NEWS

ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ရေးအချက် အလက် ဖြည့်စွက်ရာတွင် သေချာစိစစ်ဖို့ အသိပေး

CoverLogo
342 Views
 
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ မိမိသဘောဆန္ဒမပါဘဲ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ ပေးတာမျိုး တွေ မဖြစ်စေဖို့မိမိရဲ့ ကိုယ်ရေးအချက်အလက် ဖြည်စွက်ရာမှာ သေချာစိစစ် ဖို့ အလုပ်သမားအဖွဲ့အစည်းတွေ က သတိပေးထားပါတယ်။
 
မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ်(CI) ပြုလုပ်ဖို့ အတွက် ဖြည့်စွက်ရတဲ့ ဖောင်မှာ ကြိုတင်မဲ အတွက် ဖြည့်စွက်ရတဲ့ ပုံစံ ၁၅ ဖောင်နဲ့ ဆင်တူနေတဲ့ အတွက် CI ပြုလုပ်တာမှာ မိမိဖြည့်စွက်ရတဲ့ ဖောင်ကို သေချာစိစစ် ပြီးမှ လက်မှတ်ထိုးပေးကြဖို့ အလုပ်သမားအဖွဲ့စည်းနဲ့ CRPH အလုပ်သမားရေးရာကော်မတီမှ သတိပေးထားပါတယ်။
 
"CI လုပ်ရင် အလုပ်သမား ကိုယ်တိုင် လုပ်တာမရှိသလောက်ဘဲ ပွဲစားတွေနဲ့ အပ်ပြီးတော့ လုပ်ကြတာ ပွဲစားက ဒီနေရာမှာစောင့်ခိုင်းရင်စောင့်ရတယ် သူတို့ဝင်ဆိုမှဝင်ရတယ် လက်မှတ်ထိုးဆိုတဲ့နေရာမှာထိုးရတယ် သူတို့ပြီးပြီဆိုမှ စာအုပ်ရတယ် ဆိုတော့ ဒီအဆင့်တွေမှာသတိထားဖို့ လိုတယ်လို့ပြောချင်ပါတယ်။လက်မှတ်ထိုးရတဲ့စာရွက်ကို ကြည့်ပါ ပုံစံ ၁၅ လို့ရေးထားလားသေချာကြည့်ပါ သူတို့ကပုံစံ ၁၅ စာရွက်ကို ကြားညှပ်ပြီး ထည့်ပေးမှာစိုးတယ် ပွဲစားတွေ အကျိုးဆောင်တွေ ကုမ္ပဏီ တွေ ကလည်းဒီလိုဒီကိစ္စမျိုးဝင်ရောင်ပြီး မပါဖို့မေတ္တာရပ်ခံလိုတယ်""လို့ CRPH အလုပ်သမားရေးရာကော်မတီဥက္ကဌဦးဥက္ကာမင်းကပြောပါတယ်။
 
ထိုင်းနိုင်ငံမဟာချိုင်အခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ အနေနဲ့ ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ကန့်ကွက်ကြောင်း ထိုင်းရောက်အလုပ်သမားများ မိမိတို့သဘောဆန္ဒမပါဘဲ ပုံစံ၁၅ ဖောင်တွင် ပါရှိတဲ့ နိုင်ငံသားမှတ်ပုံတင်နဲ့ပုံစံ၁၀အိမ်ထောင်စုပါအချက်လက်များ ကို ပူးတွဲမိတ္တူကူးယူဖောင်ဖြည့်ပေးခြင်းနဲ့ တစ်ဆင့်ခံပွဲစားများ မှ လက်မှတ်ရေးထိုးခိုင်းခြင်းများ မပြုလုပ်မိစေရန် အထူးသတိပေး ပါတယ်။
 
စစ်ကောင်စီရဲ့ သံရုံးတွေ က ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးနိုင်မယ့် ပုံစံ ၁၅ ဖောင်ကို ကိုယ်ရေးအချက်လက်ဖြည့်စွက်ပြီး ဩဂုတ်၂၂ရက်မှစက်တင်ဘာ ၈ ရက်အထိ သံရုံးတွေ ကို ပေးပို့နိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် ဩဂုတ်၂၂ရက်မှစက်တင်ဘာ ၈ ရက် အတွင်း CI စာအုပ်ပြုလုပ်သူတွေ အနေနဲ့ ကိုယ်ရေးအချက်အလက် ဖြည့်စွက်တာမှာ ပိုမိုသတိထားကြဖို့ အလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026