NEWS

လစာများဖြတ်တောက်နေတဲ့အတွက် GASAN APPARELအလုပ်သမားများစက်ရုံတွင်းဆန္ဒပြ၊ စစ်တပ်နဲ့ရဲအင်အားအလုံးအရင်းနဲ့လာရောက်ပြီးဆန္ဒပြခေါင်းဆောင်သူတွေကိုဖမ်းဆီးဖို့ကြိုးစားနေဟုဆို

CoverLogo
696 Views

နိုဝင်ဘာ ၊ ၅ ရက်

ယခကလမှစပြီးအိုတီ၊ ရက်မှန်ကြေး၊ ကားခ၊ထမင်းဖိုးတွေနဲ့လစာကိုပါဖြတ်တောက်ခဲ့တဲ့အတွက် လှိုင်သာယာ ရွှေလင်ဗန်းစက်မှု့ဇုံထဲမှာရှိတဲ့ GASAN APPAREL လုပ်သား ၃၃၈ ဦးလောက်က ဒီကနေ့မနက်ပိုင်းကစပြီး စက်ရုံတွင်းဆန္ဒပြတောင်းဆိုနေကြပါတယ်။

"ကျမတို့ကိုကနေ့အထိလစာမပေးသေးဘူး၊ ဒီနေ့လဲရမှာမဟုတ်ဖူး၊ ဒီနေ့ဖြစ်တာကမနေ့ကရတဲ့အော်ဒါတွေကိုကျမတို့ကိုအိုတီမပေးချင်လို့ Daily သမားတွေခေါ်ချုပ်တယ် အဲ့ဒါအလုပ်သမားတွေရောက်လာတော့ကိုယ့်စက်ကိုယ်ပြန်လုတာမနက်ကတော့ရုန်းရင်းဆန်ခတ်ပဲ ရဲရောစစ်သားတွေရောအချုပ်ကားတွေ​ရောပါရောက်လာတာပဲ ခုနကတော့ပြန်သွားတယ်" လို့စက်ရုံအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

မနက်အစောပိုင်းကရောက်ရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအလုပ်သမားအခွင့်အရေးအတွက်စက်ရုံကိုတောင်းဆိုနေကြတဲ့အလုပ်သမားတွေကိုအပေါ်စီးမှနေပြီးဓါတ်ပုံရိုက်တာတွေလဲ ပြုလုပ်သွားတယ်လို့သိရပါတယ်။

"ဓါတ်ပုံတွေရိုက်သွားတယ်ဆန္ဒပြတာဦးဆောင်သူကိုဖမ်းမယ်ပေါ့ကျမတို့ကအကုန်တညီတညွတ်ထဲတောင်းဆိုနေတာဆိုတော့ဖမ်းမရဘူးဖြစ်တာခုကိစ္စမှာစက်ရုံပိုင်ရှင်ထက်သူ့အောက်ကမြန်မာလူမျိုးကပိုဆိုးနေတယ် ကျမတို့ကတော့ဒီစက်ရုံပိတ်တဲ့အထိကိုဖြစ်စေချင်ပြီ မတရားလွန်လို့ခုထိလဲလာပြီးဘာမှမညှိသေးဘူး" လို့စက်ရုံအလုပ်သမားတဦးက MLNကိုပြောပါတယ်။

စက်ရုံတွင်းတောင်းဆိုမှုကို အောက်တိုဘာ ၁၅ရက်နေ့ကစပြီး တောင်းဆိုနေကြပေမယ့်စက်ရုံဖက်ကဒေးကြေးကလွဲပြီးဘာခံစားခွင့်မှမပေးတဲ့အပြင် အလုပ်သမားတွေအပေါ်လာရောက်ညှိနှိုင်းပြောဆိုတာတွေလဲမရှိဘူးလို့စက်ရုံအလုပ်သမားတွေကMLNကိုပြောပါတယ်။

Myanmar Labour Newsမှသတင်းရရှိချိန်ကနေယခုအချိန်အထိGASAN APPAREL အထည်ချုပ်စက်ရုံကအလုပ်သမားတွေက အလုပ်သမားအခွင့်အရေးအတွက်ဆက်လက်ဆန္ဒထုတ်ဖော်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026