NEWS

လုပ်ခလစာ မရလို့ တိုင်ကြားခဲ့တဲ့  MOU မြန်မာအလုပ်သမား ၁၆ ဦး ဘတ်၂သိန်းကျော် ပြန်လည် ရရှိ

CoverLogo
297 Views

ထိုင်းနိုင်ငံ ချင်းမိုင် မြို့ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမား ၁၆ဦး မှာ လုပ်ခလစာ တစ်လ ခွဲစာ မရတဲ့ အတွက် အလုပ်သမားအဖွဲ့ စည်းကတစ်ဆင့်သက်ဆိုင်ရာကို တိုင်ကြားခဲ့တာ မှာနိုဝင်ဘာ ၁ရက်နေ့ မှာ လုပ်ခလစာ စုစုပေါင်း ဘတ် ၂သိန်းကျော် ပြန်ရခဲ့တယ်လို့ ထိုင်းရောက်မြန်မာ အလုပ်သမား ရေးကူညီပေးနေတဲ့WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံက သိရပါတယ်။ 

မြန်မာနိုင်ငံမှ GREAT SILVER LAND SERVICES CO.,LTD နှင့်ချိတ်ဆက်၍ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ ဟွေခွမ်ခရိုင်၊လတ်ချဒါတွင်ရှိတဲ့ ကုမ္ပဏီ မှာ အလုပ် လုပ်ရန်အတွက် (2)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၄ခုနှစ် ဇူလိုင် ၃၁ရက် မှာ ဘန်ကောက်မြို့၊ဒွန်းမောင်းလေဆိပ်သို့ရောက်ရှိခဲ့ပေမယ့် ဘန်ကောက်မှာ အလုပ်မရှိလို့ဆိုကာ ချင်းမိုင် ရှိ ဆောက်လုပ်ရေး လုပ်ငန်း ခွင်ကို ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ချင်းမိုင်းမြို့ရှိ SMC-(ဆောက်လုပ်ရေးဆိုက်) မှာ  ဩဂုတ် ၃ရက် နေ့ မှာ    အလုပ်စဆင်းရပြီး ပထမ (၁၅)ရက်လုပ်အားခကိုရှင်းပေးခဲ့ပေမယ့်  (၈)လပိုင်း လဝက်စာနဲ့  (၉)လပိုင်း (၁)လစာ လုပ်အားခကို မပေးဘဲ အလုပ်ရပ်နားလိုက်တာကြောင့်   အလုပ်သမားတွေက အေဂျင်စီထံ ဆက်သွယ်ပေမယ့် ဖြေရှင်းပေးခြင်းမရှိတာကြောင့်  WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံ နစ်နာသူအလုပ်သမားတွေက အောက်တိုဘာ၁၂ရက်က  အကူညီတောင်းခံ ခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အလုပ်သမား ၁၆ဦး ရရှိမယ့် လုပ်ခလစာ စုစုပေါင်း ဘတ် ၂၇၃၀၀၀ ပြန်လည်ရရှိတဲ့ အပြင် အေဂျင်စီ ဘက် မှ လည်း အလုပ်နဲ့ပတ်သက်ပြီး တာဝန်ယူ ပေးတယ်လို့
သိရပါတယ်။ 

 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026