NEWS

ရွှေလီ အောကယ် AOHE အထည်ချုပ်စက်ရုံ မြန်မာလုပ်သားတချို့အား လစာမပေးဘဲ ရဲလက်အပ်

CoverLogo
1.1K Views

တရုတ်နိုင်ငံ၊ ရွှေလီမြို အခြေစိုက် အောကယ်(AOHE) အထည်ချုပ်စက်ရုံက မြန်မာအထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုတယ်ဆိုပြီး လုပ်ခလစာမပေးဘဲ တရုတ်လုံခြုံရေး ရဲတပ်ဖွဲဆီ အပ်နှံခဲ့တယ်လို ကိုယ်တိုင် ဖမ်းဆီးခံရတဲ့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

“တနင်္လာနေ့ (အောက်တိုဘာ  ၂၇) ရက် ညပိုင်းမှာ စက်ရုံက တရုတ် ရဲ ၂ ယောက်ခေါ်ပြီး လာဖမ်းတယ်။ စုစုပေါင်း ၂၄ ယောက်  ။ ရွှေလီအချုပ်မှာ တည အိပ်ရတယ်။ မနက် ၁၀ နာရီလောက်မှာ ယောက်ျားလေး  ၃ ယောက်ကို နာမည်ခေါ်၊ မိန်းကလေး ၇ ယောက်ကို နာမည်ခေါ်၊ အချုပ်ကထုတ်လက်ထိပ်ခတ်ပြီး ခေါ်ထုတ် သွားတယ်။ ၁၀ ယောက်ကို ကျွန်မတို့ရှေ့မှာဘဲ နောက်တနေရာကို ခေါ်သွားတယ်  ။ ကျွန်မအပါ ၁၄ ယောက်ကို  ၂၉ ရက် ညနေမှာ ကြယ်ခေါင်က တဆင့် မူဆယ်ကို ပြန်ပိုလိုက်တာပဲ။ လစာလည်း ရမလာဘူး” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။  

လက်ရှိ ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၁၀ ယောက်နဲ့ အဆက်အသွယ် လုံးဝမရဘဲ  အောကယ် (AOHE) အထည်ချုပ်စက်ရုံ ဘက်လည်း လုပ်ခလစာပေးဖို့ အပါအဝင် ဘယ်လို ဆက်သွယ်ဆောင်ရွက်တာမှ မရှိဘူးလို ပြောပါတယ်။ အလုပ်သမား အနေနဲ့ လုပ်ခလစာ အနည်းဆုံး ယွမ် ၁၆၀၀ ကနေယွမ် ၂၀၀၀ ဝန်းကျင်စီ ရဖို့နေတယ်လို အလုပ်သမားတွေက ပြောပါတယ်။

“ကြယ်ခေါင်ကနေ မူဆယ်ဘက်ကို ပြန်ပိုတော့ မူဆယ်ရောက်တာနဲ့ လစာတွေပေးမယ်ဆိုပြီး ပြောလွှတ်လိုက်တာ။ ဒီဘက်ရောက်တော့ ကျန်တဲ့ ၁၄ယောက်ထဲက တချို့ကို ယွမ် ၂၀၀ ပေးတယ်။ ဒီလိုပေးတာကို သနားလို ပေးတာဆိုပြီး ပြောတယ်။ ကျွန်မတို လုပ်ခလစာကို ဘယ်မှာတောင်းရမှန်း မသိဘူး။ အဖမ်းခံရတဲ့ ကျွန်မတို အဖွဲ့က ၁၀ယောက်လည်း အဆက်အသွယ်မရဘူး။ တောင်းဆိုတယ်ဆိုတာ တကယ်လိုအပ်လို တောင်းတာ၊ တရုံလုံး တောင်းဆိုတာ၊ အဲဒါကို ၈ ယောက်ကို ရွေးဖမ်းတယ် ” လို အလုပ်သမားတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကတော့ စန္ဒာထွန်း ၊ပိုပိုအောင်၊ ဇင်မာနွဲ့၊ စန္ဒာစိုး၊ ဇင်မာငြိမ်း၊ ကြည်ပြာဝင်းကို၊ မလင်းလင်းစိုးနဲ့ မျိုးအောင်၊ဟိန်းညီညီ၊ ထွန်းလင်းအောင်တို ဖြစ်ကြပါတယ်။ စက်ရုံအလုပ်သမားတွေက လူဦးရေအလိုက် စံချိန်တောင်းဖို့၊ အချိန်ပိုကြေးကို အလုပ်ဆင်းတဲ့ ရက်အတိုင်း ပုံမှန်ပေးဖို့၊ အစိုးရ ရုံးပိတ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို၊ အခြေခံလုပ်ခလစာ နဲ့ ရက်မှန်ကြေး တိုးမြှင့်ပေးဖိုကို တောင်းဆိုခဲ့ကြတာလို သိရပါတယ်။

ဒီအလုပ်သမား ၂၄ ယောက်ဟာ ရန်ကုန်မြို ၊ ဝါးတရာစက်မှုဇုန်က Joy Myanmar အထည်ချုပ် စက်ရုံက စကားပြန်အမျိုးသမီး၊ စာရေးမနဲ့ တရုတ်နည်းပညာ ကျွမ်းကျင်သူတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ အောကယ်(AOHE) စက်ရုံကို ပြီးခဲ့တဲ့  မေလကတည်းက ရောက်ရှိနေတာလို သိရပါတယ်။

Photo - စက်ရုံ ယူနီဖောင်း၊ စက်ရုံအတွင်း/  အပြင်၊ စက်ရုံဖွင့်ပွဲနေ့တွင် တွေ့ရသည့် တာဝန်ရှိသူများ 

 #MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026