NEWS

ရွှေ့​ပြောင်းလုပ်သား အ​ရေးကိုင်တွယ်ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးနဲ့ လာအ်ိုအလုပ်သမားဝန်ကြီးတို့ MOU ရေးထိုး

CoverLogo
329 Views
 
လာအို နိုင်ငံ မှာ ရောက်ရှိနေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးနဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်ပေးနိုင် ဖို့ ဆိုကာ စစ်ကောင်စီ မှ အလုပ်သမားဝန်ကြီးဦးမြင့်နောင်နဲ့ လာအို အလုပ်သမား ဝန်ကြီး တို့ နားလည်မှုစာချွှန်လွှာ (MOU )ရေးထိုးလိုက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနကနေ ထုတ်ပြန်ထားပါတယ်။
 
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ‌အောက်တိုဘာလ ဒုတိယ အပတ် က ပြုလုပ်ခဲ့တဲ့ လာအို-မြန်မာနှစ်နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့် အစည်းအဝေးအပြီးမှာ နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားတာဖြစ်တယ်လို့ သိရပါတယ်။
 
ယခုရေးထိုးတဲ့စာချွန်လွှာအရ နှစ်နိုင်ငံ ကတိကဝတ် ဖြင့် ပုံမှန်အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းဆောင်ရွက် နိုင်ဖို့ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် အလုပ်သမားတွေကို အထောက်အထား ထုတ်ပေးနိုင်တဲ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး၊ ဒေသအတွင်းအလုပ်သမားရေးရာနဲ့ ပက်သက်တဲ့ စိန်ခေါ်မှု တွေကို ပူးပေါင်းဆောင်ရွက် ဖြေရှင်းဖို့ စတာတွေ ဆွေးနွေးခဲ့ကျတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
လက်ရှိမှာ လည်း လာအိုနိုင်ငံ အတွင်း တရားဝင် သွားရောက်အလုပ်လုပ်ကိုင် နေတဲ့ မြန်မာအလုပ်သမားတွေရှိသလို တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေသူတွေက ပိုများတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တွေထံက သိရပါတယ်။
 
နှစ်နိုင်ငံအစည်းဝေးပြီးနောက်မှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင် က ဗီယန်ကျင်းမြို့ကတရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရှိတဲ့စက်ရုံတစ်ခုဆီ သွား‌ရောက်ခဲ့ ပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေထံ တရားဝင်ဘဏ်စနစ် ဒါမှမဟုတ် ဘဏ်နဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုတွေကနေ လွှဲပြောင်းပေးဖို့ ပြောခဲ့တယ်လို့သိရပါတယ်။
 
လာအိုမှာ တရားမဝင်အထောက်အထားနဲ့ နေထိုင်ပြီးစက်ရုံ အလုပ်ရုံ နဲ့ ဈေးအရောင်းဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေ ထောင်နဲ့ချီ ရှိသလို လာအိုနိုင်ငံထဲက တရုတ်အထူးစီးပွားရေးဇုန်ထဲကလောင်းကစားရုံတွေနဲ့ ကာစီနိုတွေမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026