NEWS

ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်

CoverLogo
434 Views
 
ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကို မြန်မာလုပ်သား စေလွှတ် တာ မှာ တတိယအကြိမ်အဖြစ် လုပ်သား၂၇ဦးစေလွှတ်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
 
ဧပြီ ၈ရက်နေ့က စေလွှတ်ခဲ့တာ ဖြစ်ပြီး ၎င်း အလုပ်သမား တွေကို အလုပ်ရှင် ၊ အလုပ်သမား ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုတာ ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းသင်ကြားပို့ချတာနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် ( OWIC ) ကတ်ပြုလုပ်ပေးတာတွေကို လုပ်ထုံး၊ လုပ်နည်းနဲ့အညီဆောင်ရွက်ပြီးစေလွှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ၅ရက်နေ့ က မြန်မာအလုပ်သမား ၂၄ဦး ကို Pilot Project အနေနဲ့ စစ်ကောင်က ပထမဆုံးအကြိမ် စေလွှတ်ခဲ့တာ ဖြစ်ပြီး
မတ်လ ၂၂ရက်မှာတော့ အလုပ်သမားတွေ အတွက် စကားပြန် တစ်ဦး ကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
 
ရုရှားနိုင်ငံ ကို လုပ်သားစေလွှတ်တာမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd သို့ စေလွှတ်တာဖြစ်တယ်လို့သိရပါတယ်။
Pilot Project အနေဖြင့် ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦး ကို စေလွှတ်ဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ထားရာ လက်ရှိမှာ မြန်မာလုပိသား ၅၂ဦး အထိ စေလွှတ်ထားပါတယ်။
 
ရုရှားနိုင်ငံ ကို မြန်မာလုပ်သားစေလွှတ်မှာ စစ်ကောင်စီက ပြည်ပထွက်ခွင့်အသက်ကန့်သက်ထားတဲ့ အသက် ၁၈မှ ၃၅နှစ် အတွင်း အမျိုးသားတွေ ပါဝင်နေတာ ကိုတွေ့ရတယ်။
 
"စစ်ကောင်စီက အခြားပြည်ပနိုင်ငံတွေကျတော့ အသက်၁၈ကနေ၃၅နှစ် အထိ ပြည်ပထွက်ခွင့်မပေးဘူး ခွင့်ပြန်လာတာတောင် ပြန်ထွက်မရဘူး အခုရုရှား ကျတော့ အသက်ကန့်သတ်ထားတဲ့ အရွယ်တွေ သွားခွင့်ပြုထားတယ် အခြားနိုင်ငံတွေ မသွားနဲ့ရုရှားကိုပဲသွားဆိုတဲ့သဘော သွားအောင် လုပ်ထားတဲ့သဘော ဖြစ်နေတယ်""လို့ ပြည်ပသို့ ထွက်ခွာ ရန် ပြင်ဆင်နေတဲ့ လုပ်သားတစ်ဦးကပြောပါတယ်။
 
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပေမယ့် လက်ရှိမှာတော့ MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးဘူးလို့ သိရပါတယ်။
 
သို့ပေမယ့် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး ရေရှည်ခိုင်မြဲ စေဖို့ ဆက်လက်ပြီးလည်းမြန်မာလုပ်သားတွေ စေလွှတ် နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန မှသိရှိရပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026