NEWS

လစာနှင့်နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်သည့်သူဌေးကို အလုပ်သမားရုံးသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၈၀ အလုပ်ပြန်ရ

CoverLogo
451 Views
 
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ချာချင်ဆောင်၊ နောင်စာတစ် လမ်း(၁)ရှိ မီးကြိုးဟောင်းစက်ရုံက မြန်မာရွှေ့ပြောင်း လုပ်သား ၁၈၀ ဦး ကို လစာနဲ့ နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်တဲ့ စက်ရုံသူဌေးကို မြို့နယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်ရုံး)ကို တိုင်ကြား လိုက်ပြီးနောက် မြန်မာလုပ်သားတွေ အလုပ်ပြန်ဆင်းရတယ်လို့ ၎င်းကိစ္စရပ်ကိုကူညီပေးနေတဲ့ WAG အလုပ် သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
‎စက်ရုံဘက်မှ လာမယ့်ဇွန် လ၂၈ ရက်နေ့မှာ စက်ရုံပိတ်သိမ်းတော့မယ်ဆိုကာ ဇွန်လ ၂၄ရက်က မြန်မာလုပ်သား ၁၈၀ဦး က်ို အလုပ် ဖြုတ်လိုက်တဲ့ အပြင် ကျန်ရှိတဲ့ လုပ်အားခပါမပေးဘဲ စာရွက်စာတမ်း တွေကိုပါ သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် မြန်မာအလုပ်သမား တွေက WAG အလုပ် သမား မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းသဖြင့် WAG အဖွဲ့ က အလုပ်သမားတွေ နဲ့အတူ
 
မြို့နယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး ဆဝါဒီကန်ရုံးကို ယနေ့ ဇွန်လ ၂၇ ရက် မနက်က သွားရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ကြား လိုက်တဲ့ အတွက် ‎ဆဝါဒီကန်ရုံးကို စက်ရုံသူဌေးမှ လာရောက်ညှိ နှိုင်းပြီးနောက် မြန်မာ အလုပ်သမား တွေ ကို အလုပ်ပြန်ပေး တဲ့ အပြင် အလုပ်ရပ်နားထားတဲ့ ရက်အတွက် လုပ်အားခ အပြည့်ပေးရန် ရက်ကြီးခါကြီးနားရက်အလုပ်ဆင်းပါက လုပ်ခ နှစ်ဆပေးရန်တို့ ကို ပါ ဆဝါဒီကန်ရုံးဝန်ကြီးကိုယ်တိုင် သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
""ကျွန်တော်တို့ တွေ မနက်ဖြန် ၂၈ ရက် မှာ အလုပ်ပြန်ဆင်းရပါပြီ တနင်္ဂနွေ ပိတ်ရက် လုပ်ခ နှစ်ဆ လည်း ပြန်ရပါပြီ အရင်က အပြည့်အဝမရပါဘူး အခု အလုပ်သမားအခွင့်ရေး အပြည့်အဝပြန်ရပါပြီ ကူညီပေးတဲ့ WAG အဖွဲ့ ကိုလည်း အထူးကျေးဇူးတင်ပါတယ်""လို့ မီးကြိုးဟောင်းစက်ရုံကမြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ယခု လပိုင်း အတွင်း ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် အတွင်းက စက်ရုံ အချို့ရှိ မြန်မာလုပ်သားတွေ ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်တာတွေ များနေတယ်လို့ မြန်မာလုပ်သားအရေးကူညီပေးနေသူတွေထံကသိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026