NEWS

ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ

CoverLogo
226 Views
 
လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ထဲက Mengyue Garment ဆိုတဲ့ အထည်ချုပ်စက်ရုံ က အပြင်ပန်း ကြည့်ရင် အလုပ်အကိုင်အခွင့်အလမ်းလို ထင်ရပေမဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေဟာ ငရဲခန်းလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။
 
ဒီစက်ရုံက တရုတ်နိုင်ငံသားပိုင် အလုပ်သမား ၇၀၀ ကျော်က Sinsay တံဆိပ် အထည်တွေကို ချုပ်လုပ်ပေး နေရတာပါ။
ဒီလုပ်ငန်းခွင်မှာ အဆိုးရွားဆုံးကတော့ အိမ်သာသွားတာကိုတောင် ကတ်နဲ့သွားခိုင်းပြီး ကန့်သတ်ထားတာပါ။ ယောက်ျားလေး အလုပ်သမား ၂၂၀ ကျော်အတွက် အိမ်သာကတ်က မလုံလောက်တဲ့အပြင်၊ အိမ်သာရှေ့မှာ လုံခြုံရေးတွေ ထားပြီး တစ်မိနစ်ထက်ပိုကြာရင် အထဲကနေ အတင်းဆွဲထုတ်တဲ့အထိ လူမဆန်စွာ လုပ်ဆောင် ပါတယ်။
 
ဒီအိမ်သာအခက်အခဲကြောင့်ပဲ ၂၀၂၃ ခုနှစ်ထဲမှာ အမျိုးသမီးအလုပ်သမားတစ်ယောက် အိမ်သာထဲပြုတ်ကျပြီး ဆေးရုံတက်ခဲ့ရကာ ၈ ရက်အကြာမှာ သေဆုံးသွားခဲ့ရတဲ့အထိ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုး ရှိခဲ့ပါတယ်။
 
အိမ်သာရဲ့ အနံဆိုးတွေက နေတိုင်းရနေလို့ အလုပ်သမားများမှာ ကျန်းမာထိခိုက်လာကြပါတယ်။ ဒီစက်ရုံက အိမ်သာပြသာနာက အရမ်းဆိုးရွားလို့ အလုပ်သမားတွေ မိုးတွင်းရောက်မှာ ကြောက်နေရပါတယ်။
 
ဒါတင်မကသေးပါဘူး၊ လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ နာမည်ပဲရှိပါတယ်။ မီးဘေးအန္တရာယ်အတွက် အရေးပေါ်ထွက်ပေါက်တွေ မရှိတဲ့အပြင် ရှိတဲ့တံခါးတွေကိုလည်း အမြဲပိတ်ထား တတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဆီတိုင်ကီပေါက်ကွဲမှု ဖြစ်ဖူးတာကြောင့် အလုပ်သမားတွေဟာ နေ့တိုင်း အသက်ကို လက်ဖဝါးပေါ်တင်ပြီး အလုပ်လုပ်နေရတာပါ။
 
နေမကောင်းလို ဆေးခန်းပြချင်ရင်လည်း စက်ရုံထဲမှာ ဆေးပေးခန်းရော၊ သူနာပြုဆရာမရော မရှိပါဘူး။ ဆေးလည်း မရပါဘူး။
 
သောက်ရေဆိုရင်လည်း ရေသန့်ဘူးခွံထဲမှာ မသန့်ရှင်းတဲ့ရေတွေကို ထည့်ပြီး တိုက်နေတာမျိုးပါ။ အလုပ်ရှင်ဘက်က တောင်းဆိုတဲ့ အထည်စံချိန်တွေကလည်း လူသားချင်းမစာမနာနိုင်လောက်အောင်ပါပဲ။
 
အင်္ကျီဆို ၄၅ ထည်၊ ဘောင်းဘီဆို ၆၀ အထိ တောင်းပြီး မရရင် အောစူပါတွေက အော်ဟစ်ဆဲဆိုတာတွေ လုပ်ပါတယ်။
ပိုပြီး တုန်လှုပ်စရာကောင်းတာက စက်ရုံထဲမှာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကလေးအလုပ်သမားတွေကို လူကြီးတွေနဲ့တန်းတူ ခိုင်းစေနေတာပါ။ အောဒစ် (Audit) လာစစ်တဲ့အခါမျိုး ဆိုရင် ဒီကလေးတွေကို အပူခံ အခန်းထဲမှာ ဖွက်ထားပြီး ဖုံးကွယ်ထားတတ် ကြပါတယ်။
 
ဒီ့ထက်ပိုဆိုးတာက တရုတ်နိုင်ငံသား စက်ရုံမှူးကိုယ်တိုင်က အလုပ်သမားတွေကို ဆဲဆိုရုံတင်မကဘဲ အမျိုးသမီးငယ် လေးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်နှောင့်ယှက်တာတွေ ရှိနေတာပါပဲ။
 
ခွင့်ရက်တွေ အလုပ်သမားတွေမရ ကြပါဘူး ။ တကယ်နေမကောင်းလို ခွင့်တိုင်ရင်တောင် ခွင့်မပေးဘဲ ရက်ပျက် သွားရင်တော့ ဒေးကြေးနဲ့ ရက်မှန်ကြေး စုစုပေါင်း ငါးသောင်းကျော်လောက်အထိ ဖြတ်တောက်ခံရပါတယ်။
ဒီ Mengyue စက်ရုံဟာ အလုပ်သမားဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရုံတင်မကဘဲ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်နဲ့ ဂုဏ်သိက္ခာကိုပါ နင်းခြေနေတာ ဖြစ်လို့ အမြန်ဆုံးကာကွယ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026