NEWS

ရွှေနဲ့ဒေါ်လာ ဈေးပြန်ကျ၊ စက်သုံးဆီ၊ စားသုံဆီနဲ့ကုန်ဈေးနှုန်းများအမြင့်ဈေးနဲ့ငြိမ်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
284 Views
 
ပြီးခဲ့တဲ့တစ်ပတ်ကြာက စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာကရွှေဈေးဟာ အခုတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြောင်းလာကာအကျဘက်ကိုဦးတည်လာပါတယ်။
 
ရွှေဈေးအကျမှာတော့ ပြင်ပရွှေပေါက်ဈအရင်အပတ်က ၈၉သိန်းကျော်ကနေ ဒီတစ်ပတ်မှာ ၈၅သိန်း ဝန်းကျင်ကို ရောက်လာတာကြောင့် ၄သိန်းကျော်ပေါက်ဈေးကွာဟကာဈေးပြန်ကျလာတာပါ။
 
ဒေါ်လာဈေးကလည်း အနည်းငယ်ကျလာပေမယ့် ကျလာတဲ့ဒေါ်လာဈေးဟာ ပြည်တွင်း ကုန်ဈေးနှုန်းကိုတော့အကျဘက်ကိုမရောက်စေပါဘူး။
 
စားသောက်ကုန်၊ စက်သုံးဆီနဲ့ လူသုံးကုန်တွေကတော့ အတက်ဈေးနဲ့ပဲဈေးထပ်တက်မသွားပဲတည်ငြိမ်နေပါတယ်။
ဒါကြောင့် အောက်တိုဘာ၁၈ရက်က စလို့ ယနေ့ အောက်တိုဘာ၂၄ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ယနေ့ အောက်တိုဘာ ၂၄ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၆၇၀ကျပ် ၊ ၉၅ တစ်လီတာ ၂၇၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၈၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၀၀ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ အောက်တိုဘာ ၂၃ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၇၀၅ကျပ်၊ ၉၅ တစ်လီတာ ၂၇၉၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၀၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၃၅ ကျပ်နှုန်း‌ ဈေးကျလာကာ နဲ့ ဒီဇယ်ဈေးက လည်း၁၀၀ကျပ်နှုန်းနဲ့ဈေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၈၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးထက်တော့ ငွေကျပ်၁သောင်းနှုန်းဈေးလျော့သတ်မှတ်လာတာတာပါ။
 
ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက်ဈေးလျော့လာသလို ပြင်ပပေါက်ဈေးမှာလည်း ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၈၅သိန်းပေါက်ဈေးမှာရှိပေမယ့် ဒီဈေးဟာ အရင်တစ်ပတ်ထက်တော့ဈေးလျော့လာတာပါ။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ဈေးအနည်းငယ်ပြန်ကျနေဆဲပါ။ ယခင်တစ်ပတ်ကြာက ငွေလဲနှုန်းအတိုင်း အမေရိကန်၁ဒေါ်လာကို ငွေကျပ် ၃၉၀၀ ပတ်ချာလည် ဝန်းကျင်မှာဈေးကွက်ဖြစ်နေတာပါ။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ အောက်တိုဘာ၂၄ရက်မှာ ရောင်းဈေး ၃၉၇၀ကျပ်၊ ဝယ်ဈေး ၃၉၈၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂ဝကျပ်ကျော်၊ ဝယ်ဈေး ၁၂၅ကျပ် ကျော် ၊ ယွမ်းငွေ ရောင်းဈေး၅၅၇ကျပ်၊ ဝယ်ဈေး ၅၆၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၆၀နဲ့ဝယ်ဈေး၂၇၅ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၆၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၀၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာလည်းဈေးပြန်တက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၈၅ကျပ်အဖြစ်‌ေအာက်တိုဘာ၂၀ရက်မှအောက်တိုဘာ ၂၃ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာက ဆီဈေးသတ်မှတ်ချက်အတိုင်းသာဖြစ်ပါတယ်။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
#ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ရာ
ရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ
၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
 
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
#အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
#ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
#ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တစ်ပိဿာကို ငွေကျပ် ၂၅၀၀၀ ကနေ ၃၅၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၃၀၀၀၀ ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဈေးကွက်ထဲက လူသုံးများတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အချိုမှုန့် နဲ့ ပြည်ပကတင်သွင်းလာတဲ့ ဟင်ခတ်ပစ္စည်း အချို့ကတော့ လက်ရှိမှာဈေးကွက်ထဲပြန်လည်ရောက်ရှိလာပေမယ့် ဈေးချိုသာမှုကတော့ရှိမနေပါဘူး။
 
#ဆေးဝါးတွေအနေနဲ့ ကတော့ ဈေးတက်နေဆဲဖြစ်ရာနာတာရှည်ရောဂါတွေအတွက် ရှားပါးဆေးဝါးတွေကတော့‌ေစျးအဆမတန်မြင့်နေရာ၊ အိမ်တွင်းဆေးဝါးနဲ့လူသုံးများတဲ့ဆေးဝါးတွေ လည်းဈေးမလျော့ကျပဲဈေးတက်နေဆဲဖြစ်ပါတယ်။
 
ယခုကောက်ယူထားတဲ့ ဈေးနှုန်းတွေဟာ ရန်ကုန်မြို့ရဲ့ ရက်ကွက်ဈေးအချို့က ကောက်ယူထားတဲ့ နှုန်းထားတွေဖြစ်ပြီး ဒေသတခုနဲ့တခု ကုန်ဈေးနှုန်းကွာဟမှုရှိနိုင်ပါတယ်။ တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026