NEWS

လုပ်ခလစာ မပေးဘဲ အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမား ၈ ဦး က NUG နှင့် MHAC ကိုတိုင်ကြားရာ လုပ်ခနှင့်နစ်နာကြေးများ ပြန်ရ

CoverLogo
693 Views

ထိုင်းနိုင်ငံ  စမူပကန်မြို့ရှိ ကော်စက်ရုံ တစ်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၈ဦး ကို စက်ရုံသူဌေးက လုပ်ခလစာ မပေးတဲ့ အပြင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်က ထုတ်ပယ်ခဲ့တဲ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမား ဝန်ကြီးဌာန နဲ့ (MHAC) မဟာမိတ်အဖွဲ့တို့ ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားများ အကူအညီ တောင်းခံလာ တဲ့ အတွက်  (MHAC) မဟာမိတ်အဖွဲ့မှ အမှုကိုလက်ခံခဲ့ပြီး အလုပ်သမားများ၏ လုပ်ခလစာနှင့် နစ်နာကြေးများပြန်လည်ရရှိအောင် အန်ယူဂျီ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ပြီး စမူပကန်ရှိ ဆဝါဒီကန်ရုံး မှာ  သွားရောက်တိုင်ကြား အမှုဖွင့်ပေးခဲ့ ရာ အောက်တိုဘာ ၂၅ရက်မှာ  အလုပ်သမား (၈) ယောက်ရဲ့ လုပ်ခလစာ စုစုပေါင်း ဘတ် (၈၀၀၀၀) ကျော်ကို ကနဦး ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ကြိုတင်အကြောင်းမကြားပဲ အလုပ်ကထုတ်ပါယ်ခဲ့တဲ့ အတွက် နစ်နာကြေးငွေ တစ်ဦး ကို  (၁၆၀၀၀)ဘတ် စုစုပေါင်း အလုပ်သမား (၈)ဦး၏ နစ်နာကြေး (၁၂၈၀၀၀)ဘတ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာအလုပ်သမားအမျိုးသား၆ဦးနဲ့အမျိုးသမီး ၂ဦး တို့မှာ   ၎င်းကော်စက်ရုံ တွင် အလုပ်လုပ်ခဲ့သည်မှာ လုပ်သက် (၁) နှစ်မှ (၃)နှစ်ကြားရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026