NEWS

လုပ်ခလစာ ကိုယ်စားထုတ်ခွင့် မပေးလို့ နေရပ်ပြန် လုပ်သားတချို့  နစ်နာနေရ

CoverLogo
1.2K Views


နေရပ်ပြန် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို Jiashihao (Myanmar) Limited အထည်ချုပ်စက်ရုံက ကိုယ်စားထုတ်ယူဖို့ ခွင့်မပြုတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ အလုပ်ထွက် အလုပ်သမားတွေကို လကုန်ပြီး ၁၀ ရက်ကြာမှ လုပ်ခလစာကို ကိုယ်တိုင်လာရောက် ထုတ်ယူရ မယ်လို့ စက်ရုံဘက်က ပြောဆိုထားတာကြောင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။


“ ၁၅ ရက်လောက် လုပ်ခရဖို့ရှိတော့၊ တယောက်ကို ကျပ် နှစ်သိန်းဝန်းကျင်လောက် နစ်နာရတယ်။ ၂ လပိုင်းထဲမှာ အလုပ်ထွက်သူ  ၄၀ ဝန်းကျင်လောက်ရှိတော့ လုပ်ခစုစုပေါင်း တန်ဖိုးက သိန်း ၈၀ လောက်ရှိတယ်။ အလုပ်ရုံ အတွက် ငွေပမာဏမနည်းသလို ကိုယ်တွေလို အလုပ်သမားတွေအတွက်လည်း တန်ဖိုးရှိတဲ့ ပိုက်ဆံပါ။ အနည်းဆုံး ခရီးစာရိတ် အတွက်ရမယ်၊ ဒီထက်များရင် မိသားစုအတွက် အိမ်ပြန်လက်ဆောင် ပေးနိုင်ပါတယ်” လို့ အလုပ်က နုတ်ထွက်ထားတဲ့ Jiashihao (Myanmar) အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။


အလုပ်ကနုတ်ထွက်ထားတဲ့ အလုပ်သမားတွေအားလုံး နေရပ်မှာ ရောက်ရှိနေကြပြီး နိုင်ငံရေးအခြေအနေနဲ့ လမ်းအစစ်အဆေးတွေကြောင့် ရန်ကုန်မြို့ကို ပြန်လာဖို့က မလွယ်ကူဘူးလို့ အလုပ်သမားတဦးက ပြောပါ တယ်။ကိုယ်စားထုတ်ယူခွင့် အတွက် အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ) ကို တိုင်ကြား နိုင်ပြီး ကိုယ်စားလုပ်ခလစာထုတ်ယူမှုနဲ့ ပတ်သတ်ပြီး အလုပ်သမားအရေး လှုပ်ရှားသူ တဦးက အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။ 


“ အလုပ်လစာနဲ့ ပတ်သက်ပြီး အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရးဦးစီးဌာနက ကိုင်တယ်ဆိုတော့ သူတို့ကို တင်ပြလို့ရတယ်။ ပြီးခဲ့တဲ့လထဲမှာ လုပ်ခလစာအတွက် ကူညီပေးတာတွေရှိတယ်။ မှတ်ပုံတင်တွေ မိတ္တူ(ဓါတ်ပုံ) တွေနဲ့ ထုတ်ယူပေးတာတွေလည်း ရှိတယ်။ အဲလိုမှ မရဘူးဆိုရင် ကူညီပေးနေတဲ့ ရှေ့နေတွေကို ကိုယ်စားလှယ် လွှဲပြီး  တောင်းလို့ရတယ်။ အခုက ရမဲ့ ပမာဏက မနည်းဘူးဆိုတော့ တောင်းရမယ်” လို့ ပြောပါတယ်။ 


ဒီလိုအလုပ်ထွက်မှုတွေ ဟာ စစ်မှုထမ်းဥပဒေပေါ်ပေါက်လာပြီး ဖေဖော်ဝါရီလလယ်လောက်မှာဖြစ်ပွားခဲ့တာလို့ Jiashihao (Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမားတဦးက အတည်ပြုပြောဆိုပါတယ်။ နေရပ်ပြန်သူ အများစုကတော့ အမျိုးသမီးအထည်ချုပ် လုပ်သားတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ 


“အခုပြန်ရောက်တာတောင် အဖမ်းမခံလို့ ၊မသေလို့ ပြန်ရောက်လာတာ၊ ရန်ကုန်မှာလည်း ပေါ်တာ သတင်းတွေနဲ့ စက်မှုထမ်းဥပဒေနဲ့ ဆိုတော့ အိမ်ကလည်း ချက်ချင်းပြန်လာဖို့ ခေါ်တော့ ပြန်မယ့်သူတွေ စုပြီး ပြန်ဖြစ်သွားတာ ပါ” လို့ နေရပ်ပြန် Jiashihao (Myanmar) စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။


Jiashihao (Myanmar) စက်ရုံမှာ အလုပ်ထွက်သူ ရာနဲ့ချီရှိနေတာကြောင့် လက်ရှိ အလုပ်သမား ၅၀၀ အထိ ခေါ်ယူနေတယ်လို့  အလုပ်သမားတဦးက ပြောပါတယ်။ စက်ရုံအတွင်းခွင့်နဲ့ ပတ်သက်တဲ့ ခွဲခြားမှုတွေ ရှိနေပြီး ရှောင်တခွင့်နဲ့ လုပ်သက်ခွင့်တွေ မရဘူးလို့လည်း အလုပ်သမားတဦးက ပြောပါတယ်။ 


“ခွင့်က အုပ်ချုပ်ရေးလူကြီးပိုင်းနဲ့ သူတို့နဲ့ ရင်းနှီးတဲ့သူတွေပဲ ရတာ။ တခြားသူတွေမရကြဘူး ။ လုပ်သက်ခွင့်ကို လည်း နှစ်ကြေး ပေးထားတယ်ဆိုပြီးမရဘူး “ လို့ Jiashihao (Myanmar) စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။


Jiashihao (Myanmar) Limited အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၁ ၊ ခရေလမ်းမှာ လုပ်သား ၁၂၀၀ လောက်နဲ့  ZARA, LIDL, NEW WAY, GINA, JABP နဲ့ OTTO စတဲ့  တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။  




Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026