NEWS

ရွှေပြည်သာမြို့ဝါးတစ်ရာစက်မှုဇုန်မှာ တရုတ်နိုင်ငံသားပိုင်စက်ရုံ ၂ ရုံပိတ်သိမ်း၊ အလုပ်သမားနှစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်

CoverLogo
1.5K Views

ရွှေပြည်သာမြို့ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ အလုပ်သမားထောင်ချီရှိတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံနှစ်ရုံဟာ ဒီနေ့ဖေဖော်ဝါရီ၂၈ရက်မှာ စတင်ပိတ်သိမ်းလိုက်လို့ အလုပ်သမားနှစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ် လို့သိရပါတယ်။

“ တရုတ်စက်ရုံနှစ်ရုံပေါင်း GTIGနဲ့ GY Sen ကိုပြောတာပါ။ ဒီနေ့ပဲနစ်နာကြေးတွေထုတ်ပေးလိုက်တယ်။ အော်ဒါထပ်ပြီးမရတဲ့စက်ရုံတွေပိတ်တာ။ ဒီရုံနှစ်ရုံကတော့နဂိုကတည်းပိတ်မယ်ပြောထားတာ။ ဥပဒေနဲ့အညီ အလုပ်ထုတ်နစ်နာကြေးပေးတယ်။ လျော်ကြေးနဲ့ပတ်သက်ပြီးတော့မကြားဘူး။ ပိတ်ခွင့်မကျသေးဘဲ ပိတ်တဲ့စက်ရုံတွေတော့ရှိတယ်။ ဒါတွေဆိုပိတ်ခွင့်မကျသေးဘူး။ ပိတ်ခွင့်မကျသေးတာမဟုတ် မတင်တာ။ အပြီးပိတ်သိမ်းသို့မဟုတ် ယာယီပိတ်သိမ်း တစ်လတန်နှစ်လတန်သည် နားမယ်။ မွန်းမံပြင်ဆင် မယ်ပြန်ဖွင့်မယ်။ ၀န်ကြီးဌာနကိုတင်တဲ့စာက ကိုယ်တွေလည်းဖတ်ရတာမဟုတ်ဘူး။သိလည်းမသိဘူး။ မှန်းဆပြီးပြောရတာ။ တစ်ကယ်ဆို၀န်ကြီးဌာနကိုစာတင်မယ် ပိတ်ခွင့်ရမှပိတ်မယ်။ ခုကပိတ်ချပစ်လိုက်တယ်။ တင်လည်းမတင်ဘူး” လို့ အဲ့ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။

၂၀၁၇ခုနှစ်က စတင်ဖွင့်လှစ်ပြီး အလုပ်သမား ၁၃၀၀ နီးပါးခန့်ဖြင့် လည်ပတ်နေပြီး ကော်ထိုက်စက်ရုံ ၅ ရုံတွဲမှာ ကော်ထိုက်၄ လို့လူသိများပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှူများ မကြာခနဖြစ်ပွားတဲ့GTIG အထည်ချုပ်စက်ရုံနဲ့ GY San အထည်ချုပ်စက်ရုံတို့ဟာ တရုတ်နိုင်ငံသားပိုင်တဲ့ စက်ရုံတွေဖြစ်ပြီး Primark Brand ကိုချုပ်လုပ်နေကြခြင်းဖြစ်ကာ ယခုလ ဖေဖော်ဝါရီ၂၈နေ့မှာအ ပြီးပိတ်သိမ်းမယ်လို့ စက်ရုံတွင်းကြေညာမှုတွေကိုသာပြုလုပ်ခဲ့ပြီး ခွင့်ပြုချက်တင်တာမျိုးမရှိခဲ့တဲ့အပြင် ပိတ်သိမ်းမှုအပေါ် လက်မခံတဲ့ အလုပ်သမားတွေအပေါ်ဖိအားပေးတာတွေနဲ့ သမဂ္ဂတွေကလက်မှတ်မထိုးလို့ ထိုးအောင်ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“ စက်ရုံပိုင်ရှင်ဘက်က အော်ဒါမရတော့လို့ ဘယ်လိုမှဆက်ဖွင့်မရတော့လို့ဆိုပြီး ခုလိုညှိနှိုင်းပြီးပိတ်လိုက်ရတာ။ ကျွန်တော်တို့ဘက်က မိုက်နဲ့ပဲရှင်းပြလိုက်ရတယ်။ အဲ့လိုတစ်ယောက်ချင်းစီသေချာမရှင်းပြလိုက်ရဘူး။ စက်ရုံဘက်ကလည်း အဲ့လိုတစ်ယောက်ချင်းစီလိုက်ရှင်းပြဖို့ထိအချိန်မပေးတော့ အဲလိုတစ်ချို့တစ်ယောက်ကန့်ကွက်တာကိုလည်းလိုက်ရှင်းမပြလိုက်ရဘူး။ ဒီအပေါ်မှာလည်း အကုန်လုံးလက်ခံထားကြတယ်ခဗျ။ ဒီနေ့အကုန်လက်မှတ်ထိုးထားကြတယ်။ ၂၇ရက်၂၈ရက်မှာလစာထုတ်ဖို့။ အကုန်လုံးညှိနှိုင်ပြီးမှလက်ခံထားတာပါ။ ကျွန်တော်တို့တာဝန်ထမ်းဆောင်ခဲ့တဲ့တစ်လျှောက်လုံးခုလိုမဖြစ်ဖူးဘူးဗျ။ စက်ရုံထဲမှာ အငြင်းပွားမှုဖြစ်တိုင်းအလုပ်သမားဘက်ကပဲ ကာကွယ်ညှိနှိုင်ပေးးခဲ့ကြတာပါ။ ခုကလည်းကျွန်တော်တို့ကကျေနပ်မှုမရှိဘူး။ ဒါပေမဲ့လည်း သူတို့ကပိတ်ပါမယ်ဆိုမှ ကျွန်တော်တို့က မပိတ်ပါနဲ့လိုမှပြောလို့မရတာ။အားလုံးရဲ့အများဆန္ဒကိုလည်းကြည့်ရတာ။ ကျွန်တော်တို့တစ်ယောက်တည်းဆန္ဒအရမယူဘူးဆိုဘာမှမဖြစ်ဘူး။ ခုကအများဆန္ဒကိုကြည့်ရတယ်။ သူတို့ရဲ့နောက်မှာမိသားစုတွေရှိကြသေးတယ်။ အဲ့ဒါကြောင့်ခုလည်းဆုံးဖြတ်လိုက်ကြရတာပါ”လို့ GY Sen Myanmar မှ သမဂ္ဂ အဖွဲ့ဝင်အလုပ်သမားတစ်ဦးကဆိုပါတယ်။

GTIGနဲ့ Gysen စက်ရုံ နှစ်ရုံပိတ်သိမ်းခဲ့တာဖြစ်ပြီး Gysen စက်ရုံကတော့ စက်ရုံပြန်လည်ဖွင့်လှစ်ပါက လက်ရှိရပ်နားလိုက်ရတဲ့အလုပ်လုပ်ကိုင်သူတွေကို ပြန်လည်ခန့်ထားဖို့ စက်ရုံနဲ့ အလုပ်သမားတွေကြား သဘောတူ စာချုပ်ချုပ်ထားပေမဲ့ GTIG စက်ရုံကတော့ အမြဲတမ်းအလုပ်သမားတွေကို လျော်ကြေးပေး အလုပ်ထုတ်ထားပေမဲ့ နေ့စားအလုပ်သမားတွေကို ခေါ်ယူစေခိုင်းနေတယ်လို့ သိရပါတယ်။

#MyanmarLabourNews

#YS

Photo-STUM


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026