NEWS

လုပ်ခတိုးပေးဖို့တောင်းဆိုညှိနှိုင်းစဥ် သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်ပယ်လို့ True Green စက်ရုံလုပ်သားတွေ ထိုင်သပိတ်ပြုလုပ်

CoverLogo
497 Views
 
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်တွင် ဖွင့်လှစ်ထားသော True Green ကော်စေ့စက်ရုံမှ အလုပ်သမားများ ယနေ့ (မေလ ၁၉ရက်နေ့) ညနေ ၄ နာရီ ၃၀မိနစ်မှစတင်ကာ ထိုင်သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
Day ကြေး ၆၈၀၀ ကျပ် အား ၁၀၀၀၀ ကျပ်အထိတိုးမြှင့်ပေးရန်နှင့် စက်ရုံတွင်းဖွဲ့စည်းထားသောသမဂ္ဂအဖွဲ့ခေါင်းဆောင်များအား အကြောင်းပြချက်မရှိ ထုတ်ပယ်ခဲ့မှုအတွက် သမဂ္ဂခေါင်ဆောင်များအား လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဟူသောအချက်များကို တောင်းဆိုကာ အလုပ်သမား ၁၀၀ ကျော်က ထိုင်သပိတ်ပြုလုပ်တာဖြစ်ပါတယ်။
 
"ခေတ်ကာလကုန်စျေးနှုန်းနဲ့ လက်ရှိရတဲ့လုပ်ခလစာက ဘယ်လိုမှကိုအဆင်မပြေဘူး။ ဒါကြောင့်တောင်းဆိုတဲ့အခါ လုပ်ငန်းရှင်ဘက်က ဒီလောက်တော့ လုပ်ပေးနိုင်တယ်ဆိုပြီး မညှိနှိုင်းဘဲနဲ့ မပေးနိုင်ဘူးဆိုတာကတော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်" လို့ ရွှေပြည်သာမြို့နယ်အလုပ်သမားအဖွဲ့အစည်း တာ၀န်ရှိသူ တစ်ဦး ကပြောပါတယ်။
 
စက်ရုံအနေဖြင့် အလုပ်သမားများအခွင့်အရေးကိုထပ်တလဲလဲ ချိုးဖောက်လျှက်ရှိနေကြောင်းနှင့် ယခုကဲ့သို့စက်ရုံမှ အခွင့်အရေး ချိုးဖောက်နေမှုအပေါ် များစွာရှုတ်ချကြောင်းကိုလည်း သူကထပ်လောင်း ပြောဆိုခဲ့ပါတယ်။
 
၁။ True Green စက်ရုံအနေဖြင့် ဒေးကြေးအား(၁၀၀၀၀ ကျပ်) အထိတိုးမြှင့်ပေးရန်။
 
၂။ ရက်မှကြေး (၃၀၀၀၀ ကျပ်)အား ရှေ့ ၁၅ ရက်ပျက်လျှင် (၁၅၀၀၀ ကျပ်) နောက် ၁၅ ရက်အတွင်းပျက်လျှင် (၁၅၀၀၀ ကျပ်)စီဖြတ်​​တောက်ပေးရန် တောင်းဆိုမှုများကို တိုင်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဖြင့် ဖြေရှင်းနေစဥ် EC အဖွဲ့ပါ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026