NEWS

ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
29 Views
 
 
ဇန်နဝါရီ ၂ ၊ ၂၀၂၆
တပတ်ကြာ Myanmar Labour News ရဲ့ကုန်ဈေး ကဏ္ဍမှာတော့ ဒီဇင်ဘာ၂၇ရက်ကနေ ယနေ့ ဇန်နဝါရီ၂ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြမှာပဲဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် နှစ်ဦးကာလ ဖြစ်တဲ့ ယခုကာလအပိုင်းအခြားမှာတော့ သိသာထင်ရှားတဲ့ကုန်ဈေးနှုန်းအခြေအနေ‌တွေအရ ရွှေဈေးနှုန်းမှာ ပြင်ပရွှေပေါက်ဈေးယခင်တစ်ပတ်ကြာက တစ်ကျပ်သားကို ၉၃သိန်းဈေးထက် ယနေ့ဈေးနှုန်းဟာ ၉၁သိန်းကျော်ဈေးနဲ့ ငွေကျပ်၂သိန်းနှုန်းဈေးကျလာတာပဲဖြစ်ပါတယ်။
အခြားစားသောက်ကုန် ၊လူသုံးကုန်တွေရဲ့ အခြေခံကုန်ဈေးနှုန်းအနေအထားမှာတော့ စားသောက်ကုန်တွေထဲ ကုန်ခြောက်နဲ့ သားငါးများ၊ဆီသွပ်ဘူး၊ ပါကင်ပိတ်ဟင်းခတ်ပစ္စည်းတွေက ဈေးတက်နေဆဲဖြစ်ရာ၊ရာသီပေါ်သီးနှံတွေဖြစ်တဲ့ သစ်သီးဝလံဟင်းသီးဟင်းရွက်အမျိုးအစားထဲ ပြောင်းဖူး၊ဂေါ်ဖီ၊မုန့်ညှင်း၊မုန်လာ စတဲ့ဆောင်းသီးနှံအချို့ကတော့အရင်ကထက်ကို သိသိသာသာဈေးအနည်းငယ်ကျလာနေပါတယ်။
ဒါကြောင့် တစ်ပတ်ကြာကုန်ဈေးနှုန်းအခြေအနေအချို့ကို အောက်ပါအတိုင်းဖော်ပြအပ်ပါတယ်။
စက်သုံးဆီဈေးနှုန်း
ယနေ့ ဇန်နဝါရီ၂ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၃၈၀ကျပ် ၊ ၉၅ တစ်လီတာ ၂၄၄၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၃၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၈၀ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ ဇန်နဝါရီ၁ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၄၃၅ကျပ်၊ ၉၅ တစ်လီတာ ၂၄၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၄၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၅၈၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၅၅ကျပ်နှုန်း‌ နဲ့ဒီဇယ်ဈေးက တော့၅ကျပ်နှုန်းဈေးတွေပြန်ကျလာပါတယ်။
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၆၀,၀၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာက ဈေးအတိုင်းပဲဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအ‌ေနနဲ့က‌ေတာ့ ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၉၁သိန်းပေါက်ဈေးမှာရှိလာလို့ ဒီဈေးဟာ အရင်တစ်ပတ်ဈေးထက် တော့ ငွေကျပ်၂သိန်းကျော်ပြန်လျော့ကျလာတယ်လို့လည်းသိရပါတယ်။
ငွေဈေးနှုန်း
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခင်တစ်ပတ်ကြာဈေးနဲ့နှိုင်းယှဉ်ပါက ဒေါ်လာဈေး တန့်နေကာ စင်ကာပူဒေါ်လာဈေးနဲ့ ယန်းဈေး၊ယွမ်ဈေးတွေကလည်းပုံမှန်အတိုင်း‌စျေးတန့်နေဆဲဖြစ်နေပါတယ်။
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ ဇန်နဝါရီ၂ရက်မှာ ရောင်းဈေး ၃၉၈၀ကျပ်၊ ဝယ်ဈေး ၃၉၃၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၇ကျပ်ကျော်၊ ဝယ်ဈေး ၁၂၄ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၆၈ကျပ်၊ ဝယ်ဈေး ၅၅၄ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၉၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၀၅၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာဈေးထက်‌ တော့အနည်းငယ်တက်လာတာပဲဖြစ်ပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ ဒီတစ်ပတ်မှာ တစ်ပိဿာကို ၆၀၆၀ကျပ်နှုန်းသတ်မှတ်ထားပါတယ်။
ဒါဟာ ယခင်တစ်ပတ်က တစ်ပိဿာ၆၀၅၀ကျပ်ဈေးထက်တော့ ဒီတစ်ပတ်မှာ ၁၀ကျပ်နှုန်းဈေးတက်လာတာပဲဖြစ်ပါတယ်။
ဒစားအုန်းဆီ ပြင်ပဈေးကွက် မှာ ယခုတစ်ပတ်ထုတ်ပြန်ခဲ့တဲ့ ဆီတစ်ပိဿာ ၆၀၆၀ကျပ်ဈေးကိုအခြေခံကာ တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဟာ ဒီကာလအတွင်းမှာ ကုန်ချိန်အသစ်ပေါ်တဲ့အချိန်ဖြစ်လာလို့ ဈေးကျလာပေမယ့် ယခင်တစ်ပတ်ကြာဈေးအရ ကြက်သွန်နီ အလုံးသေးတစ်ပိဿာ ငွေကျပ်၁၀၀၀ ဈေးကနေ ၄၀‌၀ကျပ်ဈေးပိုလာကာ တစ်ပိဿကို ကြက်သွန်အလုံးသေး၁၄၀၀ကျပ်ဈေးဖြစ်လာသလို အခြားကြက်သွန်နီအရွယ်အစားတွေအနေနဲ့လည်း တစ်ပိဿာ၁၅၀၀ကျပ် မှ ၂၅၀၀ကျပ်အထိဈေးအများဆုံးဈေးကွက်ဖြစ်နေကြောင်းသိရပါတယ်။
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ
၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၂၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၆၀၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပြီး ဆောင်းသီးနှံထဲဈေးပေါလာတာကတော့ယခင် ပြောင်းဖူး၁ဖူးကိုငွေကျပ်၁၀၀၀မှ၁၅၀၀ဈေးကနေ ယခု ၁ဖူးကို ငွေကျပ်၅၀၀ကနေ၁၀၀၀ ဈေးဖြစ်လာလို့ ငွေ၅၀၀ကျပ်လောက်အရင်ထက်ဈေးအနည်းငယ်လျော့လာသလို ဂေါ်ဖီပန်း၊မုန့်ညှင်း၊မုန်လာဈေးများလည်းအရင်ထက် ဈေးနည်းနည်းစီကျဆင်းလာပါတယ်။
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲလာနေရကာ သွေးကျဆေး၊ ဆီးချိုဆေး နဲ့ အာရုံကြောဆေးအချို့ မူလတံဆိပ်အတိုင်းမရတော့ပဲ ဖြစ်နေတယ်လို့ သုံးစွဲသူအချို့ထံကသိရပြီးဆေးဈေးတွေကတော့ ဈေးသက်သာမှုရှိမနေဘူးလို့သိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။
 

Related posts

Cover
အချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
Dec 29, 2025
Cover
ရွှေဈေး စံချိန်တင်မြင့်တက် အခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Dec 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၁၅-ဒီဇင်ဘာ၂၁)
Dec 22, 2025
Cover
ရွှေဈေး၊ စက်သုံးဆီဈေး ပြန်တက်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ ၁၉၊ ၂၀၂၅
Dec 20, 2025
Cover
တစ်ပတ်တာ အလုပ်သမားရေးရာသတင်းအကြောင်းအရာများ အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ ၈-ဒီဇင်ဘာ ၁၄)
Dec 14, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၇-နိုဝင်ဘာ၂၃)
Nov 30, 2025
Cover
ကုန်ဈေးနှုန်းမြင့်ကာ ထိုက်သင့်တဲ့ ၀င်​ငွေမရလို့ ပြည်သူတွေပိုကြပ်တည်းလာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 22, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၀-နိုဝင်ဘာ၁၆)
Nov 21, 2025