NEWS

လာအိုရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမား တွေကို CI နှင့်OWICကတ် လုပ်ပေးရန်စီစဉ်နေဟုဆို

CoverLogo
438 Views
 
လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို CI(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်)နဲ့OWIC(ပြည်ပအလုပ်သမားသက်သေခံကတ်) တို့ လုပ်ပေးဖို့ နှစ်နိုင်ငံစီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
၎င်းကိစ္စရပ်နဲ့ ပက်သက်ပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နဲ့ လာအိုပြည်သူဒီမိုကရက်တစ် သမ္မတနိုင်ငံ မှ သံအမတ်ကြီးတို့ က ဇန်နဝါရီ ၉ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကျတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တွေ့ဆုံဆွေးနွေးမှု တွင် လာအိုနိုင်ငံရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား တွေ ကို နှစ်နိုင်ငံ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းပြီးတော့ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်း ကိုe-IDစနစ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး CI(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်)နဲ့ OWIC(ပြည်ပအလုပ်သမားသက်သေခံကတ်) တို့ ထုတ်ပေးဖို့ အပြင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ကိစ္စ ရပ်တွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
""လာအိုမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ သောင်းနဲ့ချီရှိတယ် အခုလို အထောက်အထား လုပ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ဒီမှာ က ထိုင်းလိုတော့ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးမှု အရမ်းမတင်းကျပ်ပေမယ့် ကိုယ့်မှာ အထောက်အထား ရှိနေရင် ပိုပြီး အလုပ်လုပ်ကိုင်ရတာ သွားလာရတာ ပိုအဆင်ပြေတာပေါ့ အခုအစီစဉ်အမြန်ဆုံး အကောင်ထည်ဖေါ်ဖို့မျှော်လင့်တယ်""လို့ လာအိုနိုင်ငံရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
လာအိုနိုင်ငံ က မြန်မာနိုင်ငံထက် လုပ်ခလစာပိုများနေတာကြောင့် တရားမဝင် သွားရောက်တာတွေရှိနေသလို အေဂျင်စီတွေကနေ တစ်ဆင့် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာတယ်လို့ဆိုပါတယ်။
ဒါကြောင့် မြန်မာအလုပ်သမားသွားရောက်အလုပ်လုပ်ကိုင်မှုများလာတဲ့ အတွက် ပြီးခဲ့တဲ့၂၀၂၄ခုနှစ် အောက်တိုဘာ ၂၁ရက် မှာ နှစ်နိုင်ငံအလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာMOUကိုနှစ်နိုင်ငံဝန်ကြီးဌာန တို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ ရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမား မှာလည်း ဦးရေ ၅သောင်းကျော်ခန့်ရှိတယ် လို့ သိရပါတယ်။
MyanmarLabourNews

Related posts

Cover
မလေးရှားနှင့်ဂျပန် ကိုပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်သည့် အေဂျင်စီကို အမှုဖွင့်အရေးယူ ထားဟု အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Mar 23, 2026
Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026