်ချုပ်-စက်ရုံတွင်-အလုပ်သမားများ-တောင်းဆိုမှုပြုလုပ်
24 Skytex (Myanmar) အထည်ချုပ်   ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ ကလိတတ်ကလဲ ကျေးရွာ https://www.myanmarlabournews.com/posts/တောက်ပံကြေး-တိုးပေးလည်း-skytex-မြန်မာ-အထည်ချုပ်စက်ရုံ-လုပ်သားများ-နစ်နာရ
ချိုးဖောက်မှုာ အများမှ အနည်းကို အစဉ်လိုက် ဖော်ပြထားပါတယ်။ Asia Just Co.Ltd ၊ Saiform International Garment Myanmar နဲ့ Wan Xin Myanmar Company Limited အထည်ချုပ်စက်ရုံက သတင်း ၂ ကြိမ်စီ ဖော်ပြထားပါတယ်။

လုပ်ခ၊ အချိန်ပိုနှင့် ငွေကြေးဆိုင်ရာ ချိုးဖောက်မှုများ

အောက်တိုဘာလအတွင်း  လုပ်ခ၊ အချိန်ပိုနှင့် ငွေကြေးဆိုင်ရာ အဓိက ချိုးဖောက်မှုတွေမှာ ကန်တော့ကြေး ဆိုပြီး အတင်းအကျပ် ငွေကောက်ခံတာ၊ ဆုကြေးကို အပြည့်အဝမပေးဘဲ ဖြတ်တောက်တာ၊ အရေအတွက်မှား တယ် ဆိုပြီး လစာဖြတ်တာ၊ နေရာပြောင်းရွှေ့လုပ်ကိုင်ခိုင်းပြီး မူလ လစာဆုကြေး ဖြတ်တောက်တာ၊  OT  အချိန်ပိုကြေး မပေးတာ၊ တနင်္ဂနွေနေ့မှာ လုပ်ကိုင်ခိုင်းပြီး  လုပ်ခ မပေးတာ၊  လစာ ခွဲခြားပေးတာ၊ လျှော့ပေးတာ၊ ခွင့်မပေးတဲ့အပြင် ခွင့်ခံစားခွင့် မပေးတာနဲ့ ရက်မှန်ကြေး ဖြတ်တောက်တာတွေ ဖြစ်ပါတယ်။

လုပ်ခ ဖြတ်တောက်ခံရတဲ့ စက်ရုံပေါင်း ၂၀ အထိ ပါဝင်တာကြောင့် အောက်တိုဘာလအတွင်းချိုးဖောက်မှု အများဆုံးဖြစ်ပါတယ်။ တလအတွင်း ချိုးဖောက်မှုတွေရဲ့  ၈၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။  ဒီချိုးဖောက်တွေက အနည်းဆုံးအခကြေးငွေ ဥပဒေ (၂၀၁၃) ၊ အခကြေးငွေပေးချေရေး ဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများနဲ့ စက်ရုံများ အက်ဥပဒေ (၁၉၅၁) / ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ (၂၀၁၆) တွေနဲ့ ကိုက်ညီမှု မရှိတာကိုလည်း တွေ့ရပါတယ်။

လုပ်ခလစာဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ Asia Just Co., Ltd. Chi Mei International Co., Ltd ၊ Golden Five Myanmar Co., Ltd ၊ Hermite  ၊ Jian Yi Garment Company Limited၊ Jin Kai Hui ၊ Mayfair (Myanmar) Industry Co., Ltd.၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Handsome၊ Myanmar Huasheng Kefu Fashion Co., Ltd ၊ Myantex၊ Saiform International Garment Myanmar၊ Sky Fashion Myanmar Co., Ltd ၊ Skytex (Myanmar)၊ Sudey၊ Sun Star ၊ Wan Xin Myanmar Company Limited ၊ Xin Rui၊ Xing Yuan နဲ့ Yuan Hong Garment Co., Ltd  စက်ရုံတွေဖြစ်ပါတယ်။

အချိန်ပို အတင်းအကျပ်ခိုင်းစေတဲ့ စက်ရုံတွေကတော့ စုစုပေါင်း ၁၀ ရုံရှိပြီး အဲ့ဒီ စက်ရုံတွေကတော့ Asia Just Co., Ltd ၊ Golden Five Myanmar Co., Ltd ၊ GTIG HUBO Industrial Co., Ltd ၊ Hyun Tex ၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Huasheng Kefu Fashion Co., ltd ၊ Saiform International Garment Myanmar၊ Sheng Jie (Myanmar) Clothing Co., Ltd၊ Sky Fashion Myanmar Co., ltd ၊ Sun Star အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

ခွင့်ရက်နဲ့ ခွင့်ရက်ခံစားခွင့်မပေးတဲ့ စက်ရုံ ၈ ရုံပါဝင် ပြီး အဲ့ဒိစက်ရုံတွေကတော့ Golden Five Myanmar Co., Ltd ၊Jian Yi Garment Company Limited၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Huasheng Kefu Fashion Co., Ltd ၊ Myanto Industrial Co., Ltd ၊ Sky Fashion Myanmar Co., Ltd ၊ Xing Yuan ၊ Yuan Hong Garment Co., Ltd စက်ရုံတွေဖြစ်ပါတယ်။

ဒါ့အပြင် လူမှုဖူလုံရေးဥပဒေအရ ဆေးခွင့်တွေ ခွင့်ပြုပေးရမှာ ဖြစ်ပေမဲ့ စက်ရုံအများစုကတော့ ဆေးခွင့်ကို ခွင့်ပြုမပေးတာကိုလည်း တွေ့ရပါတယ်။

 

ကြီးကြပ်သူများ၏ အနိုင်ကျင့်မှုနှင့် ဂုဏ်သိက္ခာ ထိခိုက်စေမှုများ

ဒီချိုးဖောက်မှု အမျိုးအစားတွေကတော့ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူတွေရဲ့ အနိုင်ကျင့်မှု နဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့ အပြုအမူတွေထဲမှာ ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် ပြုမူခြင်း ၊  ကာဣန္ဒြေ ပျက်ပြားသည်အထိ ပြောဆိုခြင်း၊  ဖိအားပေး ခြိမ်းခြောက်မှု (အလုပ်ထုတ်၊ စကစနဲ့ တိုင်ကြားမည် ဆိုပြီး ပြောဆို)တွေ ဖြစ်ပါတယ်။

ကိုယ်ထိလက်ရောက် ကျူးလွန်မှု (Assault/Hurt)တွေကို ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၃၂၃ (နာကျင်စေမှု) ၊  ပုဒ်မ ၃၅၂ (ရိုက်ပုတ်ရန်အားထုတ်မှု)တွေနဲ့ အရေးယူနိုင်ပြီး ခြိမ်းခြောက်မှုက ရာဇသတ်ကြီးပုဒ်မ ၅၀၃ ၊ ၅၀၆ ကို ကျူးလွန်တာဖြစ်ပါတယ်။

အလုပ်ထုတ်မယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက်မှုတွေက အလုပ်သမား ဥပဒေအရ အငြင်းပွားမှုဖြစ်စေပြီး အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ (၂၀၁၉) အရ  တိုင်ကြားနိုင်တဲ့ အမှုဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း လုပ်သားတွေကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ခွဲခြားဆက်ဆံတို့က  ကောင်းမွန်သော လုပ်ငန်းခွင် (Decent Work Environment) နှင့် အလုပ်သမား အခွင့်အရေးကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

ဖိအားပေး ခြိမ်းခြောက်မှုတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၅ ရုံကို တွေ့ရှိရပြီး အဲ့ဒီ စက်ရုံတွေကတော့ Asia Just Co., Ltd ၊ Chi Mei International Co., Ltd ၊ Golden Five Myanmar Co., Ltd ၊ GTIG HUBO Industrial Co., Ltd ၊ Hermite  ၊ Jian Yi Garment Company Limited၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Huasheng Kefu Fashion Co., Ltd ၊ Myantex၊ Myanto Industrial Co., Ltd ၊Saiform International Garment Myanmar၊ Sky Fashion Myanmar Co., Ltd Wan Xin Myanmar Company Limited ၊ Xing Yuan ၊Yuan Hong Garment Co., Ltd စတဲ့ ချုပ်လုပ်ရေး စက်ရုံတွေဖြစ်ပါတယ်။

ဆဲဆိုခိုင်းစေမှုတွေကိုတော့ Golden Five Myanmar Co., Ltd ၊ GTIG HUBO Industrial Co., Ltd ၊ Jian Yi Garment Company Limited၊ Mayfair (Myanmar) Industry Co., Ltd.၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanto Industrial Co., Ltd ၊ Saiform International Garment Myanmar၊ Sheng Jie (Myanmar) Clothing Co., Ltd၊ Sun Star ၊ Yuan Hong Garment Co., Ltd စတဲ့ စက်ရုံတွေ ဖြစ်ပြိး စုစုပေါင်း ၁၀ ရုံမှာ တွေ့ရပါတယ်။

ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စက်ရုံပေါင်း ၈ ရုံရှိပြီး အဲဒီစက်ရုံတွေကတော့ Mayfair (Myanmar) Industry Co., Ltd.၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanto Industrial Co., Ltd၊  Saiform International Garment Myanmar၊ Sheng Jie (Myanmar) Clothing Co., Ltd၊ Sudey၊ Wan Xin Myanmar Company Limited နဲ့ Yuan Hong Garment Co., Ltd တို့ဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်မှုနှင့် အလုပ်ချိန်ဆိုင်ရာ ဖိအားပေးမှုမျာ:

ဒီချိုးဖောက်မှု အထည်စံချိန် ဖိအားပေးတောင်းခံတာက အဓိကပါဝင်ပြီး အထည်စံချိန်မပြည့်လို့  အချိန်ပို အတင်းအကျပ် အော်လင်း အောနိုက် လုပ်ကိုင်ခိုင်းတာ၊ အချိန်ပို မဆင်းလို့ သတိပေးလက်မှတ်ထိုးခိုင်းတာ နဲ့  ခွင့် (ဆေးခွင့်၊ ရှောင်တခင်) မရခြင်း၊ ခွင့်ရက် ရပိုင်ခွင့် ဖြတ်တောက်ခံရတာတွေ ပါဝင်ပါတယ်။

အထည်စံချိန် ဖိအားပေးတောင်းခံတယ်ဆိုတဲ့ စက်ရုံပေါင်း ၈ ရုံရှိပြီး အဲ့ဒီ စက်ရုံတွေကတော့ Asia Just Co., Ltd ၊ Golden Five Myanmar Co., Ltd ၊ GTIG HUBO Industrial Co., Ltd ၊ Jian Yi Garment Company Limited၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanto Industrial Co., Ltd ၊ Saiform International Garment Myanmarနဲ့ Xing Yuan အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

အထည်စံချိန် (Target) ဖိအားပေး တောင်းခံခြင်း

ဒီချိုးဖောက်မှုက အလုပ်သမားတွေရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု ကို ထိခိုက်စေပြီး၊ အဓမ္မစေခိုင်းမှု ပုံစံမျိုး ဖြစ်စေမည့် ဖိအားပေးမှုတွေကို မြန်မာအလုပ်သမားဥပဒေတွေမှာ  တားမြစ်ထားပါတယ်။

အထည်စံချိန်မပြည့်လို့ အချိန်ပိုအတင်းအကျပ် လုပ်ခိုင်းတာက အလုပ်သမားတစ်ဦးရဲ့လုပ်အားကို ခေါင်းပုံဖြတ်တာ ဒါမှမဟုတ် လုပ်ငန်းခွင်ဖိအားပေးမှု (Workplace Harassment/Abuse) ပုံစံတစ်ခု ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့  ဂုဏ်သိက္ခာကို ထိခိုက်စေပြီး၊ လုံလောက်တဲ့ အနားယူချိန် မရစေလို့ ဥပဒေ ချိုးဖောက်မှု လည်း ဖြစ်ပါတယ်။

အလုပ်ရုံများ အက်ဥပဒေ (၁၉၅၁) နှင့် ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ (၂၀၁၆) တို့နှင့် တိုက်ရိုက်သက်ဆိုင်ပြီး ဥပဒေကို ကျူးလွန်မှုလည်း ဖြစ်ပါတယ်။

အချိန်ပိုဆင်းဖို့  ငြင်းဆန်တာက အလုပ်သမားတစ်ဦးရဲ့ ဥပဒေအရ အခွင့်အရေး ဖြစ်ပြီး ငြင်းဆန်မှု အတွက် အပြစ်ပေးအရေးယူတာ ဒါမှမဟုတ် လက်မှတ်ထိုးခိုင်းတာက  ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့  လုပ်ရပ်ဖြစ်ပြီး အတင်းအကျပ် ခိုင်းစေမှုရဲ့ နောက်ဆက်တွဲ ဖိအားပေးမှု တစ်မျိုးဖြစ်ပါတယ်။

အလုပ်သမား ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ ခွင့်ရက်တွေကို ခွင့်မပြုတာ ဒါမှမဟုတ် ခွင့်ယူတဲ့အတွက်  လစာ/ရပိုင်ခွင့်များ ဖြတ်တောက်တာ က ဥပဒေပြဋ္ဌာန်းချက်တွေကို တိုက်ရိုက် ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။

 

ကူညီဆောင်ရွက်မှု ယန္တရားများ၏ ပျက်ယွင်းမှုနှင့် ခွဲခြားဆက်ဆံမှု

စက်ရုံတွေမှာ အလုပ်ရှင် ၊ အလုပ်သမားကြား အငြင်းပွားမှုတွေ ဖြေရှင်းဖို့ ဥပဒေအရ WCC အဖွဲ့စည်းတွေ ဖွဲ့စည်းထားသလို စက်ရုံဘက်က ဥပဒေတွေလိုက်နာဆောင်ရွက်နိုင်ဖို့ COC ဝန်ထမ်းတွေ ခန့်အပ်ထားပါတယ်။ အလုပ်သမားတွေအနေနဲ့လည်း နစ်နာမှုတွေရှိလာပါက WCC နဲ့ COC အဖွဲ့ဝင်တွေကို တိုင်ကြား ညှိနှိုင်းနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိ WCC အဖွဲ့တွေကို ရွေးကောက်တာမဟုတ်ဘဲ အလုပ်ရှင် ကိုယ်တိုင် ခန့်အပ်တာ၊ အလုပ်ရှင်က ငွေကြေးပေး စည်းရုံးပြီး ဥပဒေတွေကို ကျော်လွန် ဆောင်ရွက်စေတာနဲ့ COC ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ပိုင်း ဖောက်ဖျက်မှုတွေကြောင့် အလုပ်သမားတွေမှာ နစ်နာမှုတွေ ကြုံနေရတာပါ။

အောက်တိုဘာလအတွင် WCC/COC အဖွဲ့က ဘက်လိုက်ခြင်း၊ ကူညီတောင်းခံမရခြင်း၊ တိုင်ကြားမှုတွေကို လျစ်လျူရှုတာ၊ စစ်ဆေးမှုကို အမှန်တိုင်း အစစ်ခံပါက အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ အလုပ်သမားတွေကြား ခွဲခြားဆက်ဆံတွေ ကြုံတွေ့ရာ ရှိတာကိုလည်း တွေ့ရှိ ရပါတယ်။

WCC နဲ့ COC ဝန်ထမ်းတွေရဲ့ ဘတ်လိုက်ဆောင်ရွက်မှု ကူညီဖို့ ပျက်ကွက်တဲ့ စက်ရုံအလုပ်ရှံ လေးရုံရှိပြီး အဲ့ဒီ စက်ရုံတွေကတော့  Golden Five Myanmar Co., Ltd ၊ GTIG HUBO Industrial Co., Ltd ၊ Sky Fashion Myanmar Co., Ltd နဲ့ Yuan Hong Garment Co., Ltd  အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စစ်ဆေးမှုကို ဖိအားပေး လိမ်လည်ဖြေကြားခိုင်းပြီး ရှောင်လွဲခိုင်းတဲ့ စက်ရုံတွေကတော့ Sky Fashion Myanmar Co., Ltd စက်ရုံဖြစ်ပါတယ်။

လုပ်ငန်းခွင် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များ

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းစက်ရုံတွေအတွင်း သန့်စင်ခန်း မလုံခြုံတာ၊ မသန့်ရှင်းတာ၊ သုံးရေလုံလောက်အောင် မပေးတာ၊  သောက်ရေ မသန့်ရှင်းတာ၊  ဆေးခန်းရှိပေမဲ့ ဆေးဝါးမရှိတာ၊ သူနာပြုတွေ သီးခြားအလုပ်တွေ လုပ်ကိုင်ပေးရတာ၊ အရေးပေါ် ကုသဖို့ ဆေးဝါးမရှိတာတွေ ကြုံတွေ့ရပြီး  ကြိုပို့ယာဉ် မပေးတာ၊ နေအိမ်ပြန်ဖို့ ခက်ခဲအောင် ပြုလုပ်တာတွေကို အောက်တိုဘာလအတွင်းမှာ တွေ့ထားရပါတယ်။

အောက်တိုဘာလအတွင်း အလုပ်သမားတွေ အေးချမ်းစွာလုပ်ကိုင်နေဖို့ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်တွေ ရှိတယ်ဆိုတဲ့ စက်ရုံတွေကတော့ Asia Just Co., Ltd ၊ Golden Five Myanmar Co., Ltd ၊ GTIG HUBO Industrial Co., Ltd ၊ Hyun Tex ၊ Jian Yi Garment Company Limited၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Saiform International Garment, Myanmar၊ Sheng Jie (Myanmar) Clothing Co., Ltd၊ Sky Fashion Myanmar Co., Ltd ၊ Wan Xin Myanmar Company Limited နဲ့ Xing Yuan စတဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

ဒီ လုပ်ငန်းခွင်လိုအပ်ချက်တွေက အလုပ်ရုံများ အက်ဥပဒေ (၁၉၅၁) (အခန်း ၃ - ကျန်းမာရေး) ၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ နဲ့ လူမှုဖူလုံရေး ဥပဒေ တို့ကို ချိုးဖောက်မှုလည်း ဖြစ်တာကိုတွေ့ရှိရပါတယ်။

အောက်တိုဘာလအတွင်း ချိုးဖောက်မှုတွေထဲမှာ ဥပဒေမဲ့ အလုပ်ထုတ်တဲ့ အလုပ်ရုံ သုံးရုံ၊ ကလေးလုပ်သား ခိုင်းစေတဲ့ စက်ရုံ ၁ ရုံ၊ နေစားလုပ်သားများချိုးဖောက်ခံနေရတဲ့ စက်ရုံ ၂ ရုံ၊ အတင်းအကျပ် ရက်အစား လုပ်ကိုင်ခိုင်းတဲ့ စက်ရုံ ၁ ရုံ၊ ဥပဒေအတိုင်း ဆောင်ရွက်မရှိတဲ့ စက်ရုံပိတ်သိမ်းတဲ့ စက်ရုံက ၄ ရုံ၊ ဆေးခွင့်မပေးတဲ့  စက်ရုံ ၄ ရုံ၊ EC စာချုပ် ချိုးဖောက်တဲ့ စက်ရုံ ၁ ရုံ၊ တခြားအလုပ်တွေ ခိုင်းစေတဲ့ စက်ရုံ ၃ ရုံနဲ့ နားချိန်မပေးဘဲ အလုပ်ချိန် ၅ နာရီကျော် လုပ်ကိုင်ခိုင်းတဲ့ စက်ရုံ ၁ ရုံပါဝင်တာကိုလည်း တွေ့ရှိရပါတယ်။

ဒီတွေ့ရှိချက်တွေက အလုပ်သမားကဏ္ဍ ပြုပြင်ပြောင်းမှုအတွက် ရည်ရွယ်ပြီး အလုပ်သမားအရေး အဆုံးအဖြတ်ပေးနိုင်သူတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ ကူညီရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေ  အထောက်အကူပြု အသုံးချဖို့ မျှော်လင့်ထားကြောင်း တင်ပြလိုက်ပါတယ်။

Myanmar Labour News Background

MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက်  မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။

Myanmar Labour Society

MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

 

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

Myanmar Labour Society 
Research Team


DownloadPDF