NEWS

ရွှေ့ပြောင်းလုပ်သားတွေ ဆိုင်ကယ်၊ ဘေးတွဲနဲ့ စီးပွားရှာပါက ဒဏ်ကြေးပေးရမယ့် အပြင်နေရပ်ပြန်ပို့မယ်ဟုဆို

CoverLogo
300 Views
 
ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ဆိုင်ကယ်၊ ဘေးတွဲ များဖြင့် စီးပွားရှာ ခြင်း ပြုလုပ်ပါက ဒဏ်ကြေးပေးဆောင်ရမယ့် အပြင် မိခင်နိုင်ငံ ကိုပါ ပြန်ပို့မယ်လို့
 
ရနောင်းခရိုင်အလုပ်အကိုင်ရှာဖွေရေးနှင့်အလုပ်ကိုင်ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေ နဲ့ ဆိုင်ကယ်/ ဘေးတွဲမောင်းနှင်တာ ကို လုပ်ငန်းအတွက်မောင်းနှင်ခြင်းဖြစ်စေ/ အငှားမောင်းနှင်ခြင်းဖြစ်စေမောင်းနှင်ခြင်းမပြုကြ ဖို့ ကြေငြာ ထားပါတယ်။
 
"ကိုယ်ရဲ့ နေ့စဉ် လုပ်နေရတဲ့ အလုပ် တွေ မှာပဲ သုံးရမယ် ဥပမာ အလုပ်သွား အလုပ်ပြန် ပစ္စည်းဝယ် တာတို့ ကလေးကျောင်းကြိုပို့ တာတို့ ဆိုရတယ် အငှားကယ်ရီ လိုက်တာတို့ စီးပွားရှာတာမျိုးကိုတော့ မရဘူးလို့ သိရတယ်""လို့ ရနောင်းရှိ မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထုတ်ပြန်ချက် ကို လိုက်နာခြင်းမရှိပဲ စစ်ဆေး တွေ့ရှိပါက ဖမ်းဆီးခြင်းခံရမှာဖြစ်ကာ ဒဏ်ကြေးအဖြစ် ဘတ်၅၀၀၀မှ ၅၀၀၀၀ အထိကျခံရမယ်လို့ ကြေညာထားပါတယ်။
 
ဒါ့အပြင် ဒဏ်ကြေးပေးဆောင်ပြီး ပါက လည်း မိခင်နိုင်ငံ ကို ပြန်လည်ပို့ဆောင်မယ် လို့ သတိပေးကြေညာထားပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026