NEWS

ရွှေ့ပြောင်းလုပ်သား အလုပ်လုပ်ခွင့် သက်တမ်းတိုးတာကို အွန်လိုင်း စနစ်ဖြင့် လုပ်ဆောင်နိုင်

CoverLogo
152 Views
 
ထိုင်းရောက်​ရွှေ့ပြောင်းလုပ်သား လူဟောင်း တွေရဲ့ work permit သက်တမ်းတိုးဖို့ အတွက် ဩဂုတ်၇ ရက်က စပြီး အွန်လိုင်း စနစ် နဲ့ စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်တယ်လို့ ထိုင်းအလုပ်အကိုင် ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
 
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ work permit ၂နှစ် သက်တမ်းကုန် တဲ့ ရွှေ့ပြောင်း လုပ်သား တွေ အနေနဲ့ သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်ကို ဩဂုတ်၇ရက် နေ့လည် ၁နာရီခွဲ ကနေ အွန်လိုင်းစနစ် နဲ့ စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။
 
၎င်းသက်တမ်းတိုး လုပ်ငန်းစဉ်ကို၂၀၂၅ခုနှစ် ဩဂုတ် ၇ရက်မှ ဒီဇင်ဘာ ၁၃ရက်အထိ ခွင့်ပြုပေးထားပြီး အချိန်မီ မလုပ်ဆောင်ပါက အထောက်အထားမဲ့ လုပ်သား ဖြစ်သွားမှာ ဖြစ်တယ်လို့​ဆိုပါတယ်။
 
ထိုင်းအလုပ်အကိုင် ဦးစီးဌာနရဲ့ ကြေညာချက် ထဲ မှာ work permit သက်တမ်းတိုး လုပ်ငန်းစဉ် အတွက် လိုအပ်ချက်တွေ ကို ကြေညာထားပြီးမြန်မာအလုပ်သမားအရေးကူညီသူတွေကလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စာရွက်စာတမ်းကိစ္စကို အလေးထားဆောင်ရွက်ကြဖို့ အကြံပြုပြောထားပါတယ်။
 
ဝေါ့ပါမစ်သက်တမ်းတိုး လုပ်ငန်းစဉ်တွေ ထဲမှာ ကျန်းမာရေးအတွက်ဆေးစစ်ခြင်း ဝေါ့ပါမစ်အတွက်ကုန်ကျငွေ၊ အလုပ်သမားအာမခံငွေများသွင်းဖို့ စတာတွေပါဝင်ပါတယ်။
 
ဒါ့အပြင် လိုအပ်တဲ့ အချက်အလက်တွေ ကို ဒီဇင်ဘာ ၁၃ရက်မှာ နောက်ဆုံးထားပေးပို့ခိုင်းထားပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၃ရက်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်မှ ဝေါ့ပါမစ်လျှောက်လွှာတွေကို အချက်အလက်စစ်ဆေး ပြီး မှန်ကန်ပါက ထုတ်ပေးမှာဖြစ်ကြောင်း ဗီဇာထုခြင်းကိုတော့ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ အတွင်း အပြီး လုပ်ဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။
 

Related posts

Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025