NEWS

လက်မှတ်အတုထိုးတာ ဘာနစ်နာလို့လဲ ဟု အလညဦးစီးမှူးပြောဆို၊ WEI HUA (Myanmar) Garment Co.,Ltd စက်ရုံ အချိန်ပို ခေါ်မှု စစ်ဆေးရေးအဖွဲ့ မိ

CoverLogo
1.1K Views
 
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် EC မှာ အလုပ်သမားက လက်မှတ်မထိုးဘဲ စက်ရုံဘက်က လက်မှတ်အတုထိုးခဲ့တာကို "လက်မှတ်အတုကြောင့် ဘာနစ်နစ်လဲ" ဆိုပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (အလည) ဦးစီးမှူးက ပြောဆိုခဲ့တယ်လို့ မြေပြင်အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တဦးက Myanmar Labour News ကို ပြောပါတယ်။
 
WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံက အမျိုးသမီးလုပ်သားတဦးကို အလုပ်ထုတ်ခဲ့ပြီး EC စချုပ်မှာ လက်မှတ်အတု ထိုးခဲ့တာကြောင့် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာ ညှိနှိုင်းဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က နောက်ဆုံးညှိနှိုင်းနေစဉ် လက်မှတ်အတုထိုးတာက အလုပ်သမားအတွက်နစ်နာမှု မရှိသလို (အလည) ဦးစီးမှူးက ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“လုပ်ငန်းရှင်က အလုပ်သမားတဦးရဲ့ လက်မှတ်အတုပြုလုပ်တာကို အလုပ်သမား ဘာနစ်နာလဲလို့ မပြောသင့်ဘူး။ လက်မှတ်အတုထိုးတာက ဥပဒေမဲ့တာ မဟုတ်ဘူးလား။ ဒီလိုသာ လက်မှတ်တုထိုးတာကို ခွင့်ပြုရင် အလုပ်သမားတွေက မနစ်တော့ဘူးလား။ နစ်နာတာ၊မနစ်တာက ဆုံးဖြတ်ခွင့် မရှိဘူး။ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ တာဝန်ပဲရှိတာ”လို့ ကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။
 
အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်ခန့်ထားမှုသဘောတူစာချုပ် EC ချုပ်ဆို ရပြီး စာချုပ်ကို ဥပဒေနဲ့ ညီမညီ၊ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက် သဘောတူမတူနဲ့ နှစ်ဖက် လက်မှတ်တွေကို အလညဦးစီးမှူးက စစ်ဆေးဖို့တာဝန်ရှိပါတယ်။
 
စစ်ကောင်စီက ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှုကြောင့် ထိပ်လန့်နေတဲ့ အလုပ်သမားတွေကို WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံက အချိန်ပို ည(၈)နာရီ အထိ လုပ်ကိုင်ခိုင်း ခဲ့တာလို့ သိရပါတယ်။
"အော်ဒါအသစ်တွေ ထပ်ဝင်တော့ အချိန်ပိုကို ဥပဒေ ကျော်ပြီးခေါ်တယ်။ ပေါ်တာဆွဲတာတွေ လည်းရှိ တော့ ညီမတို့က အချိန်ပိုကို မဆင်းရဲဘူး။ မဆင်းနိုင်လို့ ပြောလည်း စူပါ၊ အောစူပါတွေက မဆင်းနိုင်ရင် နောက်နေ့ အလုပ် မလာနဲ့ လို့ ပြောတယ်” လို့ စက်ချုပ်အလုပ်သမားတဦးကပြောပါတယ်။
 
WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီ ၈ ရက်က မြို့နယ် အလုပ်သမားရုံးက စစ်ဆေးရေး အဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပေမဲ့လည်း စက်ရုံဘက်က ရွေးချယ်ပေးသူ တွေကိုသာ မေးမြန်းခဲ့သလို စစ်ဆေးမှုအပြီး အချိန်ပိုတွေ ဥပဒေကို တပ်မံ ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပို ဆက်လက်ခိုင်းစေတာကြောင့် အလုပ်သမားရုံးကို တိုင်ကြားခဲ့ရာမှာ ဖေဖော်ဝါရီ ၂၀ ရက်ည ၇ နာရီခွဲမှာ WEI HUA (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံကို စစ်ဆေးရေးအဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးခဲ့လို့ အချိန်ပိုကို ရပ်တန့်ပြီး အလုပ်ဆင်းပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ၇နာရီခွဲလောက် ပြန်လာရတယ်။ စစ်ဆေးရေးအဖွဲ့က ၁၀ ယောက်လောက်ပါတယ်။ အချိန်ပို လုပ်ခိုင်း နေတာ မိတာပေါ့။ ဘယ်လို အရေးယူမလဲတော့ မသိဘူး။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Wai Hua Myanmar အထည်ချုပ်စက်ရုံက ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီးလမ်းမှာရှိပြီး တရုတ်အမျိုးသားတဦး ပိုင်ဆိုင်ပါတယ်။ စက်ရုံမှာတော့ လုပ်သား ၆၀၀ ဝန်းကျင်နဲ့ MOHITO ၊ Hgtncalif၊ Hang Ten၊ Cortefiel ၊ Hamure စတဲ့ အမှတ်တံဆိပ်တို့တွေကို ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026