NEWS

ရွှေဈေးဆက်တက်ကာ ကုန်ပစ္စည်းများလည်းရှားပါးနေဆဲ

CoverLogo
377 Views
 
ရက်သတ္တပတ်အတွင်းကုန်ဈေးနှုန်း
 
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း မှာမြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ တစ်ရှိန်ထိုးဖြစ်ပေါ်နေရာ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP ကပင် ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရဲ့ကုန်ဈေးနှုန်းဟာ ၂၀၂၁ ခုနှစ်ကထက် ၄ ဆတက်လာတယ်လို့ ထုတ်ပြန်ပြောထားတာပါ။
 
ကုန်ဈေးနှုန်း ၄ ဆ တက်မှုနဲ့အတူ လုပ်ခလစာ မြင့်တက်လာတာမဟုတ်ဘဲ ၂၀၁၈ ခုနှစ် က လုပ်ခလစာနဲ့သာ ဆက်ရှိနေတာကြောင့် အခြေခံလူတန်းစား နဲ့ အလုပ်သမားတွေ အခက်အခဲပိုဖြစ်လာပါတယ်။
 
ဒါကြောင့် စက်တင်ဘာ ၆ ရက်ကနေစက်တင်ဘာ ၁၂ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
တစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေကတော့ စက်တင်ဘာလ ၆ ရက်ကနေ စက်တင်ဘာလ ၁၂ ရက်အတွင်းမှာ ဆီးဈေးအတက်အကျ ဈေးမငြိမ်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။
 
ယနေ့ စက်တင်ဘာ ၁၂ရက် စက်သုံးဆီ ရန်ကုန်အထိုင် လက်က္ကားဈေးမှာအောက်တိန်း၉၂တစ်လီတာလျင် ၂၉၂၅ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၉၉၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၇၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျင် ၃၀၇၅ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၁ရက်ကနေ ၆ရက်အတွင်းမှာတော့ အောက်တိန်း ၉၂ တလီတာလျင် ၂၉၄၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျင် ၃၀၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျင် ၃၀၇၀ ကျပ်ဖြစ်လို့ စက်သုံးဆီဈေး ၁ ရက်အတွင်းကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးကတော့ တစ်လီတာ ငွေကျပ် ၃၀၀၀ နဲ့ငွေကျပ် ၄၅၀၀ ကြားမှာဈေးကွက်ဖြစ်ပေါ်နေပါတယ်။
 
တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ပြင်ပရွှေဈေး ၇၉ သိန်းအကျော်မှာရှိနေရာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက်ရွှေပေါက်ဈေးသတ်မှတ်ချက်ဟာလည်းယနေ့မှာ ၅၉ သိန်း ၇ သောင်း အထိတစ်စ တစ်စ ဈေးတက်လာ‌ပါတယ်။
 
ရွှေဈေးသတ်မှတ်ချက် ဟာပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ၅၉ သိန်း ၅သောင်းအထိရှိခဲ့တာကြောင်း တစ်ပတ်အတွင်း ဈေးသတ်မှတ်ချက် ငွေကျပ်၂သောင်းတက်လာတာပါ။
 
ရွှေအသင်း သတ်မှတ်ချက်တက်လာတဲ့အတွက် ပြင်ပရွှေအခေါက်ဈေးကလည်း သိန်း ၈၀ နီးပါး ဈေးတက်လာတာပါ။
 
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ကန်တစ်ဒေါ်လာကို ငွေကျပ် ၄၂၀၀ အကျော်ဈေးနဲ့ဈေးငြိမ်နေရာ ယနေ့စက်တင်ဘာ ၁၂ ရက်နေ့မှာ ကန်တစ်ဒေါ်လာရောင်းဈေး ၄၂၄၀၊ ဝယ်ဈေး ၄၂၉၀ ကျပ်ဖြစ်ရာ ထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၃ကျပ်ကျော်၊ ဝယ်ဈေး ၁၃၅ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၈၉ကျပ်၊ ဝယ်ဈေး ၆၀၃ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၉၂နဲ့ဝယ်ဈေး၂၉၄ ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
 
စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်တာ စက်တင်ဘာ ၈ ရက်မှ စက်တင်ဘာ ၁၄ ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၆၅၂၀ ကျပ်သတ်မှတ်ထားတာဖြစ်လို့ ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းထက် အနည်းငယ်ဈေးမြင့်သတ်မှတ်ခဲ့တာဖြစ်ပြီး ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျင်ကျပ်တစ်သောင်းကနေ ၁၂၀၀၀ အထိရှိကာ ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျင် ကျပ် ၉၀၀၀ အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
 
အခြားစားဆီတွေဖြစ်တဲ့ ပဲဆီ၊ နေကြာဆီ နဲ့ ဆီမျိုးစုံကအမျိုးအစားအလိုက်ငွေကျပ် ၂၀၀၀၀ကျော်ဈေးတန်းဖြစ်ပေါ်နေပါတယ်။
 
အခြေခံကုန်စည်နဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ဆန်တစ်ပြည် ကျပ် ၆၀၀၀ နဲ့ ၈၀၀၀ အထက်မှာရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၅၀၀ကျပ်၊ ဘဲဥတစ်လုံး ၆၀၀ ကျပ်အထိ‌ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာ တွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
 
အမဲသားနဲ့ ၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျင် ၅၀၀၀ ၀န်းကျင် အထိရှိလာပြီး ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်ကနေ ယခု ၁၀၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစ ဈေးနှုန်းတွေနှစ်စမြင့်တက်လာတာဖြစ်ပါတယ်။
 
လူသုံးကုန်နဲ့ ဆေးပစ္စည်း ဈေးနှုန်းတွေကတော့ ဈေးကွက်ထဲမှာ ပစ္စည်း ပြတ်လပ်တာ မူလကဈေးတွေထက် ဈေးနှုန်းဆတိုးပေးဝယ်ယူနေရတာနဲ့ အာနိသင်တူဆေးဝါးတွေအစားထိုးသုံးစွဲရတာတွေရှိနေတယ်လို့သိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026