NEWS

ရွှေပြည်သာမြို့နယ်ရှိ KSENG (Myanmar) Apparel အထည်ချုပ် စက်ရုံ လုပ်ငန်းခွင်ချိုးဖောက်မှုတွေရှိနေ

CoverLogo
1.8K Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အမှတ်--၊ မြေတိုင်းအမှတ်(၅၁) KSENG (Myanmar) Apparel အထည်ချုပ် စက်ရုံဟာ အချိန်ပိုမတရားခေါ်ယူမှုတွေအပြင် လုပ်ငန်းခွင်ချိုးဖောက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

အဆိူပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး  အလုပ်သမား ၉၀၀ ၀န်းကျင်ခန့်ဖြင့်   (Mataland , Clique , springfield , FB sister , GEM) စတဲ့ ကုန်အမှတ်တံဆိပ်များ ချုပ်လုပ်နေတာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်ရှိ အလုပ်သမားများကို ပုံမှန်ချုပ်လုပ်နိုင်သည့် စံချိန်ထက်ပိုတောင်းနေပြီး အထည်စံချိန်မပြည့်ပါက စူပါခေါင်းဆောင်များက ဖိအားပေးပြောဆိုခြင်းများ ပြုလုပ်နေတာကြောင့် အလုပ်သမားများက အိမ်သာသွားခြင်း/ရေသောက်ခြင်းများမပြုလုပ်ရဘဲ  အထည် စံချိန်ရအောင်ချုပ် လုပ်ပေးနေရပြီး   အချိန်ပိုတွေကို  အလုပ်သမားများရဲ့  ဆန္ဒမပါဘဲ အချိန်ပိုခေါ်ယူတာဖြစ်သလို EC စာချုပ်မပေးခြင်း၊ ဖူလုံကတ်များလည်း ပြုလုပ် မပေးတာကြောင့် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပါက  ဖူလုံရေးဆေးခန်းပြရန် ခက်ခဲနေလို့  ဒါဟာလုပ်ငန်းခွင်ချိုးဖောက်ခံနေရတာတွေဖြစ်တယ်လို့ အလုပ်သမားတွေကဆိုပါတယ်။ 

စက်ရုံအနေနဲ့  အလုပ်သမားများကို EC ချုပ် ချုပ်ဆိုပေးထားပြီး  လစဉ် ဖူလုံရေးကြေး ပေးဆောင်ကြရပေမဲ့  စာချူပ်များကို အလုပ်သမားများ၏ လက်ဝယ်တွင် ပေးထားမရှိဘဲ လုပ်သတ် (၃) နှစ် အထိရှိတဲ့ အလုပ်သမားများပင် ဖူလုံရေးကတ်မရသေးဘူးလို့လဲ ပြောပါတယ်။ 

ဒါ့အပြင်အလုပ်သမားတွေကို   ဥပဒေပါခွင့်နှင့် ပတ်သက်တဲ့ ခံစားခွင့်မပေးဘဲ အသက်ကြီးတဲ့ သန့်ရှင်းရေး ဝန်ထမ်းများက ကျန်းမာရေးမကောင်းလို့ ခွင့်ယူတဲ့အခါမှာပင်  HR ဌာနက မောက်မာစွာ ပြောဆိုဆက်ဆံတာမျိုးတွေရှိနေလို့  အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြဿနာတွေကို ဖြေရှင်းပေးရန် လိုလားတယ်လို့ အလုပ်သမားကပြောပါတယ်။ လုပ်ငန်းခွင်အတွင်းမှာဖွဲ့စည်းထားတဲ့  WCC ကလည်း အလုပ်သမားတွေဘက်မကြည့်ဘဲ  လုပ်ငန်းရှင်အလိုကျသာ လုပ်ဆောင်တာကြောင့် လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးနိုင်တာမရှိဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီလ တစ်လလုံး အချိန်ပို ည (၈း၀၀) အထိဆင်းရပြီး တချို့ရက်များတွင် အချိန်ပို ည(၁၁) နာရီအောနိုက်ခေါ်ပြီး  ညအချိန်ပိုခေါ်ရာတွင် အလုပ်သမားများကို နားချိန်မပေးဘဲ ဆက်တိုက်ခေါ်ခြင်း၊ အစာပြေစာ စီစဉ်ပေးတာ မရှိခြင်း၊ ဖယ်ရီကို အဆင်ပြေအောင် စီစဉ်မပေးခြင်းများ ရှိနေပြီး အောနိုက်ခေါ်သည့် အလုပ်သမားများကို ည (၁၁း၃၀) အထိခေါ်ကာ နေအိမ်သို့ ပြန်ရန် အဆင်မပြေသောကြောင့် စက်ရုံတွင် ဖြစ်သလို အိပ်ကြရပြီး နံနက် (၅း၀၀) မှ နေအိမ်သို့ ပြန်ရကာ နံနက် (၇း၃၀) အလုပ်ချိန်အမီ အလုပ်ပြန်ဝင်ကြရတယ်လို့ အိပ်ရေးမဝဘဲ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံဟာ သာဓုကန်စက်မှုဇုန်တွင် တည်ရှိပြီး ဝါးတရာဘက်တွင် နေထိုင်သော အလုပ်သမားများကို ဖယ်ရီစီစဉ်မပေး သောကြောင့် အချိန်ပိုနောက်ကျတဲ့ အထိဆင်းနေရသဖြင့် အဆင်မပြေဖြစ်နေကြတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ 

အချိန်ပိုခေါ်သည့်အခါတွင် အလုပ်သမားများ ဗိုက်ဆာသည့်အခါ စားရန်အတွက် စက်ရုံဘက်မှ စီစဉ်မပေးသလို မိမိတို့ရဲ့မုန့်များလည်း ယူဆောင်ခွင့်မပြုလို့ များစွာအခက်အခဲဖြစ်နေကြရတယ်လို့ ပြောပါတယ်။

အထည်အရေးကြီးလျှင် အလုပ်သမားများကို အနားမပေးဘဲ တနင်္ဂနွပိတ်ရက်တွေကို ပါ ဆက်တိုက်ဆင်းခိုင်တာမျိုးရှိပြီး တနင်္ဂနွေပိတ်ရက်အချိန်ပိုနဲ့ သတ်မှတ်အချိန်ပိုခေါ်တဲ့ နာရီတွေအတွက် လစာ စာရွက်တွင် ဖော်ပြမထားဘဲ သပ်သပ်ဆီပေးချေနေတာ လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်အတွင်း ဖုန်းအသုံးပြုခွင့် မရှိသလို အလုပ်ဝင်ချိန်မှာ စာရေးမတွေက အလုပ်သမားတွေရဲ့ သဘောတူညီချက်မရှိဘဲ ဖုန်းတွေကို ပုံများဖြင့် လိုက်သိမ်းကာ HR ဌာနတွင် သွားရောက်အပ်နှံထားပြီး အလုပ်ပြန်ချိန်မှ ပြန်ထုတ်ယူရတာဖြစ်ပြီး ဖုန်းများပျောက်ဆုံးပါကလည်း တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ ပြောပါတယ်။

“ လုပ်ငန်းခွင်မှာ ဖုန်းမသုံးရတာကို လက်ခံပါတယ် ဒါပေမယ့် ဖုန်းတွေ သိမ်းထားတဲ့ အတွက် အရေးအကြောင်းရှိလို့ မိသားစုက ဖုန်းဆက်ရင်တောင် မသိရတဲ့ အတွက် တော်တော်လေး အဆင်မပြေဖြစ်တယ်ဗျာ... ဟိုရက်ကဆို စက်လိုင်းအတွင်းက အမျိုးသမီးတစ်ဦး သူက ယောကျာ်းက ပစ်ထားခဲ့လို့ ကလေးငယ်လေးကို သူ့အမေနဲ့ ထားပြီး နို့ဗူးတိုက်မွေးနေရတာ ကလေးက တော်တော်လေး နေမကောင်းဖြစ်နေလို့ သူ့အမေက အချိန်ပိုမဆင်းဘဲ ပြန်ခဲ့ဖို့ ဖုန်းဆက်တော့ ကီးပတ်ဖုန်းလေးကိုင်တာပါဗျာ အဲ့ဒါကို ဖုန်းကိုင်လို့ဆိုပြီး ဝမ်တိမ်ထိုးခိုင်းတယ်.... ကျွန်တော်တို့ မိသားစု သေရေး ရှင်ရေး ဖြစ်ရင်တောင် သိလိုက်မှာမဟုတ်ဘူး စက်ရုံက တော်တော်ကို ဆိုးပါတယ်... အခုကာလ အလုပ်အကိုင်ရှားပါလို့ ထိန်းပြီး လုပ်နေရတာ HR ဌာနကလဲ ကိုယ်ချင်းစာစိက်မရှိကြပါဘူး တကယ်ဆို အလုပ်ချိန်မှာ ဖုန်းသုံးတာမြင်ရင် အပြစ်ပေးပေါ့ အခုတော့ အဲလိုမဟုတ်ဘဲ ဖုန်းတွေသိမ်းထားတော့အဆင်မပြေဘူး လို့” စက်ရုံအတွင် မှ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

အဆိုပါစက်ရုံအနေဖြင့်  EC စာချူပ်များကို အလုပ်သမားများအား ပေးရန်၊ အလုပ်သမား များ၏ လုပ်ငန်းခွင်ပြဿနာများကို ဆွေးနွေးညှိနှိုင်းပေးနိုင်မယ့် WCC ဖွဲ့စည်းပေးရန်၊ အလုပ်သမားများကို ဖူလုံ ရေးကတ်များ ပြုလုပ်ပေးရန်၊ အချိန်ပိုခေါ်ပါက  အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းရန်နှင့် အလုပ်သမားများ၏ နားချိန်များကို အလေးထား စဉ်းစားပေးရန်၊ အရေးကြီးလို့ အချိန်ပိုခေါ်တဲ့အခါ အလုပ်သမားများ စားသောက်ရန် အတွက် စီစဉ်ပေးရန်နှင့် ည (၈း၀၀) ခေါ်ပါက အစာပြေ စီစဉ်ပေးရန် ၊ အလုပ်သမားများအတွက် ဖယ်ရီကို အဆင် ပြေအောင် စီစဉ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း အရေးအကြောင်းရှိသည့်အခါ ဖုန်းသုံးခွင့်ပြုရန်နှင့် ဥပဒေပါခွင့်များ ခံစားခွင့်ပေးရန် စသော လုပ်ငန်းခွင် ပြဿနာများကို အလုပ်ရှင်ဘက်မှ တာဝန်ရှိသူများနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူများက ဖြေရှင်းပေးရန်စတဲ့တောင်းဆိုချက်များကို အလုပ်သမားများကတောင်းဆိုထားတယ်လို့ သိရပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026