ရုရှား နိုင်ငံ မှာ အလုပ် လုပ်ကိုင်ဖို့ အတွက် မြန်မာအလုပ်သမား ၂၄ဦး ကို Pilot Project အနေနဲ့ စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာနက မတ်လ ၅ ရက် နေ့က စေလွှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးအနက် ကနဦးအစီအစဉ်အနေနဲ့ လုပ်သား ၂၄ ဦးအား Pilot Project ဖြင့် စေလွှတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းအလုပ်သမားတို့ကို ဖေဖော်ဝါရီ ၂၈ ရက် မှာ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ မတ် ၃ ရက် နေ့မှာ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခဲ့ပြီး မတ်လ ၅ရက်နေ့မှာ ရုရှားနိုင်ငံကိုစေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။ယခုသွားရောက်တဲ့ မြန်မာအလုပ်သမား၂၄ဦး ဟာ မည်သည့်လုပ်ငန်း မှာ လုပ်ကိုင်မယ်ဆိုတာကိုတော့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာမရှိပါဘူး။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပေမယ့် လက်ရှိမှာ MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
NEWS
ရုရှား သို့ မြန်မာလုပ်သား ၂၄ ဦး စစ်ကောင်စီ စတင်စေလွှတ်

574 Views
Related posts

ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026

ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026

ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026

ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026

ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026

မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026

ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026

မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
