NEWS

ရဲခေါ်ဖမ်းခိုင်းသည့် အလုပ်ရှင် မြန်မာလုပ်သား များအား ဘတ် လေးသိန်းကျော် ပြန်ပေး

CoverLogo
40 Views
 
ထိုင်းနိုင်ငံ ၊စမူပရာကန် မြို့နယ်ရှိ ဆေးဘဲဥ ထုတ်လုပ်တဲ့ အလုပ်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား၂၁ဦးရဲ့ လုပ်အားခ ဘတ် လေးသိန်းကျော် ကို ပိုင်ရှင် ဖြစ်သူက ပြန်ပေးခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီဖြေရှင်းပေးတဲ့ MHAC မဟာမိတ်အဖွဲ့ ဆီက သိရပါတယ်။
 
အဲ့ဒီ အလုပ်ရှင်က မြန်မာလုပ်သားတွေရဲ့ လုပ်အားခ ၅လစာ ကို မပေးတဲ့ အပြင် လုပ်အားခ ရှင်းပေးဖို့ ပြောဆိုတဲ့ မြန်မာလုပ်သား ၁၈ဦး ကို မေလ ၁၈ရက်က ထိုင်းရဲ ခေါ် ဖမ်းဆီး ခိုင်းခဲ့ပါတယ်။ မြန်မာလုပ်သား‌ တွေရဲ့ ရှင်းပြမှုကြောင့် ထိုင်းရဲ တွေ အကြောင်းစုံသိရှိ ပြီး မြန်မာလုပ်သားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာလုပ်သားတွေရဲ့ လုပ်အားခ များ ပြန်လည်ရရှိဖို့ MHAC မဟာမိတ်အဖွဲ့နှင့် NUG အစိုးရအလုပ်သမားဝန်ကြီးဌာန တို့က ထိုင်းဥပဒေအတိုင်းဆောင်ရွက်ပေးဖို့ လုပ်ငန်းရှင်ကို မေလ ၁၉ ရက်မှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို တိုင်ကြားခဲ့ပြီးနောက် မေလ ၂၃ ရက်မှာ မြန်မာအလုပ်သမား ၂၁ ယောက်ရဲ့ လစာ ထိုင်းဘတ်ငွေ (၄၀၉၀၇၂) နဲ့အထောက်အထား စာရွက်စာတန်း‌တွေကို လုပ်ငန်းရှင်က ပြန်‌ပေးခဲ့တာ ဖြစ်ပါတယ်။

Related posts

Cover
YUN NANXIN JLAHAO အထည်ချုပ် အချိန်ပိုကြေးများ ဖြတ်တောက်နေ
May 27, 2025
Cover
အိုမန်မှပေးစာ - ၄
May 27, 2025
Cover
အိုမန်မှပေးစာ - ၃
May 27, 2025
Cover
မလေးရှားတွင် မြန်မာလုပ်သား၂၀၀ကျော် အဖမ်းခံရ
May 27, 2025
Cover
လာအို PF ဖိနပ်စက်ရုံ နှစ်ပြည့်ပိတ်ရက် မပေးဘဲ ခိုင်းစေ၊ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်း
May 23, 2025
Cover
အလုပ်သွင်းပေးမယ်ဆိုကာ ဘတ်တစ်သိန်းကျော်လိမ်လည်
May 22, 2025
Cover
အမျိုးသမီးလုပ်သားတွေ ဓမ္မတာလာတဲ့ရက်ကို လုပ်ခလစာမဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အတည်ပြုပေး
May 21, 2025
Cover
လာအို Everlao စက်ရုံက အချိန်ပို အလွန်အကျွံ ဆင်းခိုင်းတာကြောင့် မြန်မာလုပ်သားများ အသိစိတ်လွတ်သည့်အထိ ထိခိုက်နေ
May 21, 2025