NEWS

ရွှေနဲ့ဒေါ်လာဈေးတွေ အနည်းငယ်ကျဆင်းလာကာ စက်သုံးဆီဈေးပြန်တက်လာ

CoverLogo
311 Views
 
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
စက်တင်ဘာ ၂၆၊ ၂၀၂၅
သီတင်းကျွတ်ပွင့်လင်းရာသီကို ရောက်လုဆဲဖြစ်တဲ့ ယခု စက်တင်ဘာလနောက်ဆုံးတပတ်ရဲ့ ကုန်ဈေးနှုန်းအခြေအနေတွေကတော့ ရွှေနဲ့ ဒေါ်လာဈေးတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကြာက ထက် ဈေးကျဆင်းလာရာ ၊ စက်သုံးဆီ ဈေးမှာတော့ ဓာတ်ဆီရော၊ဒီဇယ်ပါဈေးတက်လာရာ၊ စားကုန်ဖြစ်တဲ့ ဆန်ဈေးတွေလည်းအနည်းငယ်ခုန်တက်လာပါတယ်။
ဒါကြောင့် စက်တင်ဘာ ၂၀ ရက်ကနေစက်တင်ဘာ ၂၆ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
စက်တင်ဘာရက်၂၆နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၉၂၀ကျပ် ၊ ၉၅ တစ်လီတာ ၂၉၈၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ၈၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၇၅ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ စက်တင်ဘာ ၂၅ ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၈၉၅ကျပ်၊ ၉၅ တစ်လီတာ ၂၉၇၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၇၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၇၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၂၅ ကျပ်နှုန်းနဲ့ ဒီဇယ်ဈေးက ၅ကျပ်နှုန်းဖြင့်မဆိုသလောက်ဈေးတက်လာပါတယ်။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၈၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးထက်တော့ ငွေကျပ် ၁၀၀၀၀ နှုန်းဈေးကျလာတာပါ။
ရွှေဈေးက စက်တင်ဘာလကုန် ခါနီး ယနေ့ ၂၆ရက်မှစကာ အသင်းရဲ့ ပြီးခဲ့တဲ့ ၁ရက်စက်တင်ဘာ၂၅ရက်က သတ်မှတ်ဈေး ၅၉,၉၀၀၀၀ထက် တစ်သောင်းလျော့ကျလာကာ ၅၉,၈၀၀၀၀ဈေးကိုလျော့ချသတ်မှတ်ရာ ပြည်တွင်းပြင်ပရွှေဈေးပါကျဆင်းလာတာပါ။
ပြင်ပ‌ရွှေဈေးက မူလ ၇၉သိန်း အထိရှိတဲ့ဈေးကနေ ယနေ့မှာတော့ ၇၇သိန်းကျော် မှာရှိလာနေကာ ဈေးကျလာပါတယ်။
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ မှာလည်း ဒေါ်လာဈေး ပြီးခဲ့တဲ့တစ်ပတ်တာကထက် စံချိန်တင်ဈေး ကျလာပါတယ်။ ဒေါ်လာဈေးကျရတဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ မြန်မာငွေမာလာလို့ နိုင်ငံခြားငွေဈေးကျတယ်ဆိုတာတွေထက် နယ်စပ်ကုန်သွယ်မှု မှာ ပိတ်ထားတဲ့ဂိတ်တွေရှိနေတာကြောင့် ပြည်တွင်းဒေါ်လာသုံးစွဲမှုထိန်းချုပ်ထားသလို ဖြစ်ကာ ကုန်အဝယ်အဝင် တွေ မရှိသလောက်ရပ်တန့်နေတဲ့အတွက် ဒေါ်လာဈေးကျတာဖြစ်လို့ ပြည်တွင်းစီးပွားရေးပျက်စီးနေတဲ့အတွက်လို့ ငွေကြေးဆိုင်ရာလေ့လာသုံးသပ်သူတွေကပြောထားပါတယ်။
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက စက်တင်ဘာ ၂၆ ရက်မှာ ရောင်းဈေး ၄၁၃၀၊ ဝယ်ဈေး ၄၁၅၀ ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၇ကျပ်ကျော်၊ ဝယ်ဈေး ၁၃၈ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၇၉ကျပ်၊ ဝယ်ဈေး ၅၈၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇၇နဲ့ဝယ်ဈေး၂၈၁ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၁၉၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၀၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာလည်းဈေးကျလာတာပါ။
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ ကျပ်အဖြစ်စက်တင်ဘာ၂၂ရက်မှ စက်တင်ဘာ၂၈ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာက ဆီဈေးအတိုင်းပဲဈေးသတ်မှတ်ထားတာဖြစ်ပါတယ်။
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၂ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ကာ ဆန်အမျိုးအစားအလိုက် အမြင့်ဆုံးအတန်းအစားကနေ အနိမ့်ဆုံးအတန်းအစားအလိုက် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ကနေ ၂၀၀၀၀ ကြားဈေးတက်လာနေပါတယ်။
ယခင်တစ်ပတ်ကြာက ရွှေဘိုပေါ်ဆန်း တစ်ပြည် ၈၀၀၀ ကျပ်ဟာ ယခုတစ်ပတ်မှာ တစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ဈေးခုန်တက်လာနေပါတယ်။ အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၅၀၀ကျပ်၊ ဘဲဥတစ်လုံး ၆၀၀ ကျပ်အထိ‌ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
ခရမ်းချဉ်သီးတစ်ပိဿာလျင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊
ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026